သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးညီလာခံ ဖိလစ်ပိုင် လုံခြုံရေးတိုးမြှင့်


အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ ၃၁ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲနဲ့ တခြားသက်ဆိုင်ရာ ဆွေးနွေးပွဲတွေကို နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတော့မှာမို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့တွေဟာ လုံခြုံရေးနဲ့ ဆိုင်တဲ့ ပြင်ဆင်မှုတွေကို အထူး လုပ်ဆောင်နေပါပြီ။

လုံခြုံရေးဆိုင်ရာ အပြည့်အဝ တပ်လှန့်ချက်တွေကို ဒီကနေ့ကစပြီး ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့တွင်းမှာ လုပ်ဆောင်နေတာပါ။

နိုဝင်ဘာလ ၈ ရက်ကနေ ၁၅ ရက်နေ့ အထိ လုံခြုံရေးဆိုင်ရာ အမြင့်ဆုံး အဆင့်နဲ့ ထိမ်းချုပ်ထားမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှုးချုပ်က မနေ့ကပဲ ပြောပါတယ်။

လုံခြုံရေး အထူးတင်းကြပ်မှုတွေကို အာဆီယံ ညီလာခံနဲ့ တခြား ဆက်စပ် ကျင်းပတဲ့ အခမ်းအနားတွေရှိရာ မနီလာ မြို့တော် အပါအဝင် ဒေသ ၃ ခုမှာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ဝင်တွေ အတွက် အထူးနိုးကြားမှုနဲ့ တပ်လှန့်ထားမှုတွေ အပြည့်အဝ လုပ်ထားတာကြောင့် ဘယ်သူမှ ခွင့်ယူလို့ မရပါဘူး။

အချိန်ပြည့် အသင့်ရှိနေရမှာ ဖြစ်ပါတယ်။

ဒရုန်ယာဉ် အပါအဝင် တခြား ဘယ်လိုလေယာဉ်မျိုးမှ အာဆီယံ အစည်းအဝေး ကျင်းပရာ ဒေသတွေမှာ ပျံသန်းခွင့် မရှိအောင်လည်း ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG