သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ Duterte သမ္မတအိုဘားမားကို မတော်တရော်ပြောဆို


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က အမေရိကန် သမ္မတ ဘရာ့ခ်အိုဘားမားကို “သေလိုက်တော့” လို့ ဆိုပြီး နောက်တကြိမ် ခပ်ရိုင်းရိုင်း ဆဲရေး တိုင်းထွားလိုက် ပြန်ပါတယ်။

ဥရောပသမဂ္ဂ အီးယူ ကိုလည်း ကြိုက်တဲ့ အနိဌာရုံ ကိုရွေး၊ ငရဲပြည် မှာတော့ နေရာ မရှိတော့ဘူးလို့ ဆိုပြီး အင်္ဂါနေ့က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ခပ်ရိုင်းရိုင်း ပြောသွားပါတယ်။ သုံးလအတွင်း လူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့ရပြီး ဖြစ်တဲ့ ဖိလစ်ပိုင်အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုကို အနောက်နိုင်ငံတွေက ဝေဖန်ခဲ့တဲ့အပေါ်မှာ မစ္စတာ ဒူတားတေးက ခုလို တုံ့ပြန် နေတာဖြစ်ပါတယ်။ သမ္မတ တာဝန်စတင်ထမ်းဆောင်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက စလို့ ဒူတာတေးဟာ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုတွေကို ကိုလိုနီ အင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေလို့ ပုံဖော်ပြောဆိုလာနေတာဖြစ်ပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်တဲ့ ဒီကနေ့မှာပဲ ဒူတာတေးရဲ့ ခပ်ရိုင်းရိုင်းမှတ်ချက်စကား ထွက်လာတာပါ။ အမေရိကန်နဲ့ ခုလို စစ်ရေး လေ့ကျင့်မှုတွေဟာ သူ့ရဲ့ ၆ နှစ်တာ သမ္မတသက်တမ်းအတွင်းမှာတော့ ဒါ နောက်ဆုံး ဖြစ်လိမ့်မယ်လို့လည်း ဒူတာတေးက ပြောပါတယ်။

အမေရိကန်နဲ့ နှစ်ပေါင်းများစွာ စစ်ရေး ပူးပေါင်းဆောင်ရွက်လာတာတွေ ကို လျှော့ချပြီး ရုရှားနဲ့ တရုတ်နိုင်ငံတွေနဲ့ ပိုမို နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်သွားမယ်လို့လည်း သူက ထပ်ခါတလဲလဲ ခြိမ်းခြောက်ပြောဆိုနေ တာပါ။ အခုလို မှတ်ချက်စကားတွေကြောင့် အရှေ့အာရှ ဒေသတွင်း အမေရိကန်ရဲ့ အရေးကြီးဆုံး မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ပတ်သက်လို့ မေးခွန်းထုတ် စရာတွေ ဖြစ်လာစေပါတယ်။

ဒူတာတေး အနေနဲ့ ခုလို အမျိုးမျိုး ခြိမ်းခြောက်ပြောဆို နေပေမဲ့လည်း လက်တွေ့မှာတော့ ဘာမှလုပ်ဆောင်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG