သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပီကာဆို ပန်းချီကား အခိုးခံရ


Then Pakistani President General Pervez Musharraf speaks during an interview with the Associated Press in Rawalpindi, Pakistan, July 4, 2001.

၂၀ ရာစုကိုလွှမ်းမိုးနိုင်ခဲ့တဲ့ ပန်းချီအနုပညာရှင်ကြီး ပက်ဘလိုပီကာဆို (Pablo Picasso) က ဂရိနိုင်ငံကို ပေးထားတဲ့ ပန်းချီကားတစ်ကား အပါအ၀င် ဂန္တ၀င် ဆီဆေးပန်းချီကား ၂ ကား ဂရိနိုင်ငံ Athens’ National Gallery ကနေ ခိုးသွားတာ ခံလိုက်ရတယ်လို့ သိရပါတယ်။

သူခိုးတွေဟာ လေသာဆောင်တစ်ခုကနေ တနင်္လာနေ့ စောစောပိုင်းမှာ ပြတိုက်အတွင်းကို ၀င်ရောက်ပြီး ပီကာဆို ၁၉၃၉ ခုနှစ်တုန်းက ရေးဆွဲခဲ့တဲ့ အမျိုးသမီးရဲ့ ဦးခေါင်း အမည်ရှိ ပန်းချီကားကို ခိုးယူသွားတာ ဖြစ်ပါတယ်။ နာဇီဂျာမနီကို ခုခံခဲ့တဲ့အတွက် ဂရိနိုင်ငံကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၄၉ ခုနှစ်တုန်းက အဲဒီပန်းချီကားကို ပီကာဆိုက ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူခိုးတွေဟာ ဒတ်ခ်ျ ပန်းချီပညာရှင် ပစ်မွန်ဒရီယန် ရဲ့ ပန်းချီကားတစ်ချပ်နဲ့ ၁၆ ရာစုနှစ်ကလုပ်တဲ့ စုတ်တံနဲ့ ဆေးကို အသုံးပြုပြီး ရေးဆွဲထားတဲ့ အီတလီ အနုပညာရှင် ဂတ်လီယာမို ကာစီယား ရဲ့ ပန်းချီကားကိုလည်း ခိုးယူသွားပါတယ်။

သူခိုးတွေဟာ စတုတ္ထပန်းချီကားကို သယ်ဆောင်ဖို့လုပ်နေတုန်း ပြတိုက်အစောင့် ရောက်လာတဲ့အတွက် ချပြီး ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

သူခိုးတွေ ပြတိုက်ကို ဖောက်ထွင်း ၀င်ရောက်ခိုးယူသွားတဲ့အချိန် စုစုပေါင်း ၇ မိနစ်သာ ကြာတယ်လို့လည်း ရဲက ပြောပါတယ်။

XS
SM
MD
LG