သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ SEA Games ဖိလစ်ပိုင်မှာကျင်းပမည်


၂၀၁၅ စင်ကာပူ SEA Game မြင်ကွင်း။
၂၀၁၅ စင်ကာပူ SEA Game မြင်ကွင်း။

၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် ဖိလစ်ပိုင်နိုင်ငံက သဘောတူလိုက်ပါပြီ။

၂၀၁၉ ခုနှစ် SEA Game ပြိုင်ပွဲကို အစောပိုင်းက ဘရူနိုင်းနိုင်ငံမှာကျင်းပဖို့ စီစဉ်ထားပေမယ့် ကျင်းပဖို့အခက်အခဲတချို့ ရှိနေတာကြောင့် တခြားနိုင်ငံကို လွှဲပြောင်းပေးဖို့ ဘရူနိုင်းနိုင်ငံက ပြီးခဲ့တဲ့ဇွန်လက စင်ကာပူမှာကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးမှာ တောင်းဆိုခဲ့တာပါ။

ဘရူနိုင်းနိုင်ငံပြီးရင် အလှည့်ကျ ကျင်းပဖို့ရှိနေတဲ့ ဗီယက်နမ်နိုင်ငံကလည်း ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲ ကို အိမ်ရှင်အဖြစ်လက်ခံထားတဲ့အတွက် ၂၀၁၉ ပြိုင်ပွဲကို အိမ်ရှင်ဖြစ်ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှအားကစားအဖွဲ့ဝင်နိုင်ငံများအဖွဲ့က ဖိလစ်ပိုင်နိုင်ငံကို ကမ်းလှမ်းခဲ့တာကို သဘောတူလိုက်တာဖြစ်တယ်လို့ ဖိလစ်ပိုင် အိုလံပစ်ကော်မတီ ပြောခွင့်ရပုဂ္ဂိုလ် Joey Romasanta က AFP သတင်းဌာနကို ပြောပါတယ်။

သူတို့အနေနဲ့ အိမ်ရှင်လုပ်ဖို့ သဘောတူထားပြီဖြစ်ပေမယ့် ဆီးဂိမ်းအားကစားပြိုင်ပွဲဝင်နိုင်ငံများ အဖဲွဲ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံကို တရားဝင်ကမ်းလှမ်းမှုတော့ လုပ်ရအုံးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ငွေကြေးအခက်အခဲတွေရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အားကစားကွင်းအသစ်တွေ တည်ဆောက်နိုင်ချေမရှိဘဲ ၊ ရှိပြီးသာ အားကစားကွင်းတွေ၊ အားကစားရုံတွေနဲ့ ဟိုတယ်တွေကိုပဲ အသုံးပြုသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

XS
SM
MD
LG