သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ကုလ ဆုံးဖြတ်ချက် ဖိလစ်ပိုင်ဆန့်ကျင်


ဖိလစ်ပိုင်သမ္မတ ရုံးစိုက်ရာ မနီလာမြို့က မာလာကနန်း နန်းတော်
ဖိလစ်ပိုင်သမ္မတ ရုံးစိုက်ရာ မနီလာမြို့က မာလာကနန်း နန်းတော်

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေ ထွက်ပြေးသွားစေတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ဆိုတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မထောက်ခံဘူးလို့ ဖိလစ်ပိုင်သမ္မတရုံးက စနေနေ့မှာ ကြေညာလိုက်ပါတယ်။

ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ရခိုင်မြောက်ပိုင်းအရေးကို မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်း နေတဲ့အပေါ် ဖိလစ်ပိုင်အစိုးရက အသိအမှတ်ပြုတယ်လို့ ဖိလစ်ပိုင်သမ္မတရုံး ပြောခွင့်ရ Harry Roque ကဆိုပါတယ်။

ရခိုင်ဒေသပြဿနာဟာ ရှုပ်ထွေးပြီး၊ ပြစ်တင်ဝေဖန်မှုတွေနဲ့ ပြစ်ပယ်မှုတွေ လုပ်ထားမယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ပိုဆိုးသွားစေလိမ့်မယ်လို့ ဖိလစ်ပိုင်အနေနဲ့ ယုံကြည်တာကြောင့် ကုလသမဂ္ဂမှာ ဖိလစ်ပိုင်က ကန့်ကွက်မဲပေးခဲ့တာဖြစ်ကြောင်း ကြေညာချက်ပါ အချက်ကို ပြောခွင့်ရ Roque ကပြောပါတယ်။

ရခိုင်ဒေသမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အခြေအနေကို စိုးရိမ်မိကြောင်း၊ ရခိုင်ပြဿနာဟာ သမိုင်းနဲ့ချီပြီး အမြစ်တွယ်လာတဲ့ ကိစ္စ ဖြစ်တယ်ဆိုတာ သူတို့အနေနဲ့ ကောင်းစွာ နားလည်ထားကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပြီး၊ မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်း နေပုံကို အသိအမှတ်ပြုတယ်လို့လည်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG