ပိုလန်နိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲကို ဒုတိယအကျော့ ယှဉ်ပြိုင်ရာမှာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ပါတီ ဂျရိုစလော ကာဇင်းစကီး (Jaroslaw Kaczynski) က ယာယီသမ္မတအဖြစ် တာဝန်ယူနေတဲ့ သူ့ရဲ့ပြိုင်ဘက် ဘရိုနီစလော ကိုမိုရောစကီး (Bronislaw Komorowski) ကို အရှုံးပေးလိုက်ရပြီ ဖြစ်ပါတယ်။
တရားဝင် အနိုင်အရှုံးစာရင်းကို တနင်္လာနေ့မှာ ကြေညာမယ်လို့ ခန့်မှန်းထားပေမဲ့ မဲပေးပြီး စစ်တမ်းကောက်ယူမှုတွေ အရ မစ္စတာ ကိုမိုရောစကီးက မစ္စတာ ကာဇင်းစကီးထက် ၆ မှတ်သာနေတယ်လို့ ပိုလန်ရုပ်သံက ပြောကြားခဲ့ပြီး သီးခြားကောက်ယူတဲ့ စစ်တမ်းတွေ အရတော့ ၃ မှတ် သာနေတာကို တွေ့ရပါတယ်။
မဲတွေကို ရေတွက်နေဆဲ ဖြစ်ပေမဲ့ မစ္စတာ ကာဇင်းစကီးက မစ္စတာ ကိုမိုရောစကီးကို ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။