သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် မူးယစ် မသင်္ကာမှုနဲ့ အသတ်ခံရသူ ၅၀၀ ကျော်ပြီ


သမ္မတ Rodrigo Duterte ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် ကို ဆန္ဒပြသူများ
သမ္မတ Rodrigo Duterte ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် ကို ဆန္ဒပြသူများ

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် တလကျော်အတွင်း သုတ်သင်ခံရတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူအဖြစ် မသင်္ကာသူ အရေအတွက်ဟာ ၅၀၀ ကျော်အထိ ရှိသွားပြီလို့ ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေး အစီအစဉ်က စိုးရိမ်စရာ အခြေအနေတွေကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေ၊ အထက်လွှတ်တော်က စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ပြင်ဆင်မှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

ဇူလိုင်လ ၁ ရက်နေ့ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်သူအဖြစ် မသင်္ကာသူ ၅၂၅ ဟာ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း သေဆုံးခဲ့ပြီး၊ မူးယစ်ဆေးဝါးနှိမ်နင်းမှုပေါင်း ၅၄၀၀ ကျော်မှာ မသင်္ကာသူ ၇၆၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့လည်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ လူ ၅ သိန်းကျော်ကလည်း အာဏာပိုင်တွေထံ လာရောက် အဖမ်းခံခဲ့ကြတယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒေသခံသတင်းမီဒီယာ တချို့ကတော့ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ဖော်ပြနေကြပြီး မေလ ၉ ရက် ရွေးကောက်ပွဲနောက်ပိုင်း သမ္မတအဖြစ် သမ္မတ Duterte တက်လာချိန်ကစလို့ ဘယ်သူဘယ်ဝါမှန်းမသိသူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူအဖြစ် သံသယရှိသူတွေ အပါအဝင် သေဆုံးသူ အရေအတွက်ဟာ ၁ ထောင်နီးပါးအထိ ရှိတယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ရဲတွေဟာ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ရှိတယ်လို့ ဝေဖန်မှုတွေ ရှိနေပေမဲ့၊ ရဲတပ်ဖွဲ့ကတော့ မသင်္ကာသူတွေဟာ ခုခံတဲ့အတွက် သေဆုံးကြရတာလို့ ပြောဆိုထားပါတယ်။

ဖိလစ်ပိုင် မူးယစ် မသင်္ကာမှုနဲ့ အသတ်ခံရသူ ၅၀၀ ကျော်ပြီ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG