သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပသမဂၢ က ပိုလန္ခြဲထြက္ေတာ့မွာလား


ပိုလန္ႏိုင္ငံ ဝါေဆာၿမိဳ႕က "No polexit" ဆႏၵျပပဲြ Sept. 22, 2021.

ဥေရာပႏိုင္ငံေတြ ေပါင္းစည္းေရးမွာ အဓိကမ႑ိဳင္တရပ္အျဖစ္ ရႈျမင္ၾကတဲ့ ဥေရာပသမဂၢ အီးယူဥပေဒ ထက္ ပိုလန္ရဲ႕ ဖြဲ႔စည္းပံုအေျခခံဥပေဒက ပိုအာဏာရွိေၾကာင္း ပိုလန္တရားရံုးခ်ဳပ္ရဲ႕ ၿပီးခဲ့တဲ့သီတင္းပတ္ ဆံုးျဖတ္ခ်က္ကို စိန္ေခၚမႈ မလုပ္ဖူးဆိုရင္ အီးယူအဖြဲ႔ ၿပိဳကြဲႏိုင္တဲ့ အႏၲရာယ္ရွိတယ္လို႔ အီးယူအရးရွိေတြက သတိေပးခဲ့ၾကပါတယ္။

ဥေရာပရဲ႕ ဘယ္ႏိုင္ငံမွာပဲ ျဖစ္ျဖစ္ အီးယူဥပေဒကို အားလံုးအတူတူ ေလးစားလိုက္နာမွသာ ညီမွ်တဲ့ အီးယူရဲ႕မူဝါဒကို စြဲကိုင္ထားႏိုင္မွာ ျဖစ္ၿပီး တကယ္လို႔ ဒီမူဝါဒကို ကိုင္စြဲမထားႏိုင္ရင္ ဥေရာပႏိုင္ငံေတြ ၿပိဳကြဲမႈ စျဖစ္လာႏိုင္ေၾကာင္းနဲ႔ဒီ့အတြက္ေၾကာင့္လည္း ပိုလန္ဖြဲ႔စည္းပံုအေျခခံတရားရံုးရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး အေရးယူတုန္႔ျပန္ဖို႔ လိုအပ္ေၾကာင္း ခ်က္ျပည္သူ႔သမၼတႏိုင္ငံက အီးယူေကာ္မရွင္နာ မင္းႀကီး Vera Jourova က တနလၤာေန႔မွာ ေျပာပါတယ္။

ပိုလန္ဖြဲ႔စည္းပံုခံုရံုးက ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ဆံုးျဖတ္ခ်က္ခ်ခဲ့တဲ့ေနာက္မွာ ပိုလန္ အီးယူအဖြဲ႔ဝင္ႏိုင္ငံအျဖစ္ ရပ္တည္ဖို႔ လိုလားတဲ့ ဆႏၵျပပြဲေတြ ႏိုင္ငံတလႊားေပၚေပါက္လာတာ ျဖစ္ၿပီး တနဂၤေႏြေန႔ကေတယျ လူေပါင္း ၁ သိန္းေလာက္ ဝါေဆာမွာ စုေဝးၿပီး ေထာက္ခံ ဆႏၵျပခဲ့ၾကတာပါ။

အီးယူတရားေရးေကာ္မရွင္နာမင္းႀကီး Didier Reynders ကေတာ့ လက္ရွိမွာ အီးယူတရားေရးဌာန ဆံုးျဖတ္ခ်က္ကို ေစာင့္ဆိုင္းေနတာ ျဖစ္ၿပီး တရက္ကို ေဒၚလာ ၁ သန္းေက်ာ္ ဒဏ္ေၾကး႐ိုက္တာမ်ိဳးလို ဒဏ္ခတ္မႈေတြ ခ်မွတ္ႏိုင္ေၾကာင္း ပိုလန္ကို ၿခိမ္းေျခာက္ခဲ့ပါတယ္။

ပိုလန္အစိုးရဟာ တရားေရးဌာနကို ၾကားဝင္ေႏွာက္ယွက္မႈေတြရွိေနတယ္လို႔ စြပ္စြဲၿပီး အီးယူတရားရံုးက ဇူလိုင္လထဲ အမိန္႔ ၂ ခု ခ်ခဲ့တာနဲ႔ ပတ္သက္ၿပီး ပိုလန္ဝန္ႀကီးခ်ဳပ္ Mateusz Morawiecki က လိုက္နာဖို႔ျငင္းဆန္ခဲ့သလို ဒီကိစၥကို ပိုလန္ဖြဲ႔စည္းပံုအေျခခံ ဥပေဒတရားရံုးကို ပါတင္သြင္းခဲ့တာ ျဖစ္ပါတယ္။ ပိုလန္အစိုးရအေနနဲ႔ ဝင္ေရာက္ေႏွာက္ယွက္တာ မိ်ဳး မရွိခဲ့ဘူးလို႔ ဝန္ႀကီးခ်ဳပ္က တနလၤာေန႔မွာ ျငင္းဆိုလိုက္သလို ပိုလန္ အီးယူကေန ႏႈတ္ထြက္ဖို႔ လုပ္မွာလည္း မဟုတ္ေၾကာင္း ေျပာၾကားခဲ့တာပါ။

ပိုလန္ အျပင္ ဟန္ေဂရီလို အီးယူ ဥေရာပသမဂၢ အဖြဲ႔ဝင္ ႏိုင္ငံတခ်ိဳ႕ဟာ အီးယူ ဥေရာပသမဂၢ တရားေရး ဥပေဒနဲ႔ ပတ္သက္ၿပီး အျငင္းပြြါးေနၾကတာ ျဖစ္ပါတယ္။

----------------------------------------

ဥရောပသမဂ္ဂ က ပိုလန်ခွဲထွက်တော့မှာလား

ဥရောပနိုင်ငံတွေ ပေါင်းစည်းရေးမှာ အဓိကမဏ္ဍိုင်တရပ်အဖြစ် ရှုမြင်ကြတဲ့ ဥရောပသမဂ္ဂ အီးယူဥပဒေ ထက် ပိုလန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပိုအာဏာရှိကြောင်း ပိုလန်တရားရုံးချုပ်ရဲ့ ပြီးခဲ့တဲ့သီတင်းပတ် ဆုံးဖြတ်ချက်ကို စိန်ခေါ်မှု မလုပ်ဖူးဆိုရင် အီးယူအဖွဲ့ ပြိုကွဲနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အီးယူအရးရှိတွေက သတိပေးခဲ့ကြပါတယ်။

ဥရောပရဲ့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အီးယူဥပဒေကို အားလုံးအတူတူ လေးစားလိုက်နာမှသာ ညီမျှတဲ့ အီးယူရဲ့မူဝါဒကို စွဲကိုင်ထားနိုင်မှာ ဖြစ်ပြီး တကယ်လို့ ဒီမူဝါဒကို ကိုင်စွဲမထားနိုင်ရင် ဥရောပနိုင်ငံတွေ ပြိုကွဲမှု စဖြစ်လာနိုင်ကြောင်းနဲ့ ဒီ့အတွက်ကြောင့်လည်း ပိုလန်ဖွဲ့စည်းပုံအခြေခံတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အရေးယူတုန့်ပြန်ဖို့ လိုအပ်ကြောင်း ချက်ပြည်သူ့သမ္မတနိုင်ငံက အီးယူကော်မရှင်နာ မင်းကြီး Vera Jourova က တနင်္လာနေ့မှာ ပြောပါတယ်။

ပိုလန်ဖွဲ့စည်းပုံခုံရုံးက ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆုံးဖြတ်ချက်ချခဲ့တဲ့နောက်မှာ ပိုလန် အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်ဖို့ လိုလားတဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတလွှားပေါ်ပေါက်လာတာ ဖြစ်ပြီး တနင်္ဂနွေနေ့ကတေယြ လူပေါင်း ၁ သိန်းလောက် ဝါဆောမှာ စုဝေးပြီး ထောက်ခံ ဆန္ဒပြခဲ့ကြတာပါ။

အီးယူတရားရေးကော်မရှင်နာမင်းကြီး Didier Reynders ကတော့ လက်ရှိမှာ အီးယူတရားရေးဌာန ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတာ ဖြစ်ပြီး တရက်ကို ဒေါ်လာ ၁ သန်းကျော် ဒဏ်ကြေးရိုက်တာမျိုးလို ဒဏ်ခတ်မှုတွေ ချမှတ်နိုင်ကြောင်း ပိုလန်ကို ခြိမ်းခြောက်ခဲ့ပါတယ်။

ပိုလန်အစိုးရဟာ တရားရေးဌာနကို ကြားဝင်နှောက်ယှက်မှုတွေရှိနေတယ်လို့ စွပ်စွဲပြီး အီးယူတရားရုံးက ဇူလိုင်လထဲ အမိန့် ၂ ခု ချခဲ့တာနဲ့ ပတ်သက်ပြီး ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က လိုက်နာဖို့ငြင်းဆန်ခဲ့သလို ဒီကိစ္စကို ပိုလန်ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးကို ပါတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပိုလန်အစိုးရအနေနဲ့ ဝင်ရောက်နှောက်ယှက်တာ မျိုး မရှိခဲ့ဘူးလို့ ဝန်ကြီးချုပ်က တနင်္လာနေ့မှာ ငြင်းဆိုလိုက်သလို ပိုလန် အီးယူကနေ နှုတ်ထွက်ဖို့ လုပ်မှာလည်း မဟုတ်ကြောင်း ပြောကြားခဲ့တာပါ။

ပိုလန် အပြင် ဟန်ဂေရီလို အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့ဟာ အီးယူ ဥရောပသမဂ္ဂ တရားရေး ဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွါးနေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG