သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟန်ဆောင်သူ ရိုဟင်ဂျာတဦး ဖမ်းဆီးခံရ

 ၂၀၂၄ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲအတွင်း ဒါကာမြို့ရှိ မဲရုံတခုမှာမဲထည့်ဝင်နေတဲ့ မဲဆန္ဒရှင်တဦး (ဇန်နဝါရီ ၇၊ ၂၀၂၄)
၂၀၂၄ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲအတွင်း ဒါကာမြို့ရှိ မဲရုံတခုမှာမဲထည့်ဝင်နေတဲ့ မဲဆန္ဒရှင်တဦး (ဇန်နဝါရီ ၇၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း၊ Gaibandha ခရိုင်အတွင်းက ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေထံမှာ မဲပေးခွင့်မှတ်ပုံတင်လာလုပ်သူ ရိုဟင်ဂျာ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က မနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ ရိုဟင်ဂျာ အမျိုးသား Nurul Amin ဆိုသူကို ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ မြန်မာနိုင်ငံက ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြသူ ရိုဟင်ဂျာတချို့ဟာ နိုင်ငံသားကဒ် ရနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ရုံးခွဲအများအပြားမှာ လိုက်လံ မှတ်ပုံတင်နေကြတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ တရားမဝင်နည်းလမ်းတွေနဲ့ နိုင်ငံသားကဒ်ရနိုင်အောင် ဒေသခံ ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေထံမှာ လာရောက် စာရင်းပေးသွင်းနေကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ပြောကြားထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟန်ဆောင်သူ ရိုဟင်ဂျာတဦး ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG