သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ဘုရားကျောင်း ပေါက်ကွဲမှု အယောက် ၂၀ သေဆုံး


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း တခုမှာ တနင်္ဂနွေနေ့က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာကြောင့် လူပေါင်း ၂၀ သေဆုံးပြီး ၈၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ လူသေဆုံးတဲ့ အရေအတွက် ကို ၂ ခါထပ် ရေတွက်မိတာတွေ ကြောင့် မှန်ကန်စွာ မပြောနိုင်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်ခိုက်သူတွေကို ချေမှုန်းဖမ်းဆီးမှာဖြစ်တယ်လို့ ကတိပေးထားပါတယ်။

တိုက်ခိုက်သူတဦးချင်းစီကို တရားရုံးတင် စစ်ဆေးပြီး ထောင်ဒဏ်အပြစ်ပေးသွားမှာ ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။ ဒီလုပ်ရပ်ကို ကျူးလွန်သူတွေဟာ အလွန်ရက်စက်သူတွေဖြစ်ပြီး ဒီအတွက်လည်း သနားညှာတာမှာ မဟုတ်ဘူးလို့ အစိုးရရဲ့ ထုန်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ပထမဆုံးပေါက်ကွဲခဲ့တဲ့ ဗုံးကတော့ Sulu ဒေသက Jolol မြို့က ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းမှာ လူတွေ စုဝေးနေချိန်အတွင်း ဖြစ်ခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေလုပ်နေချိန်မှာ ဒုတိယမြောက် ဗုံး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အခုလို ဗုံးခွဲတိုက်ခို်က်မှုဟာ အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က ရှုတ်ချ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း အခုလို အကြမ်းဖက်တိုက်ခိုက် ကျူးလွန်သူတွေကို အမြန်ဆုံး ဖေါ်ထုတ် စစ်ဆေးအရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG