သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် မူးယစ်စစ်ဆင်ရေး ဖိလစ်ပိုင် အဆုံးသတ်


ဖိလစ်ပိုင်နိုင်ငံရဲ့ အငြင်းပွားဖွယ် မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ဆင်မှုကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က အဆုံးသတ်လိုက်ပါပြီ။ တောင်ကိုရီး ယား စီးပွားရေးလုပ်ငန်းရှင်တဦး မူးယစ်တိုက်ဖျက်ရေး တာဝန်ရှိသူတွေရဲ့လက်ချက်နဲ့ သေဆုံးသွားပြီးတဲ့နောက် အခုလို ရပ်ဆိုင်း လိုက်တာပါ။

ဖိလစ်ပိုင်ရဲချုပ်ရဲ့အဆိုအားဖြင့် ဆိုးသွမ်းသူတွေလို့ဆိုတဲ့ အကျင့်ပျက်ခြစားတဲ့ ရဲတပ်ဖွဲ့တွေကို ဖယ်ရှားဖို့အတွက် ရဲတပ်ဖွဲ့တွင်း ရှင်းလင်းသန့်စင်ရေး အစီအစဉ်တခုကို မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့က လုပ်ဆောင်မယ်လို့ ရဲချုပ် Roland Dela Rosa က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် ၄၀% ထိဟာ အကျင့်ပျက်ခြစားသူတွေဖြစ်တယ်လို့ သမ္မတ Rodrigo Duterte က ပြောင် စွပ်စွဲပြီး နာရီပိုင်းအတွင်း မှာပဲ ရဲချုပ် Dela Rosa ရဲ့ ကြေညာချက်ထွက်လာတာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကိုရီးယားစီးပွားရေးလုပ်ငန်းရှင် Jee Ick-joo မနီလာမြို့တော်မှာ သေဆုံးသွားရတဲ့ဖြစ်ရပ် နောက်ဆက်တွဲအခြေအနေတွေကို သမ္မတဒူတာတေး ရင်ဆိုင်နေရတာပါ။ Jee သေဆုံးမှုအတွက် သံသယရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ပေးဆွဲပြီး ငွေတောင်းမှုနဲ့ စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လမှာ သမ္မတ ဒူတာတေး အာဏာရလာချိန်ကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲတာကနေ လူပေါင်း ၇ ထောင်ကျော် သေဆုံးရပြီးပါပြီ။ သေဆုံးသူတွေဟာ တရားနည်းလမ်းတကျ ရင်ဆိုင် ခွင့်မရကြဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေကပြောပေမဲ့ ရဲတပ်ဖွဲ့ကတော့ အဲဒီသေဆုံးမှုတွေဟာ ရဲတွေအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရင်း ဖြစ်ရတာလို့ ချေပထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG