သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၆၅၀ ကျော်သေဆုံး


ဝါရှီ မုန်တိုင်းတိုက်ခတ်အပြီး အပျက်အစီးတွေနဲ့ကျန်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Iligan မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခု။ (ဒီဇင်ဘာလ ၁၉၊ ၂၀၁၁)

ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ ၀ါရှီ အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးတဲ့သူ အရေအတွက်ဟာ တနင်္ဂနွေနေ့မှာ ၆၅၂ ယောက်အထိ ရှိသွားခဲ့ပြီဖြစ်ပြီး အခုချိန်အထိ ပျောက်ဆုံးနေတဲ့လူ ၉၀၀ ကျော်ကိုတော့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆက်ပြီးတော့ ရှာဖွေနေကြပါတယ်။

ဝါရှီမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းကို သောကြာနေ့ညက အပြင်းအထန် ၀င်ရောက် တိုက်ခတ်ခဲ့တာဖြစ်ပြီး မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုတွေဖြစ်ပြီး ကာဂါယန်ဒေအိုရို နဲ့ အီလီဂန် (Cagayan de Oro and Iligan) ဒေသမှာရှိတဲ့ ကမ်းခြေရွာ ဒါဇင်ပေါင်းများစွာက အိမ်တွေလည်း ရေထဲမှာ မျောပါသွားခဲ့ပါတယ်။

မုန်တိုင်းအတွင်းမှာ သေဆုံးသူတွေအများဆုံးဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး လူပေါင်းသောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြတယ်လို့ ဖိလစ်ပိုင်ကြက်ခြေနီးအဖွဲ့က ပြောပါတယ်။ ကျန်းမာရေးအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် သေဆုံးသူတွေကို အစုလိုက်အပြုံလိုက် မြေမြှုပ်သဂြုင်္ိဟ်ဖို့ အကြံပေးထားပါတယ်။ ပုပ်ပွနေတဲ့ လူအလောင်းတွေကလွဲပြီး ကျန်တဲ့ သေဆုံးနေတဲ့ တိရစ္ဆာန်တွေကတော့ ရွံ့တွေထဲမှာ ပြန့်နေပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကုန်းပေါ်မှာ အဓိကထား လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ပင်လယ်ထဲမှာ သင်္ဘောအသေးလေးတွေနဲ့ ကယ်ဆယ်ရေး လုပ်နေတဲ့သူတွေက ကမ်းရိုးတန်းတလျှောက်မှာ အသက်မသေဘဲ ရှိနေသေးတဲ့သူတချို့ကို ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဖိလစ်ပိုင်စစ်တပ် နဲ့ ရဲကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာနဲ့ လျှပ်စစ်မီးမရှိတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

XS
SM
MD
LG