တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistroius အပေါ် ဒီနှစ်အစောပိုင်းက သူ့ရဲ့ချစ်သူ Reeva Sttemkamp ကို သတ်ခဲ့တယ်ဆိုပြီး စွဲတင်ထားတဲ့အမှုကို လာမယ့်နှစ် မတ်လမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။
ပရီတိုးရီးယားမြို့ တရားရုံးတခုကနေ Pistorius အပေါ် လူသတ်မှုနဲ့ တနင်္လာနေ့က တရားဝင် စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ အမှုကို မတ်လ ၃ ရက်နေ့မှာ စတင် စစ်ဆေးပြီး သီတင်းသုံးပတ်နီးပါး ကြာမြင့်မယ်လို့ တရားသူကြီးကပြောပါတယ်။
အမှုစစ်ဆေးတဲ့အချိန်ထိ Pistorius ကို အာမခံနဲ့ လွှတ်ပေးထားမှာ ဖြစ်ပါတယ်။ Steenkamp ကို ပစ်ခဲ့တယ်ဆိုတာက သူက ဝန်ခံထားပေမဲ့ အိမ်ထဲကို ခိုးဝင်လာသူလို့ ထင်ပြီး မှားပစ်ခဲ့မိတာလို့ အခိုင်အမာ ပြောထားပါတယ်။ အစိုးရရှေ့နေတွေကတော့ ဒါဟာ ကြိုတင်ကြံစည်ပြီး ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ကြိုတင်ကြံစည် လူသတ်မှုနဲ့ အပြစ်ရှိတယ်ဆိုတာ တွေ့ခဲ့ရင်တော့ Pistorius ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရဖွယ် ရှိပါတယ်။