သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင်သူပုန်လက်ချက် ဖိလစ်ပိုင်ခရစ်ယန်ရွာသား ၉ ဦး သေဆုံး


Bangsamoro Islamic Freedom Fighters (BIFF)
Bangsamoro Islamic Freedom Fighters (BIFF)

ခရစ္စမတ်ကာလမှာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက ခရစ်ယန်ရွာတွေကို မူဆလင်သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး လူ ၁၄ ယောက် သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာတော့ BIFF လို့ခေါ်တဲ့ ဘန်ဆာမိုရို အစ္စလာမ် လွတ်မြောက်ရေး တိုက်ပွဲဝင်သူများ - အဖွဲ့က သူပုန်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ခရစ်ယန်ရွာသား ၉ ဦး နဲ့ ခရစ္စမတ်အကြိုဖြစ်တဲ့ ကြာသပတေးနေ့နဲ့ ခရစ္စမတ်နေ့ဖြစ်တဲ့ သောကြာနေ့မှာ အစိုးရတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ သူပုန် ၅ ဦး ထက်မနည်း ပါဝင်တယ်လို့လည်း ဖိလစ်ပိုင် တာဝန်ရှိသူတွေက စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်မှုတွေဟာ Mindanao ကျွန်းက ခရိုင် ၃ ခုမှာ ဖြစ်ပွားခဲ့တာလို့လည်း ဒေသခံ စစ်ဘက်ဆိုင်ရာပြောခွင့်ရ အမျိုးသမီး ဗိုလ်ကြီး Joan Petinglay က ပြောပါတယ်။ ၂ ရက်အတွင်း ဖြစ်ခဲ့တဲ့တိုက်ခိုက်မှု ၈ ခုထက်မနည်းမှာ ခန့်မှန်းချေ သူပုန် ၂၀၀ လောက် ပါဝင်ခဲ့ပါတယ်။

BIFF အဖွဲ့ဟာ အရပ်သားတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း ကြိုတင် သိရှိထားတာကြောင့် ခရစ္စမတ်မတိုင်ခင်ကတည်းက သတိပေးချက်တွေ တိုးမြှင့်ထားတယ်လို့လည်း စစ်ဘက်ပြောရသူက ဆိုပါတယ်။ ဒီအတွက် ရွာတွေကို တိုက်ခိုက်မှုတွေနဲ့ ဒီထက်မက သေကျေထိခိုက်မယ့် အခြေအနေတွေကို ဟန့်တားနိုင်ခဲ့တယ်လို့လည်း ပြောဆိုသွားပါတယ်။

လူဦးရေ သန်း ၂၀ ကျော်ရှိတဲ့ Mindanao ကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံမှာ မူဆလင် လူဦးရေ အများစုနေထိုင်တဲ့ တခုတည်းသော နယ်မြေလည်းဖြစ်ပါတယ်။ ဘင်ဆာမိုရိုအဖွဲ့ဟာ - ၂၀၁၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံက အဓိက မူဆလင်သူပုန်အဖွဲ့ကနေ ခွဲထွက်ခဲ့ပြီး၊ ကက်သလစ် ခရစ်ယန်ဘာသာ အဓိက ကိုးကွယ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တောင်ပိုင်းဒေသကို အစ္စလာမ်နိုင်ငံ ထူထောင်ဖို့ တိုက်ပွဲဝင်မယ့်အကြောင်း ကြေညာခဲ့သလို၊ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အစီအစဉ် မှန်သမျှကိုလည်း ပယ်ချထားပါတယ်။

XS
SM
MD
LG