သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလတ္စတစ္ အမိႈက္ကေန အသံုးအေဆာင္ေတြ ထုတ္တဲ႔ ကင္ညာက လုပ္ငန္းရွင္


(Zawgyi/Unicode)

ပလတ္စတစ္ စြန္႔ပစ္ ပစၥည္းေတြကို ေလွ်ာ့ခ်ႏုိင္မယ့္ နည္းလမ္းေကာင္း တခုကို ယူဂန္ဒါက သဘာ၀ ပတ္၀န္က်င္ ထိန္းသိမ္းေရး သမား တဦး ေတြ႔ရွိထားပါတယ္။ စြန္႔ပစ္ထားတဲ႔ အိတ္ေတြ၊ ပုလင္းေတြ၊ ဘူးေတြနဲ႔ ျပန္လည္ အသံုးျပဳလို႔ ရတဲ႔ ပစၥည္းေတြ ေကာက္ယူစုေဆာင္းၿပီး စားပြဲေတြ၊ ျခံစည္းရိုး တိုင္ ေတြလိုမ်ိဳး ပစၥည္းေတြ ထုတ္လုပ္ေနတာပါ။ AP သတင္းေဆာင္းပါးကို အေျခခံ ၿပီး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထို္က္ ေျပာျပထားပါတယ္။

ယူဂန္ဒါ ႏုိင္ငံ ၿမိဳ႕ေတာ္ Kampala ရဲ႕ Nsambya ကုန္းျမင့္ပိုင္းက အမိႈက္ပံုႀကီးက အရုပ္ဆိုးလွပါတယ္။ ဒါေပမယ့္ ဖြံ႔ၿဖိဳးလာေနတဲ႔ စီးပြားေရး လုပ္ငန္း တခု အတြက္ေတာ့ ကုန္ၾကမ္းေတြ ရရာ ေနရာ တခုပါ။ စြန္႔ပစ္ ပလတ္စတစ္ အိတ္ေတြနဲ႔ တခါသံုး ဘူးေတြကို ျပန္လည္ အသံုးခ်ႏုိင္ေရး ပိုင္းျဖတ္ခ်က္နဲ႔ သဘာ၀ ပတ္၀န္က်င္အေရး လႈပ္ရွားသူ စြန္႔ထြင္ လုပ္ငန္းရွင္ တဦးက အ၀ယ္ဒိုင္ဖြင့္ထားပါတယ္။ Eco Ways Uganda ကို တည္ေထာင္တဲ႔ Gerald Ndashimye က ၿမိဳ႕ေတာ္ Kampala, Wakiso နဲ႔ Mukono ၿမိဳ႕ေတြ အပါအ၀င္ ႏုိင္ငံတ၀န္းမွာ ပလတ္စတစ္ စြန္႔ပစ္ ပစၥည္း အ၀ယ္ဒိုင္ေတြ ဖြင့္ထားပါတယ္။ စြန္႔ပစ္ ပလတ္စတစ္ တန္ခ်ိန္ အေျမာက္အမ်ား ၀ယ္ယူရရွိေနတဲ႔ အေၾကာင္း သူက ေျပာပါတယ္။

" Kampala ၿမိဳ႕ေတာ္ တခုတည္းမွာတင္ အမိႈက္တန္ခ်ိန္ ၃၅၀ မက္ထရစ္ တန္ ထြက္ပါတယ္။ Kampala မွာ ေနတဲ႔သူေတြရဲ႕ စြန္႔ပစ္အမိႈက္ေတြ ျဖစ္ၿပီး ဒီထဲက ၁၂ ရာခိုင္ႏႈန္းကေန ၁၅ ရာခိုင္ႏႈန္းက ပလတ္စတစ္ေတြ ျဖစ္ပါတယ္။ အမ်ားစုက ျပန္ေကာက္ၿပီး Recycle မလုပ္ၾကပါဘူး။ အားလံုးက ေျမႀကီးေပၚမွာ ပံုၿပီး ပစ္ထားၾကေတာ့ ျမင္ရတဲ႔ အတိုင္းဘဲ အမိႈက္ပံုႀကီး ျဖစ္ေနပါတယ္။ "

ဖြံ႔ၿဖိဳးေရးဘာသာရပ္နဲ႔ ဘြ႔ဲရထားတဲ႔ သူက အစပိုင္းမွာေတာ့ ပလတ္စတစ္ အမိႈက္ေတြ သိမ္းၿပီး ပတ္၀န္းက်င္ သန္႔ရွင္းေရး အတြက္ဘဲ ရည္ရြယ္ခဲ႔တာပါ။ ဒါေပမယ့္လည္း သူ တေယာက္တည္းနဲ႔ စခဲ႔တဲ႔ လုပ္ငန္း စိတ္ကူးကေန အခုဆိုရင္ ၀န္ထမ္း ၁၀၀ ေက်ာ္ ခန္႔ထားရတဲ႔ လုပ္ငန္း တခု ျဖစ္လာပါၿပီ။ ငယ္ငယ္ရြယ္ရြယ္နဲ႔ မိခင္ ျဖစ္ရသူေတြလည္း အလုပ္ရေနပါတယ္။ အလုပ္အတြက္ အသံုးက်တဲ႔ ပလတ္စတစ္ အမိႈက္ေတြ လာသြင္းသူေတြကိုလည္း သူက အခေၾကးေငြ ေပးပါတယ္။ Gerald Ndashimye က အခုလို ေျပာပါတယ္။

" အစတုန္းကေတာ့ အလုပ္တခု အေနနဲ႔ စခဲ႔တာ မဟုတ္ပါဘူး။ က်ေနာ္က ရပ္ကြက္ေတြ အတြင္း သန္႔ရွင္းေရး လုပ္ခ်င္ခဲ႔တာပါ။ ဒါေပမယ့္လည္း ဆက္ၿပီး လုပ္ႏုိင္မယ့္၊ ကုန္က်စာရိတ္ေတြ ကာမိႏုိင္မယ့္ တခုခုမ်ား လုပ္ႏုိင္မလားလို႔ စဥ္းစားမိရာကေန က်ေနာ္တို႔ ဘူးေတြနဲ႔ တျခား ပလတ္စတစ္ေတြကို စၿပီး ေကာက္ယူခဲ႔တာပါ။ အသံုးက်တဲ႔ ပစၥညး္ေတြေရာ အသံုးမက်တဲ႔ ပစၥည္းေတြေရာပါ။ ေနာက္ ပလတ္စတစ္ အမိႈက္ေတြကို ျဖတ္ေတာက္ထားတာေတြကို စၿပီး ေရာင္းခဲ႔တာပါ။ အဲဒီ ေနာက္မွာမွ ကိုယ္တိုင္ ပစၥညး္ေတြ ထုတ္ခဲ႔တာပါ။ "

အခုေတာ့ ပစၥည္း ထုတ္လုပ္မႈကို ေန႔စဥ္ ပံုမွန္ လုပ္ေနပါၿပီ။ ပလတ္စတစ္ ဘူးေတြကို အပိုင္း အေသးေလးေတြ အထိ ျဖတ္ေတာက္ပါတယ္။ အဲဒီေနာက္မွာေတာ့ ေပ်ာ္ပြဲစား စားပြဲေတြ၊ ၿခံစည္းရိုး တိုင္ေတြလို ပစၥည္းေတြ ထုတ္လုပ္ရမွာ အသံုးျပဳပါတယ္။

" ၿခံစည္းရိုး တိုင္တလံုး ထုတ္ဖို႔ အတြက္ ပလတ္စတစ္ ၁၁ ကီလို သံုးရပါတယ္။ ဥပမာ ေျပာရရင္ ဆိုဒါ ပုလင္း ေရပုလင္း ၄၇ လံုးက တကီလို ရွိပါတယ္။ ဒါေၾကာင့္ ျခံစည္းရိုး တိုင္တလံုး အတြက္ ပတ္လစတစ္ ပုလင္း ၅၀၀ ေလာက္ အသံုးျပဳေနတာ ျဖစ္ပါတယ္။"

ကိုယ္တိုင္ ပစၥည္းေတြ ထုတ္လုပ္ေနတဲ႔ အျပင္ စြန္႔ပစ္ ပလတ္စတစ္ေတြကို ျပန္လည္ အသံုးခ်ေနတဲ႔ အဖြဲ႔ေတြထံကိုလည္း စြန္႔ပစ္ ပလတ္စတစ္ ျဖတ္စေတြကို သူက ေရာင္းခ်ေနပါတယ္။ ဥပေဒေတြ စည္းမ်ဥ္း စည္းကမ္းေတြ ခ်မွတ္ထားေပမယ့္လည္း ပလတ္စတစ္ စြန္႔ပစ္မႈ ျပသနာကေတာ့ ေျပလည္ႏုိင္ဖို႔ အလွမ္းေ၀းေနပါေသးတယ္။ ေဒါက္တာ Tom Okurut က အမ်ိဳးသား သဘာ၀ ပတ္၀န္းက်င္ စီမံခန္႔ခြဲမႈ အာဏာပိုင္ အဖြဲ႔ NEMA က ျဖစ္ပါတယ္။ ယူဂန္ဒါ အစိုးရ အေနနဲ႔ ပလတ္စတစ္ အမိႈက္ေတြ ျပန္မသိမ္းတဲ႔ ကုမၸဏီေတြကို အႀကီးအက်ယ္ ဒဏ္ရိုက္ၿပီး တင္းတင္းၾကပ္ၾကပ္ အေရးယူေဆာင္ရြက္ရမယ္လို႔ သူက ေျပာပါတယ္။

" ပလတ္စတစ္ ထုတ္လုပ္သူေတြ အေနနဲ႔ ဒီ ပလတ္စတစ္ေတြကို ျပန္လည္ ေကာက္ယူၿပီး အဆံုးထိ တာ၀န္ယူရမယ္လို႔ ဥပေဒက ျပဌာန္းထားပါတယ္။ ဒီလို ျပဌာန္းထားတာေၾကာင့္ ပလတ္စတစ္ ထုတ္လုပ္တဲ႔ လုပ္ငန္းေတြ အေနနဲ႔ ေစ်းဆိုင္ေတြလို ေနရာေတြမွာ ျပန္လည္ ေကာက္ယူတဲ႔ စနစ္တခုလည္း ရွိထားပါတယ္။ ဒါမွမဟုတ္လည္း ပလတ္စတစ္ေတြ ျပန္လာ သြင္းရင္ အခေၾကးေငြ ေပးတဲ႔ စနစ္မ်ိဳးလည္း ရွိထားပါတယ္။ ဒီလို လုပ္တာေတြက လူေတြကို ပလတ္စတစ္ အမိႈက္ေတြ မပစ္ေအာင္ အားေပးရာ ေရာက္ပါတယ္။ "

စြန္႔ပစ္ ပလတ္စတစ္ေတြကို ျပန္လည္ အသံုးခ်တဲ႔ လုပ္ငန္းေတြကို အစိုးရက အျပည့္အ၀ အားေပး ေထာက္ပံ႔မႈ မရွိဘူးလို႔ Eco Ways Uganda ကို တည္ေထာင္သူ Ndashimye က ေျပာပါတယ္။ တခါတရံမွာ သူ႔ကုမၸဏီက ပလတ္စတစ္ အမိႈက္ေကာက္သူေတြကို အာဏာပိုင္ေတြက အေႏွာင့္အယွက္ေပးတယ္လို႔လည္း သူက ေျပာပါတယ္။

" သဘာ၀ ပတ္၀န္းက်င္ အေရး စီမံခန္႔ခြဲမႈနဲ႔ သက္ဆိုင္တဲ႔ အစိုးရ ဌာနေတြ အေနနဲ႔ ပလတ္စတစ္ အမိႈက္ေတြ ေကာက္ယူၿပီး ျပန္လည္ အသံုးျပဳေရး လုပ္ေနၾကတဲ႔ စြန္႔ထြင္ လုပ္ငန္းရွင္ေတြကို ပိုၿပီး ပံ႔ပိုးေပးႏုိင္ေအာင္ ေဆာင္ရြက္ေပးပါ၊ သူတို႔ကို အလုပ္ေတြ ရပ္သြားေအာင္ အေႏွာင့္အယွက္ မျဖစ္ေအာင္ လုပ္ေပးပါလို႔ က်ေနာ္ ပန္ၾကားလိုပါတယ္။"

သဘာ၀ ပတ္၀န္းက်င္ ထိန္းသိမ္းေရး သမား စြန္႔ထြင္ လုပ္ငန္းရွင္ Ndashimye ရဲ႕ ေနာက္ထပ္ စီမံကိန္း တခုကေတာ့ စတုရန္းမိုင္ ၂၆၀၀ ေက်ာ္ ရွိတဲ႔ Lak Victoria ေရအိုင္ႀကီးမွာ ပလတ္စတစ္ အမိႈက္ေတြ စီး၀င္မႈကို ဟန႔္တားႏုိင္ေရး နည္းလမ္းရွာဖို႔ ျဖစ္ပါတယ္။ ေရအိုင္ႀကီးထဲကို အမိႈက္ေတြ မေရာက္ရွိေရး အတြက္ ေရအိုင္ႀကီးကို စီး၀င္ရာ အဓိက ေရေျမာင္းႀကီး အားလံုးမွာ ပိုက္ကြန္ေတြ တပ္ဆင္ထားၿပီး အခုဆိုရင္ အဲဒီ ပိုက္ကြန္ေတြမွာ ပလတ္စတစ္ အမိႈက္ေတြနဲ႔ ပိတ္မိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပလတ်စတစ် အမှိုက်ကနေ အသုံးအဆောင်တွေ ထုတ်တဲ့ ကင်ညာက လုပ်ငန်းရှင်

ပလတ်စတစ် စွန့်ပစ် ပစ္စည်းတွေကို လျှော့ချနိုင်မယ့် နည်းလမ်းကောင်း တခုကို ယူဂန်ဒါက သဘာ၀ ပတ်ဝန်ကျင် ထိန်းသိမ်းရေး သမား တဦး တွေ့ရှိထားပါတယ်။ စွန့်ပစ်ထားတဲ့ အိတ်တွေ၊ ပုလင်းတွေ၊ ဘူးတွေနဲ့ ပြန်လည် အသုံးပြုလို့ ရတဲ့ ပစ္စည်းတွေ ကောက်ယူစုဆောင်းပြီး စားပွဲတွေ၊ ခြံစည်းရိုး တိုင် တွေလိုမျိုး ပစ္စည်းတွေ ထုတ်လုပ်နေတာပါ။ AP သတင်းဆောင်းပါးကို အခြေခံ ပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် ပြောပြထားပါတယ်။

ယူဂန်ဒါ နိုင်ငံ မြို့တော် Kampala ရဲ့ Nsambya ကုန်းမြင့်ပိုင်းက အမှိုက်ပုံကြီးက အရုပ်ဆိုးလှပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးလာနေတဲ့ စီးပွားရေး လုပ်ငန်း တခု အတွက်တော့ ကုန်ကြမ်းတွေ ရရာ နေရာ တခုပါ။ စွန့်ပစ် ပလတ်စတစ် အိတ်တွေနဲ့ တခါသုံး ဘူးတွေကို ပြန်လည် အသုံးချနိုင်ရေး ပိုင်းဖြတ်ချက်နဲ့ သဘာ၀ ပတ်ဝန်ကျင်အရေး လှုပ်ရှားသူ စွန့်ထွင် လုပ်ငန်းရှင် တဦးက အဝယ်ဒိုင်ဖွင့်ထားပါတယ်။ Eco Ways Uganda ကို တည်ထောင်တဲ့ Gerald Ndashimye က မြို့တော် Kampala, Wakiso နဲ့ Mukono မြို့တွေ အပါအဝင် နိုင်ငံတဝန်းမှာ ပလတ်စတစ် စွန့်ပစ် ပစ္စည်း အဝယ်ဒိုင်တွေ ဖွင့်ထားပါတယ်။ စွန့်ပစ် ပလတ်စတစ် တန်ချိန် အမြောက်အများ ဝယ်ယူရရှိနေတဲ့ အကြောင်း သူက ပြောပါတယ်။

" Kampala မြို့တော် တခုတည်းမှာတင် အမှိုက်တန်ချိန် ၃၅၀ မက်ထရစ် တန် ထွက်ပါတယ်။ Kampala မှာ နေတဲ့သူတွေရဲ့ စွန့်ပစ်အမှိုက်တွေ ဖြစ်ပြီး ဒီထဲက ၁၂ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းက ပလတ်စတစ်တွေ ဖြစ်ပါတယ်။ အများစုက ပြန်ကောက်ပြီး Recycle မလုပ်ကြပါဘူး။ အားလုံးက မြေကြီးပေါ်မှာ ပုံပြီး ပစ်ထားကြတော့ မြင်ရတဲ့ အတိုင်းဘဲ အမှိုက်ပုံကြီး ဖြစ်နေပါတယ်။ "

ဖွံ့ဖြိုးရေးဘာသာရပ်နဲ့ ဘွ့ဲရထားတဲ့ သူက အစပိုင်းမှာတော့ ပလတ်စတစ် အမှိုက်တွေ သိမ်းပြီး ပတ်ဝန်းကျင် သန့်ရှင်းရေး အတွက်ဘဲ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့်လည်း သူ တယောက်တည်းနဲ့ စခဲ့တဲ့ လုပ်ငန်း စိတ်ကူးကနေ အခုဆိုရင် ဝန်ထမ်း ၁၀၀ ကျော် ခန့်ထားရတဲ့ လုပ်ငန်း တခု ဖြစ်လာပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင် ဖြစ်ရသူတွေလည်း အလုပ်ရနေပါတယ်။ အလုပ်အတွက် အသုံးကျတဲ့ ပလတ်စတစ် အမှိုက်တွေ လာသွင်းသူတွေကိုလည်း သူက အခကြေးငွေ ပေးပါတယ်။ Gerald Ndashimye က အခုလို ပြောပါတယ်။

" အစတုန်းကတော့ အလုပ်တခု အနေနဲ့ စခဲ့တာ မဟုတ်ပါဘူး။ ကျနော်က ရပ်ကွက်တွေ အတွင်း သန့်ရှင်းရေး လုပ်ချင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဆက်ပြီး လုပ်နိုင်မယ့်၊ ကုန်ကျစာရိတ်တွေ ကာမိနိုင်မယ့် တခုခုများ လုပ်နိုင်မလားလို့ စဉ်းစားမိရာကနေ ကျနော်တို့ ဘူးတွေနဲ့ တခြား ပလတ်စတစ်တွေကို စပြီး ကောက်ယူခဲ့တာပါ။ အသုံးကျတဲ့ ပစ္စည်းတွေရော အသုံးမကျတဲ့ ပစ္စည်းတွေရောပါ။ နောက် ပလတ်စတစ် အမှိုက်တွေကို ဖြတ်တောက်ထားတာတွေကို စပြီး ရောင်းခဲ့တာပါ။ အဲဒီ နောက်မှာမှ ကိုယ်တိုင် ပစ္စည်းတွေ ထုတ်ခဲ့တာပါ။ "

အခုတော့ ပစ္စည်း ထုတ်လုပ်မှုကို နေ့စဉ် ပုံမှန် လုပ်နေပါပြီ။ ပလတ်စတစ် ဘူးတွေကို အပိုင်း အသေးလေးတွေ အထိ ဖြတ်တောက်ပါတယ်။ အဲဒီနောက်မှာတော့ ပျော်ပွဲစား စားပွဲတွေ၊ ခြံစည်းရိုး တိုင်တွေလို ပစ္စည်းတွေ ထုတ်လုပ်ရမှာ အသုံးပြုပါတယ်။

" ခြံစည်းရိုး တိုင်တလုံး ထုတ်ဖို့ အတွက် ပလတ်စတစ် ၁၁ ကီလို သုံးရပါတယ်။ ဥပမာ ပြောရရင် ဆိုဒါ ပုလင်း ရေပုလင်း ၄၇ လုံးက တကီလို ရှိပါတယ်။ ဒါကြောင့် ခြံစည်းရိုး တိုင်တလုံး အတွက် ပတ်လစတစ် ပုလင်း ၅၀၀ လောက် အသုံးပြုနေတာ ဖြစ်ပါတယ်။"

ကိုယ်တိုင် ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ အပြင် စွန့်ပစ် ပလတ်စတစ်တွေကို ပြန်လည် အသုံးချနေတဲ့ အဖွဲ့တွေထံကိုလည်း စွန့်ပစ် ပလတ်စတစ် ဖြတ်စတွေကို သူက ရောင်းချနေပါတယ်။ ဥပဒေတွေ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားပေမယ့်လည်း ပလတ်စတစ် စွန့်ပစ်မှု ပြသနာကတော့ ပြေလည်နိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။ ဒေါက်တာ Tom Okurut က အမျိုးသား သဘာ၀ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အာဏာပိုင် အဖွဲ့ NEMA က ဖြစ်ပါတယ်။ ယူဂန်ဒါ အစိုးရ အနေနဲ့ ပလတ်စတစ် အမှိုက်တွေ ပြန်မသိမ်းတဲ့ ကုမ္ပဏီတွေကို အကြီးအကျယ် ဒဏ်ရိုက်ပြီး တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်ရမယ်လို့ သူက ပြောပါတယ်။

" ပလတ်စတစ် ထုတ်လုပ်သူတွေ အနေနဲ့ ဒီ ပလတ်စတစ်တွေကို ပြန်လည် ကောက်ယူပြီး အဆုံးထိ တာဝန်ယူရမယ်လို့ ဥပဒေက ပြဌာန်းထားပါတယ်။ ဒီလို ပြဌာန်းထားတာကြောင့် ပလတ်စတစ် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ အနေနဲ့ ဈေးဆိုင်တွေလို နေရာတွေမှာ ပြန်လည် ကောက်ယူတဲ့ စနစ်တခုလည်း ရှိထားပါတယ်။ ဒါမှမဟုတ်လည်း ပလတ်စတစ်တွေ ပြန်လာ သွင်းရင် အခကြေးငွေ ပေးတဲ့ စနစ်မျိုးလည်း ရှိထားပါတယ်။ ဒီလို လုပ်တာတွေက လူတွေကို ပလတ်စတစ် အမှိုက်တွေ မပစ်အောင် အားပေးရာ ရောက်ပါတယ်။ "

စွန့်ပစ် ပလတ်စတစ်တွေကို ပြန်လည် အသုံးချတဲ့ လုပ်ငန်းတွေကို အစိုးရက အပြည့်အ၀ အားပေး ထောက်ပံ့မှု မရှိဘူးလို့ Eco Ways Uganda ကို တည်ထောင်သူ Ndashimye က ပြောပါတယ်။ တခါတရံမှာ သူ့ကုမ္ပဏီက ပလတ်စတစ် အမှိုက်ကောက်သူတွေကို အာဏာပိုင်တွေက အနှောင့်အယှက်ပေးတယ်လို့လည်း သူက ပြောပါတယ်။

" သဘာ၀ ပတ်ဝန်းကျင် အရေး စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့ အစိုးရ ဌာနတွေ အနေနဲ့ ပလတ်စတစ် အမှိုက်တွေ ကောက်ယူပြီး ပြန်လည် အသုံးပြုရေး လုပ်နေကြတဲ့ စွန့်ထွင် လုပ်ငန်းရှင်တွေကို ပိုပြီး ပံ့ပိုးပေးနိုင်အောင် ဆောင်ရွက်ပေးပါ၊ သူတို့ကို အလုပ်တွေ ရပ်သွားအောင် အနှောင့်အယှက် မဖြစ်အောင် လုပ်ပေးပါလို့ ကျနော် ပန်ကြားလိုပါတယ်။"

သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား စွန့်ထွင် လုပ်ငန်းရှင် Ndashimye ရဲ့ နောက်ထပ် စီမံကိန်း တခုကတော့ စတုရန်းမိုင် ၂၆၀၀ ကျော် ရှိတဲ့ Lak Victoria ရေအိုင်ကြီးမှာ ပလတ်စတစ် အမှိုက်တွေ စီးဝင်မှုကို ဟန့်တားနိုင်ရေး နည်းလမ်းရှာဖို့ ဖြစ်ပါတယ်။ ရေအိုင်ကြီးထဲကို အမှိုက်တွေ မရောက်ရှိရေး အတွက် ရေအိုင်ကြီးကို စီးဝင်ရာ အဓိက ရေမြောင်းကြီး အားလုံးမှာ ပိုက်ကွန်တွေ တပ်ဆင်ထားပြီး အခုဆိုရင် အဲဒီ ပိုက်ကွန်တွေမှာ ပလတ်စတစ် အမှိုက်တွေနဲ့ ပိတ်မိနေပါတယ်။

XS
SM
MD
LG