သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pittsburgh ပစ်ခတ်မှု အမုန်းတရားအခြေခံ လုပ်ရပ်အဖြစ် သတ်မှတ်


Pittsburgh က Tree of Life ဂျူးဘုရားကျောင်းမှာ စနေနေ့က ဖြစ်ပွါးခဲ့တဲ့ လူ ၁၁ ဦးသေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုမှာ သံသယရှိသူက ဂျူးဆန့်ကျင်ရေး ခြိမ်းခြောက်မှုတွေ အော်ဟစ် ပြောဆိုပြီးမှ သေနတ်နဲ့ ပစ်ခတ်ခဲ့တာမို့ ဒါဟာ အမုန်းတရားအခြေခံပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုတခု ဖြစ်တယ်လို့ ပစ်ခတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှုးတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သံသယရှိသူ အသက် ၄၆ နှစ်အရွယ် Robert Gregory Bowers ဟာ AR-15 ရိုင်ဖယ်သေနတ်နဲ့ သေနတ်ငယ် ၃ လက်ကို ကိုင်ဆောင်ထားပြီး သူဟာ ဂျူးတွေ အားလုံးကို သေစေလိုတဲ့ ဆန္ဒရှိကြောင်းနဲ့ ဂျူးတွေဟာ အမေရိကန်နိုင်ငံသားတွေအပေါ် genocide လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ သတ်မှတ်သူဖြစ်ကြောင်း စွဲချက်ထဲမှာ ဖေါ်ပြထားပါတယ်။

Hebrew Immigrant Aid Society လို ဂျူး ဒုက္ခသည် ကယ်ဆယ်ကူညီရေး အေဂျင်စီကနေ သူ့လူတွေကို သတ်မယ့် နိုင်ငံခြားသားတွေကို အမေရိကန်ပြည်ထောင်စုထဲ ခေါ်သွင်း နေတဲ့အတွက် ကိုယ့်လူတွေ အသတ်ခံရချိန်အထိ စောင့်မနေတော့ပဲ သွားသတ်တော့မှာ ဖြစ်ကြောင်း Bowers က သူသေနတ်နဲ့ သွားမပစ်ခတ်ခင် မိနစ်ပိုင်းအလိုမှာပဲ အွန်လိုင်းမှာ တင်ခဲ့တာ ဖြစ်ပါတယ်။

အခုပစ်ခတ်မှုအတွက် “အမုန်းတရားအခြေခံပြီး ကျူးလွန်တဲ့ရာဇဝတ်မှုတခု" အဖြစ်ကိုင်တွယ်ဆောင်ရွက်နေကြောင်း Pennsylvania ပြည်နယ် တရားရုံး ရှေ့နေ Scott Brady က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၅၄ နှစ်ကနေ ၉၇ နှစ်အတွင်း အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦး တို့ဖြစ်ပြီး ရဲအရာရှိ ၄ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ Bowers ကိုတော့ ပစ်ခတ်ဖမ်းဆီးရမိခဲ့ပါတယ်။ သူဟာ သေနတ်ဒဏ်ရာ အများအပြားနဲ့ ဆေးရုံတင်ထားရပြီး သူ့ရဲ့ အခြေအနေကတော့ ကောင်းမွန်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူဟာ အရင်တုန်းက ရဲမှတ်တမ်း တစုံတရာမရှိခဲ့ဘူးလို့ FBI ကပြောပါတယ်။ သူ့ကို လူသတ်မှု ၁၁ မှု အပါအဝင် တခြားစွဲချက် အများအပြား တင်ထားတာ ဖြစ်ပါတယ်။

Pittsburgh ပစ်ခတ်မှု အမုန်းတရားအခြေခံ လုပ်ရပ်အဖြစ် သတ်မှတ်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG