သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ အရေးယူရေး ငါးဖမ်းသမားတွေ ဆန္ဒပြ


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကို တရားစွဲဖို့ ငါးဖမ်းသမား ဒါဇင်နဲ့ချီ Manila မြို့တော်မှာ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင်ရေနယ်နိမိတ်ထဲမှာ တရုတ်ကို သမ္မတက ငါးဖမ်းခွင့်ပြုတာဟာ နိုင်ငံရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးစေတယ်လို့ ဆန္ဒပြသူတွေက ထောက်ပြနေကြပါတယ်။

ဖိလစ်ပိုင်စီးပွားရေးဇုန်ထဲမှာ တရုတ်ကို ငါးဖမ်းခွင့်ပြုတယ်လို့ တရုတ်သမ္မတ Xi Jinping ကို ၂၀၁၆ ခုနှစ်က သူနှုတ်ကတိပေးခဲ့တယ်လို့ သမ္မတ Duterte က ပြီးခဲ့တဲ့ လ မှာ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတ Duterte ကို တရားစွဲဖွဲ့ ဆန္ဒပြခေါင်းဆောင်တွေက တောင်းဆိုနေကြတာပါ။ သမ္မတ Duterte လက်ထက် မတိုင်ခင်က တရုတ်နဲ့ ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်ထဲမှာ ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ တင်းတင်းမာမာဖြစ်ခဲ့တဲ့ နိုင်ငံ နှစ် ခု ဖြစ်ပါတယ်။

ရေနယ်နိမိတ်ကိစ္စ နိုင်ငံတကာခုံသမာဓိအဖွဲ့က အဆုံးအဖြတ်ပေးဖို့အထိ ဖိလစ်ပိုင်က ဆောင်ရွက်ခဲ့တာပါ။ သမ္မတ Duterte ကတော့ တရုတ်ခေါင်းဆောင်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်နေပုံရပြီး တရုတ်ရဲ့ စီးပွားရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေကိုလည်း လက်ခံခဲ့ပါတယ်။

နှစ် နိုင်ငံပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျောက်တန်း ခုနစ် ခုကို တရုတ်က မြေဖို့ ကျွန်းဖော်ခဲ့တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရအရာရှိဟောင်း ၂ ခုက ဒီနှစ်အစောပိုင်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်ငါးဖမ်းနေရာတွေဆီကို သွားလို့ မရအောင် တရုတ်က တားဆီးခဲ့သူ ငါးဖမ်းသမား သိန်းနဲ့ချီ ရှိတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG