သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Rai တိုင္ဖုန္းမုန္တိုင္းေၾကာင့္ ဖိလစ္ပိုင္မွာ ေသဆုံးသူ ၁၀၀ ေက်ာ္


ဖိလစ္ပုိင္မွာ တုိင္ဖုန္းမုန္တုိင္း Rai ေၾကာင့္ သစ္ပင္မ်ား လဲၿပိဳက်ေနတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

ဖိလစ္ပိုင္ႏိုင္ငံကို အခုႏွစ္အတြက္ အဆိုးရြားဆုံးအဆင့္နဲ႔ ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ Rai မုန္တိုင္းေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ အနည္းဆုံး ၁၀၈ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

မုန္တိုင္းဒဏ္ အဆိုးရြားဆုံးခံခဲ့ရတဲ့ Bohol ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Arthur Yap က သူ႔ျပည္နယ္အတြင္း မုန္တိုင္းေၾကာင့္ ေသဆုံးသူ ၇၂ ဦး ရွိသြားၿပီျဖစ္ေၾကာင္း ေျပာဆိုအၿပီးမွာ ေသဆုံးသူ စုစုေပါင္းအေရအတြက္ တက္သြားခဲ့တာပါ။

မုန္တိုင္းျဖတ္သြားခဲ့တဲ့ လမ္းေၾကာင္းကို ကယ္ဆယ္ေရးဝန္ထမ္းေတြ ေရာက္ရွိၿပီး အေျခအေနေတြကို သုံးသပ္ၿပီးရင္ ေသဆုံးသူအေရအတြက္ ထပ္တိုးလာႏိုင္တယ္လို႔ ဆိုပါတယ္။

မုန္တိုင္းဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ တိုင္းျပည္ေတာင္ပိုင္းနဲ႔ အလယ္ပိုင္းေဒသေတြက ေဒသခံ ၃ သိန္းေလာက္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးခဲ့ၾကရတယ္လို႔ ဆိုပါတယ္။

မုန္တိုင္းေၾကာင့္ ေနရာအေတာ္မ်ားမ်ားမွာ ဆက္သြယ္ေရးနဲ႔ လွ်ပ္စစ္မီးေတြ ျပတ္ေတာက္ၿပီး အိမ္ေခါင္မိုးေတြ ကြာထြက္ကုန္တာ၊ ေဆး႐ုံေတြ ပ်က္စီးတာ၊ ဓာတ္တိုင္ေတြ လဲက်တာနဲ႔ ေက်းရြာေတြမွာ ေရႀကီးတာေတြ ျဖစ္ေပၚခဲ့တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

Rai တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ၁၀၀ ကျော်

ဖိလစ်ပိုင်နိုင်ငံကို အခုနှစ်အတွက် အဆိုးရွားဆုံးအဆင့်နဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Rai မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၀၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ Bohol ပြည်နယ် အုပ်ချုပ်ရေးမှူး Arthur Yap က သူ့ပြည်နယ်အတွင်း မုန်တိုင်းကြောင့် သေဆုံးသူ ၇၂ ဦး ရှိသွားပြီဖြစ်ကြောင်း ပြောဆိုအပြီးမှာ သေဆုံးသူ စုစုပေါင်းအရေအတွက် တက်သွားခဲ့တာပါ။

မုန်တိုင်းဖြတ်သွားခဲ့တဲ့ လမ်းကြောင်းကို ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်ရှိပြီး အခြေအနေတွေကို သုံးသပ်ပြီးရင် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်းပြည်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေက ဒေသခံ ၃ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် နေရာအတော်များများမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်ပြီး အိမ်ခေါင်မိုးတွေ ကွာထွက်ကုန်တာ၊ ဆေးရုံတွေ ပျက်စီးတာ၊ ဓာတ်တိုင်တွေ လဲကျတာနဲ့ ကျေးရွာတွေမှာ ရေကြီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG