သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံ ၁၀ ႏုိင္ငံေပၚ ခ်ထားတဲ့ ျပည္ဝင္ခြင့္ကန္႔သတ္ခ်က္ ဖိလစ္ပိုင္ ျပန္႐ုပ္သိမ္း


ဖိလစ္ပုိင္ႏုိင္ငံ မနီလာၿမိဳ႕မွာ အစားအေသာက္ပုိ႔သူတဦးကို ကုိဗစ္ကာကြယ္ေဆး ထုိးႏွံေပးေနတဲ့ ျမင္ကြင္း။ (ဇြန္ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ကေန ကာကြယ္ဖို႔ ႏုိင္ငံ ၁၀ ႏုိင္္ငံက ခရီးသြြားေတြေပၚ ျပည္ဝင္ခြင့္ ကန္႔သတ္ထားတာကို ဖိလစ္ပိုင္သမၼတ Rodrigo Duterte က ျပန္႐ုပ္သိမ္းလိုက္ၿပီလို႔ သမၼတ႐ံုး ေျပာခြင့္ရက ဒီကေန႔ေျပာပါတယ္။

အဲဒီႏုိ္င္ငံေတြကေတာ့ အိႏိၵယ၊ ပါကစၥတန္၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာ၊ နီေပါလ္၊ အာရပ္ဘ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ အိုမန္၊ ထိုင္း၊ မေလးရွားနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြ ျဖစ္ပါတယ္။

အဲဒီႏုိင္ငံက ခရီးသြားေတြအေနနဲ႔ ဖိလစ္ပိုင္ကိုေရာက္လာၿပီး ၁၄ ရက္ၾကာ သီးျခားခြဲေနရမယ္လုိ႔ ဖိလစ္ပိုင္သမၼတ႐ံုး ေျပာခြင့္ရ Harry Roque က ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံမွာ စက္တင္ဘာလ ၃ ရက္ေန႔က စုစုေပါင္း ကိုဗစ္ကာကြယ္ေဆး အလံုးေရ ၇ သန္းခြဲေလာက္ ထိုးေပးခဲ့တာေၾကာင့္ စုစုေပါင္း ကာကြယ္ေဆးအေရအတြက္ ၂ ဘီလီယံေက်ာ္ ထိုးၿပီးသြားၿပီလို႔ တ႐ုတ္က်န္းမာေရးေကာ္မရွင္က စေနေန႔မွာ ေျပာပါတယ္။

မေလးရွားႏုိင္ငံမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္မႈ ျပန္လည္ကုစားေရးဆိုင္ရာ ေကာင္စီတခုရဲ႕ ဥကၠ႒အျဖစ္ ဝန္ႀကီးခ်ဳပ္ေဟာင္း Muhyiddin Yassin ကို ခန္႔အပ္လိုက္တယ္လို႔ အစိုးရအဖြဲ႔ အတြင္းဝန္ခ်ဳပ္က ဒီကေန႔ေျပာပါတယ္။

"စီးပြားေရးဆိုင္ရာ အေကာင္းဆံုးရလဒ္ထြက္ဖို႔နဲ႔ ကပ္ေရာဂါဒဏ္သင့္ လူထုရဲ႕ဘဝေတြကို ျပန္လည္ထူေထာင္ေရး" မဟာဗ်ဴဟာတရပ္ကို ဦးေဆာင္သြားဖုိ႔ရာ Muhyiddin အေပၚမွာ ယံုၾကည္မႈရွိတဲ့အတြက္ ဝန္ႀကီးအဆင့္ ဒီရာထူးမွာခန္႔အပ္ဖို႔ ဗုဒၶဟူးေန႔မွာ အစိုးရအဖြဲ႔က သေဘာတူခဲ့တာလို႔ မေလးရွားအစိုးရအဖြဲ႔ အတြင္းဝန္ခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

နိုင်ငံ ၁၀ နိုင်ငံပေါ် ချထားတဲ့ ပြည်ဝင်ခွင့်ကန့်သတ်ချက် ဖိလစ်ပိုင် ပြန်ရုပ်သိမ်း

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်ဖို့ နိုင်ငံ ၁၀ နိုင်ငံက ခရီးသွားတွေပေါ် ပြည်ဝင်ခွင့် ကန့်သတ်ထားတာကို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ပြန်ရုပ်သိမ်းလိုက်ပြီလို့ သမ္မတရုံး ပြောခွင့်ရက ဒီကနေ့ပြောပါတယ်။

အဲဒီနိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါလ်၊ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု၊ အိုမန်၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေ ဖြစ်ပါတယ်။

အဲဒီနိုင်ငံက ခရီးသွားတွေအနေနဲ့ ဖိလစ်ပိုင်ကိုရောက်လာပြီး ၁၄ ရက်ကြာ သီးခြားခွဲနေရမယ်လို့ ဖိလစ်ပိုင်သမ္မတရုံး ပြောခွင့်ရ Harry Roque က ပြောပါတယ်။

တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၃ ရက်နေ့က စုစုပေါင်း ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၇ သန်းခွဲလောက် ထိုးပေးခဲ့တာကြောင့် စုစုပေါင်း ကာကွယ်ဆေးအရေအတွက် ၂ ဘီလီယံကျော် ထိုးပြီးသွားပြီလို့ တရုတ်ကျန်းမာရေးကော်မရှင်က စနေနေ့မှာ ပြောပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု ပြန်လည်ကုစားရေးဆိုင်ရာ ကောင်စီတခုရဲ့ ဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ်ဟောင်း Muhyiddin Yassin ကို ခန့်အပ်လိုက်တယ်လို့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ်က ဒီကနေ့ပြောပါတယ်။

"စီးပွားရေးဆိုင်ရာ အကောင်းဆုံးရလဒ်ထွက်ဖို့နဲ့ ကပ်ရောဂါဒဏ်သင့် လူထုရဲ့ဘဝတွေကို ပြန်လည်ထူထောင်ရေး" မဟာဗျူဟာတရပ်ကို ဦးဆောင်သွားဖို့ရာ Muhyiddin အပေါ်မှာ ယုံကြည်မှုရှိတဲ့အတွက် ဝန်ကြီးအဆင့် ဒီရာထူးမှာခန့်အပ်ဖို့ ဗုဒ္ဓဟူးနေ့မှာ အစိုးရအဖွဲ့က သဘောတူခဲ့တာလို့ မလေးရှားအစိုးရအဖွဲ့ အတွင်းဝန်ချုပ်ရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG