သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးဂိမ်းအကြို ပြင်ဆင်မှု အားနည်းချက်များ ဖိလစ်ပိုင် တောင်းပန်


(ဓာတ်ပုံ - 2019seagames)
(ဓာတ်ပုံ - 2019seagames)

(Zawgyi / Unicode)

လာမယ့် စနေနေ့ကျရင် ဖိလစ်ပိုင်နိုင်ငံမှာ တရားဝင် စတင်ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အဆင်မပြေမှုတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက တောင်းပန်လိုက်ပါတယ်။

၂၀၁၉ ခုနှစ် အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြိုင်ပွဲဝင်နိုင်ငံတွေက အားကစားသမားတွေဟာ ဖိလစ်ပိုင်နိုင်ငံကို စတင်သွားရောက်နေကြပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲဝင်နိုင်ငံတွေက အားကစားသမားတွေ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိလာတဲ့အချိန်မှာ အားကစားသမားတွေဟာ လေဆိပ်မှာ နာရီနဲ့ချီပြီး စောင့်ဆိုင်းခဲ့ရတာတွေ ရှိခဲ့သလို တချို့ အားကစားသမားတွေကိုလည်း တည်းခိုမယ့် ဟိုတယ်တွေ မှားပြီးပို့ခဲ့တာကြောင့် ပြိုင်ပွဲစီစဉ်သူတွေဟာ အကြီးအကျယ် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနဲ့ အရှေ့တီမောက အားကစားသမားတွေဆိုရင် တည်းခိုမယ့်ဟိုတယ်ကို ရောက်ဖို့အတွက် ၉ နာရီလောက် စောင့်ခဲ့ရတယ်လို့လည်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းဘောလုံးအသင်းဆိုလည်း နာရီပေါင်းများစွာ စောင့်ခဲ့ရပြီး သူတို့လေ့ကျင့်မယ့်နေရာနဲ့ ဟိုတယ်နဲ့ ဝေးတာကြောင့် အစီအစဉ်တွေ ပြောင်းရတယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG