သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မီးတောင်အန္တရာယ် ဒေသခံ ၈ သောင်းကျော် ဘေးလွတ်ရာရွှေ့


ဖိလစ်ပိုင်နိုင်ငံက မီးတောင်ရှင်တခုဖြစ်တဲ့ Mayon မီးတောင် အချိန်မရွေး ပေါက်ကွဲနိုင်တဲ့အတွက် ဝန်းကျင်မှာ နေထိုင်သူ ဒေသခံ ရှစ်သောင်း တထောင်ကျော်ကို အာဏာပိုင်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ Mayon မီးတောင်အတွက် သတိပေးချက် အဆင့် ၄ ဖြစ်တဲ့ ပေါက်ကွဲဖို့ရှိတဲ့ အနေထားအဖြစ် အာဏာပိုင်တွေက ကြေညာထားတာပါ။

မီးတောင်ဝန်းကျင်မှာ သဘာဝဝန်းကျင်အန္တရာယ်အတွက် စိုးရိမ်နေကြချိန်မှာပဲ ဇန်နဝါရီလ ၂၂ ရက်နေကစပြီး လေယာဉ် ခရီးစဉ်ပေါင်း ၁၀၀ လောက်ကို ဖျက်သိမ်းခဲ့ရသလို ဒေသတွင်းက မြို့နဲ့ ကျေးရွာပေါင်း ၁၁၇ ခုမှာ ရှိတဲ့ ကျောင်းတွေကိုတော့ ပိတ်ထားလိုက်ကြောင်း ဖိလစ်ပိုင် အမျိုးသား သဘာဝ ဘေးအန္တရယ် လျှော့ချရေးနဲ့ စီမံခန့်ခွဲရေး ကောင်စီက သောကြာနေ့မှာ ကြေညာပါတယ်။

ဖိလစ်ပိုင်နိုင်ငံက လှုပ်ရှားမှုအများဆုံးမီးတောင်ရှင် ဖြစ်တဲ့ Mayon မီးတောင်ကနေ ချော်ရည်ပူတွေ မကြာခဏ ပန်းထွက်နေပြီးနဲ့ ပြာမှုန်တွေ လွှင့်စင်နေတာဟာ မီးတောင်ဝကနေ အမြင့် ၃ ကီလိုမီတာလောက်အထိ ရောက်နေတယ်လို့ ဖိလစ်ပိုင် မီတောင်နဲ့ ငလျင် ပညာရပ်ဆိုင်ရာ ကျောင်းက ပြောပါတယ်။ ဒါ့အပြင် မီးတောင်ဝကနေ ၅ ကီလိုမီတာ အကွာလောက်မှာပဲ မီးတောင်ထဲကလွင့်ထွက်လာတဲ့ အပိုင်းအစတွေ ရောက်နေတာတွေ့ရပြီး အပူချိန်သိပ်မြင့်တဲ့ ဓါတ်ငွေ့တွေ ထွက်နေတာကို တွေ့ရတယ်လို့လည်း သောကြာနေ့က ပြောပါတယ်။

ဘေးလွတ်ရာက ခိုလှုံရာ စခန်းပေါင်း ၆၉ ခု မှာ ရောက်နေတဲ့ ဒေသခံတွေ အနေနဲ့ နောက်ထပ် ၃ လလောက်အထိ ဆက်ပြီး နေရနိုင်ချေ ရှိကြောင်းလည်း အရင် မီးတောင်ပေါက်ကွဲခဲ့တဲ့ အနေထားတွေပေါ် အခြေခံပြီး အာဏာပိုင်တွေက သတိပေးထားပါတယ်။

Mayon မီးတောင်ဟာ မနီလာမြို့တော်ကနေ ကီလိုမီတာ ၃၀၀ အကွာလောက်မှာ ရှိပြီး ဖိလစ်ပိုင်နိုင်ငံက မီးတောင်ရှင် ၂၂ ခု ထဲက တခုဖြစ်ပါတယ်။ ဒီမီတောင်ဟာ အကြိမ် ၅၀ လောက်ပေါက်ကွဲခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG