သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေးစွပ်စွဲချက် ဖိလစ်ပိုင်ပယ်ချ


Philippine သမ္မတ Duterte (စက်တင်ဘာ၊ ၁၁၊ ၂၀၁၈)
Philippine သမ္မတ Duterte (စက်တင်ဘာ၊ ၁၁၊ ၂၀၁၈)

ဖိလစ်ပိုင် အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ကုလသမဂ္ဂဘက်က လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုလို့ ဆိုပြီး ဖိလစ်ပိုင် အစိုးရဘက်က စနေနေ့မှာ ပယ်ချလိုက်ပါတယ်။

မူးယစ်ဆေးဝါး စစ်ဆင်ရေး ခေါင်းစဉ်အောက်မှာ လူပေါင်း အများအပြားကို တရားဥပဒေမဲ့ သေဆုံးခဲ့ရမှုတွေနဲ့ ရဲတွေ လက်ချက်နဲ့ သေဆုံးရမှု၊ နောက် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေကို သတ်ဖြတ်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက စုံစမ်းဖို့ ကုလသမဂ္ဂ အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သောကြာနေ့က တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ရွေးကောက်တင်မြှောက်ခံရပြီးနောက်ပိုင်း သမ္မတ Rodrigo Duterte ရဲ့ မူးယစ် တိုက်ဖျက်ရေး ဆောင်ရွက်မှု အတွင်း ရဲလက်ချက်နဲ့ မူးယစ်ကုန်ကူးသူတွေနဲ့ သုံးစွဲသူတွေလို့ သံသယရှိသူ ၅,၃၀၀ သေဆုံးခဲ့ရတာပါ။ တကယ်တန်း သေဆုံးရသူ အရေအတွက်က သုံးဆလောက် ရှိတယ်လို့လည်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ပြောဆိုကြပါတယ်။

ဖိလစ်ပိုင် နိုင်ငံ အရေးမှာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး လုပ်ဖို့ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး ၁၁ ဦးရဲ့တောင်းဆိုချက်ဟာဆိုရင် ဖိလစ်ပိုင်ရဲ့ ညဏ်အမြော်အမြင်ကို ထိပါးလိုက်တာတင်မဟုတ်ဘဲ ဖိလစ်ပိုင်ရဲ့ အချုပ်အချာအာဏာကို အကြီးအကျယ် ဝင်ရောက် စွက်ဖက်မှု ဖြစ်တယ်လို့ သမ္မတ Duterte ရဲ့ ပြောခွင့်ရ Salvador Panelo က ကြေညာချက်ထုတ် ပြောဆိုထားတာ ဖြစ်ပါတယ်။

ကုလ လူ့အခွင့်အရေးစွပ်စွဲချက် ဖိလစ်ပိုင်ပယ်ချ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG