သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အႀကိမ္ ၃၀ ေျမာက္ SEA Games ေဘာလံုးပြဲ ျမန္မာအသင္း အိမ္ရွင္ဖိလစ္ပိုင္နဲ႔ အုပ္စုတူက်


အႀကိမ္ ၃၀ ေျမာက္ SEA Games ေဘာလံုးပြဲ  (Myanmar Football Federation )

ဖိလစ္ပိုင္ႏုိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ အႀကိမ္ ၃၀ ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲ အမ်ဳိးသား ေဘာလံုးပြဲေတြအတြက္ အဂၤါေန႔က မနီလာၿမိဳ႕ေတာ္မွာ အုပ္စုအသီးသီးခြဲတာမွာ ျမန္မာအသင္းဟာ အိမ္ရွင္ ဖိလစ္ပိုင္အသင္းနဲ႔ အတူ အုပ္စု A မွာက်ပါတယ္။

ဒီအုပ္စုမွာပါတဲ့ တျခားအသင္းေတြကေတာ့ မေလးရွား၊ ကေမာၻဒီးယားနဲ႔ တီေမာ လက္စ္ေတ အသင္းေတြပါ။

ဒါေၾကာင့္ အုပ္စု B မွာက်တဲ့အသင္းေတြကေတာ့ လက္ရွိခ်န္ပီယံ ထိုင္းအသင္းနဲ႔အတူ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ လာအို၊ စကၤာပူ၊ ဘ႐ူႏုိင္းအသင္းတို႔ ျဖစ္ပါတယ္။

ျမန္မာအသင္းဟာ ဒီၿပိဳင္ပြဲ စတင္က်င္းပတဲ့ ၁၉၇၇ ခုနွစ္ကတည္းက တႀကိမ္မွ ေရႊတံဆိပ္ မရဖူးေသးပါဘူး။ ၁၉၉၃၊ ၂၀၀၇ နဲ႔ ၂၀၁၅ ခုႏွစ္ေတြမွာ ဗိုလ္လုပြဲထိ ေရာက္ခဲ့ဖူးၿပီး အဲဒီသံုုးႀကိမ္စလံုးမွာလည္း ထိုင္းအသင္းကို အေရးနိမ့္ၿပီးေတာ့ ေငြဆုနဲ႔ပဲ ေက်နပ္ခဲ့ရတာပါ။ ၁၉၇၇၊ ၂၀၀၁ နဲ႔ ၂၀၁၁ ခုႏွစ္ေတြမွာေတာ့ တတိယ ေၾကးတံဆိပ္ ရခဲ့ပါတယ္။

ႏုိဝင္ဘာလ ၃၀ ရက္ေန႔ကေန ဒီဇင္ဘာလ ၁၁ ရက္ေန႔အထိ က်င္းပမယ့္ အခုၿပိဳင္ပြဲမွာ ၿပိဳင္ပြဲဝင္အသင္းအားလံုးအေနနဲ႔ အသက္ ၂၂ ေအာက္ ကစားသမားေတြနဲ႔သာ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အသက္ေက်ာ္တဲ့ ကစားသမား ႏွစ္ဦးအထိပဲ ထည့္သြင္းခြင့္ ျပဳထားပါတယ္။

.........................

{Unicode}

အကြိမ် ၃၀ မြောက် SEA Games ဘောလုံးပွဲ မြန်မာအသင်း အိမ်ရှင်ဖိလစ်ပိုင်နဲ့ အုပ်စုတူကျ

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲတွေအတွက် အင်္ဂါနေ့က မနီလာမြို့တော်မှာ အုပ်စုအသီးသီးခွဲတာမှာ မြန်မာအသင်းဟာ အိမ်ရှင် ဖိလစ်ပိုင်အသင်းနဲ့ အတူ အုပ်စု A မှာကျပါတယ်။

ဒီအုပ်စုမှာပါတဲ့ တခြားအသင်းတွေကတော့ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ တီမော လက်စ်တေ အသင်းတွေပါ။

ဒါကြောင့် အုပ်စု B မှာကျတဲ့အသင်းတွေကတော့ လက်ရှိချန်ပီယံ ထိုင်းအသင်းနဲ့အတူ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ စင်္ကာပူ၊ ဘရူနိုင်းအသင်းတို့ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲ စတင်ကျင်းပတဲ့ ၁၉၇၇ ခုနှစ်ကတည်းက တကြိမ်မှ ရွှေတံဆိပ် မရဖူးသေးပါဘူး။ ၁၉၉၃၊ ၂၀၀၇ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ဗိုလ်လုပွဲထိ ရောက်ခဲ့ဖူးပြီး အဲဒီသုံးကြိမ်စလုံးမှာလည်း ထိုင်းအသင်းကို အရေးနိမ့်ပြီးတော့ ငွေဆုနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ၁၉၇၇၊ ၂၀၀၁ နဲ့ ၂၀၁၁ ခုနှစ်တွေမှာတော့ တတိယ ကြေးတံဆိပ် ရခဲ့ပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကျင်းပမယ့် အခုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းအားလုံးအနေနဲ့ အသက် ၂၂ အောက် ကစားသမားတွေနဲ့သာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသက်ကျော်တဲ့ ကစားသမား နှစ်ဦးအထိပဲ ထည့်သွင်းခွင့် ပြုထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG