သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္ ၂၀၀၉ အစုအၿပံဳလိုက္ သတ္ျဖတ္ခံရမႈ တရားစီရင္ဆံုးျဖတ္


(Zawgyi/Unicode)

ဖိလစ္ပုိင္ႏုိင္ငံမွာ သတင္းမီဒီယာလုပ္ငန္းက လူေပါင္း ၃၂ ေယာက္ အပါအ၀င္ ၂၀၀၉ ခုႏွစ္တုန္းက လူ ၅၇ ေယာက္ကုိ အစုလုိက္အၿပံဳလုိက္ သတ္ျဖတ္ခဲ့မႈအတြက္ ထင္ရွားတဲ့ ႏုိင္ငံေရးအုပ္စုတစုက အဖဲြ႔၀င္ေတြမွာ အျပစ္ရွိေၾကာင္း တရား႐ုံးက ဒီေန႔ပဲ ဆုံးျဖတ္လုိက္ၿပီး ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္လုိက္ပါတယ္။

မနီလာၿမိဳ႕ေတာ္ တရား႐ုံးက Andal Ampatuan Jr. နဲ႔ တျခားေဆြမ်ဳိးေတြကုိလည္း တသက္တကၽြန္း စီရင္ခ်က္ခ်လုိက္တာပါ။ မသကၤာသူ လူေပါင္း ၁၀၀ ေက်ာ္ကုိ ဖမ္းဆီးထားတဲ့ အမႈမွာ ဒါဇင္နဲ႔ခ်ီတဲ့ လူေတြကုိလည္း ေထာင္ဒဏ္စီရင္ခဲ့ၿပီး သက္ေသမခုိင္လုံတဲ့ သူေတြကုိေတာ့ တရား႐ုံးက ျပန္လႊတ္ေပးခဲ့ပါတယ္။

လန္ဒန္အေျခစုိက္ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔ Amnesty International ကေတာ့ အစုလုိက္အၿပံဳလုိက္ သတ္ျဖတ္မႈနဲ႔ ဆက္ႏြယ္ၿပီး စြပ္စဲြခံထားရတဲ့ သူေတြထဲက လြတ္ေျမာက္ေနသူ လူ ၈၀ ေလာက္ကုိလည္း ေသဆုံးခဲ့ရသူေတြအတြက္ တရားမွ်တမႈရေအာင္ အစုိးရက အေရးယူ ေဆာင္ရြက္ဖုိ႔လည္း တုိ္က္တြန္းခဲ့တာပါ။

ဖိလစ္ပုိင္ ႏုိင္ငံေရးသမား Esmael Mangudadatu ရဲ႕ ေဆြမ်ဳိးေတြနဲ႔ ေထာက္ခံသူေတြ လုိက္ပါလာတဲ့ ယာဥ္တန္းကုိ ေသနတ္သမားေတြ တားဆီးၿပီး အစုလုိက္ အၿပံဳလုိက္ သတ္ျဖတ္မႈ ျဖစ္ခဲ့တာပါ။

တရား႐ုံးက ဒီကေန႔ စီရင္ခ်က္ခ်လုိက္တဲ့ Ampatuan မိသားစုက ထိန္းခ်ဳပ္ထားတဲ့ Maguindanao ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးေနရာအတြက္ ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ဖုိ႔ ေလွ်ာက္လႊာတင္ဖုိ႔အသြား လမ္းမွာ သတ္ျဖတ္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

သတ္ျဖတ္ခံခဲ့ရသူေတြနဲ႔ ကားေတြကုိေတာ့ က်င္းတခုထဲမွာ ျမွဳပ္ႏွံခဲ့တာပါ။ သတ္ျဖတ္မႈ ျဖစ္ပြားခဲ့ၿပီး ေနာက္တႏွစ္ ၂၀၁၀ မွာ အမႈကုိ စတင္ၾကားနာခဲ့ၿပီး တရားခြင္မွာ စစ္ေဆးတဲ့ ကာလတေလွ်ာက္ Ampatuan မိသားစုကေတာ့ သူတုိ႔အေပၚ စြပ္စဲြခ်က္ေတြကုိ ျငင္းဆန္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖိလစ်ပိုင် ၂၀၀၉ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု တရားစီရင်ဆုံးဖြတ်

ဖိလစ်ပိုင်နိုင်ငံမှာ သတင်းမီဒီယာလုပ်ငန်းက လူပေါင်း ၃၂ ယောက် အပါအဝင် ၂၀၀၉ ခုနှစ်တုန်းက လူ ၅၇ ယောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် ထင်ရှားတဲ့ နိုင်ငံရေးအုပ်စုတစုက အဖွဲ့ဝင်တွေမှာ အပြစ်ရှိကြောင်း တရားရုံးက ဒီနေ့ပဲ ဆုံးဖြတ်လိုက်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

မနီလာမြို့တော် တရားရုံးက Andal Ampatuan Jr. နဲ့ တခြားဆွေမျိုးတွေကိုလည်း တသက်တကျွန်း စီရင်ချက်ချလိုက်တာပါ။ မသင်္ကာသူ လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးထားတဲ့ အမှုမှာ ဒါဇင်နဲ့ချီတဲ့ လူတွေကိုလည်း ထောင်ဒဏ်စီရင်ခဲ့ပြီး သက်သေမခိုင်လုံတဲ့ သူတွေကိုတော့ တရားရုံးက ပြန်လွှတ်ပေးခဲ့ပါတယ်။

လန်ဒန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး စွပ်စွဲခံထားရတဲ့ သူတွေထဲက လွတ်မြောက်နေသူ လူ ၈၀ လောက်ကိုလည်း သေဆုံးခဲ့ရသူတွေအတွက် တရားမျှတမှုရအောင် အစိုးရက အရေးယူ ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

ဖိလစ်ပိုင် နိုင်ငံရေးသမား Esmael Mangudadatu ရဲ့ ဆွေမျိုးတွေနဲ့ ထောက်ခံသူတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို သေနတ်သမားတွေ တားဆီးပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ခဲ့တာပါ။

တရားရုံးက ဒီကနေ့ စီရင်ချက်ချလိုက်တဲ့ Ampatuan မိသားစုက ထိန်းချုပ်ထားတဲ့ Maguindanao ပြည်နယ် အုပ်ချုပ်ရေးမှူးနေရာအတွက် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်ဖို့အသွား လမ်းမှာ သတ်ဖြတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သတ်ဖြတ်ခံခဲ့ရသူတွေနဲ့ ကားတွေကိုတော့ ကျင်းတခုထဲမှာ မြှုပ်နှံခဲ့တာပါ။ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး နောက်တနှစ် ၂၀၁၀ မှာ အမှုကို စတင်ကြားနာခဲ့ပြီး တရားခွင်မှာ စစ်ဆေးတဲ့ ကာလတလျှောက် Ampatuan မိသားစုကတော့ သူတို့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ကြပါတယ်။

XS
SM
MD
LG