သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားရဟတ္ယာဥ္ဝယ္ဖို႔သေဘာတူညီခ်က္ ဖိလစ္ပိုင္ျပန္ဖ်က္သိမ္း


ဖိလစ္ပိုင္ကာကြယေရးဝန္ႀကီး Delfin Lorenzana

[[Zawgyi/Unicode]]

အေမရိကန္က ပိတ္ဆို႔အေရးယူမွာကိုစိုးရိမ္တဲ့အတြက္ ႐ုရွားလုပ္ သယ္ယူပို႔ေဆာင္ေရးရဟတ္ယာဥ္ ၁၆ စီး ဝယ္ယူမယ့္အစီအစဥ္ကို ဖိလစ္ပိုင္အစိုးရ ဖ်က္လိုက္ပါတယ္။ ဒီရဟတ္ယာဥ္ေတြဝယ္ယူဖို႔ အေမရိကန္ ေဒၚလာ ၂၂၇ သန္း တန္ဖိုးရွိ အေရာင္းအဝယ္စာခ်ဳပ္ကို ကနဦးအားျဖင့္ သမၼတ Rodrigo Duterte က အတည္ျပဳခဲ့ေပမယ့္ သမၼတသက္တမ္းအကုန္ ဇြန္ ၃၀ ရက္မတိုင္မီမွာ သူ ဖ်က္ခဲ့တယ္လို႔ အရင္ကာကြယ္ေရးဝန္ႀကီး Delfin Lorenzana က ေအပီသတင္းဌာနကို အဂၤါေန႔က ေျပာပါတယ္။

သေဘာတူညီခ်က္ကို ႐ုရွားနဲ႔ မႏွစ္ ႏိုဝင္ဘာလမွာ လက္မွတ္ထိုးခဲ့ၿပီး သေဘာတူညီခ်က္အရ ပထမဆုံးအသုတ္ ရဟတ္ယာဥ္ေတြကို ၂ ႏွစ္အတြင္း ႐ုရွားက ပို႔ေပးရမွာ ျဖစ္ပါတယ္။ ဒီ အေရာင္းအဝယ္ေၾကာင့္ အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူတာခံရႏိုင္တယ္လို႔ သူက ဆိုပါတယ္။ အေမရိကန္-႐ုရွား တင္းမာမႈေတြ ျဖစ္လာတာေၾကာင့္ အေမရိကန္က ဒီကိစၥအေပၚ မလိုလားေၾကာင္း ျပသခဲ့တယ္လို႔ သူက ေျပာပါတယ္။ အေမရိကန္ဘက္ကလည္း ဖိလစ္ပိုင္စစ္တပ္အတြက္ အလားတူ ရဟတ္ယာဥ္ေတြကို ေရာင္းဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ သူက ဆိုပါတယ္။

ယူကရိန္းကို ႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈကိုရပ္ဖို႔ ကုလသမဂၢက မတ္လမွာ ဆုံးျဖတ္ခဲ့စဥ္ကလည္း ဖိလစ္ပိုင္ဟာ အဆိုကို ေထာက္ခံခဲ့တာပါ။ သမၼတ ဒူတာေတးလက္ထက္မွာ တ႐ုပ္ ႐ုရွားတို႔နဲ႔ နီးနီးစပ္စပ္ ဆက္ဆံခဲ့ေပမယ့္ ဖိလစ္ပိုင္ဟာ အေမရိကန္နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ မဟာမိတ္ႏိုင္ငံလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ရုရှားရဟတ်ယာဉ်ဝယ်ဖို့သဘောတူညီချက် ဖိလစ်ပိုင်ပြန်ဖျက်သိမ်း

အမေရိကန်က ပိတ်ဆို့အရေးယူမှာကိုစိုးရိမ်တဲ့အတွက် ရုရှားလုပ် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁၆ စီး ဝယ်ယူမယ့်အစီအစဉ်ကို ဖိလစ်ပိုင်အစိုးရ ဖျက်လိုက်ပါတယ်။ ဒီရဟတ်ယာဉ်တွေဝယ်ယူဖို့ အမေရိကန် ဒေါ်လာ ၂၂၇ သန်း တန်ဖိုးရှိ အရောင်းအဝယ်စာချုပ်ကို ကနဦးအားဖြင့် သမ္မတ Rodrigo Duterte က အတည်ပြုခဲ့ပေမယ့် သမ္မတသက်တမ်းအကုန် ဇွန် ၃၀ ရက်မတိုင်မီမှာ သူ ဖျက်ခဲ့တယ်လို့ အရင်ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က အေပီသတင်းဌာနကို အင်္ဂါနေ့က ပြောပါတယ်။

သဘောတူညီချက်ကို ရုရှားနဲ့ မနှစ် နိုဝင်ဘာလမှာ လက်မှတ်ထိုးခဲ့ပြီး သဘောတူညီချက်အရ ပထမဆုံးအသုတ် ရဟတ်ယာဉ်တွေကို ၂ နှစ်အတွင်း ရုရှားက ပို့ပေးရမှာ ဖြစ်ပါတယ်။ ဒီ အရောင်းအဝယ်ကြောင့် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူတာခံရနိုင်တယ်လို့ သူက ဆိုပါတယ်။ အမေရိကန်-ရုရှား တင်းမာမှုတွေ ဖြစ်လာတာကြောင့် အမေရိကန်က ဒီကိစ္စအပေါ် မလိုလားကြောင်း ပြသခဲ့တယ်လို့ သူက ပြောပါတယ်။ အမေရိကန်ဘက်ကလည်း ဖိလစ်ပိုင်စစ်တပ်အတွက် အလားတူ ရဟတ်ယာဉ်တွေကို ရောင်းဖို့ ကမ်းလှမ်းခဲ့တယ်လို့ သူက ဆိုပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုရပ်ဖို့ ကုလသမဂ္ဂက မတ်လမှာ ဆုံးဖြတ်ခဲ့စဉ်ကလည်း ဖိလစ်ပိုင်ဟာ အဆိုကို ထောက်ခံခဲ့တာပါ။ သမ္မတ ဒူတာတေးလက်ထက်မှာ တရုပ် ရုရှားတို့နဲ့ နီးနီးစပ်စပ် ဆက်ဆံခဲ့ပေမယ့် ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ စာချုပ် ချုပ်ဆိုထားတဲ့ မဟာမိတ်နိုင်ငံလည်း ဖြစ်ပါတယ်။

XS
SM
MD
LG