သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် အင်ဒိုနီးရှား ကယ်တင်


အောက်တိုဘာ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကယ်ဆယ်ရေးအဖွဲ့က ကူညီပေးနေစဉ် (အောက်တိုဘာ ၁၄၊ ၂၀၂၄)
အောက်တိုဘာ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကယ်ဆယ်ရေးအဖွဲ့က ကူညီပေးနေစဉ် (အောက်တိုဘာ ၁၄၊ ၂၀၂၄)

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အရှေ့မြောက်ဘက် ပင်လယ်ပြင်မှာ တဝက်လောက်အထိ ရေထဲနစ်မြှုပ်နေတဲ့ စက်လှေပေါ်ကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား ဒေသခံတွေက စနေနေ့က ကယ်တင်ခဲ့တဲ့ အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR က ပြောပါတယ်။

ဒုက္ခသည် စုစုပေါင်း ၁၁၆ ယောက် ရှိတဲ့အကြောင်း အရှေ့ အာချေးဒေသ အစိုးရတာဝန်ရှိသူတွေ ထံကနေ သတင်းရရှိတယ်လို့ UNHCR အဖွဲ့က Faisal Rahman က AFP သတင်းဌာနကို စနေနေ့မှာပဲ ပြောပါတယ်။ လောလောဆယ်မှာတော့ ဒီဒုက္ခသည်တွေ ကမ်းခြေမှာပဲ ရှိနေသေးပြီး သူတို့ကို ဘယ်နေရာမှာ နေရာချထားမလဲ ဆိုတာတော့ မသိရသေးဘူးလို့လည်း Rahman က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ ကြမ်းတမ်းပြီး အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး ဒေသတွင်း မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို အခုလို အသက်စွန့် သွားလာနေကြတာပါ။ အခုဒုက္ခသည်တွေ ပါလာတဲ့ စက်လှေကတော့ အရှေ့အာချေး ရေပြင်နယ်နိမိတ်ထဲကို စနေနေ့ မနက်ပိုင်းက ဝင်ရောက်တာကို တွေ့ခဲ့ရပြီး အဲ့ဒီနောက် နာရီပိုင်းအတွင်းမှာပဲ ရေမြှုပ်လုနီးပါး ဖြစ်နေတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံ ငါးဖမ်းသမား တဦးက ပြောပါတယ်။ လှေပေါ် လိုက်ပါလာသူအားလုံးကို အသက်ရှင်လျက် ကယ်တယ်နိုင်ခဲ့ပြီး တယောက်ကတော့ ဖျားနေတဲ့အတွက် ချက်ချင်းပဲ ဆေးကုသပေးနေတဲ့အကြောင်းလည်း အဲ့ဒီငါးဖမ်းသမားက ပြောပါတယ်။

အင်ဒိုနီးရှားကို အခုလို ရိုဟင်ဂျာ ဒုက္ခသည်တွေ ရောက်လာနေတာကို နောက်ပိုင်း မကြာခဏ တွေ့လာနေရတာပါ။ မုန်တိုင်းကာလမှာ အလာနည်းပေမဲ့ ရာသီဥတု တည်ငြိမ်တာနဲ့ အခုလို ရောက်လာတတ်ကြပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း အာချေးပြည်နယ် တောင်ပိုင်း ကမ်းရိုးတန်းမှာ ရက်တွေနဲ့ချီ သောင်တင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၅၂ ယောက်ကို အင်ဒိုနီးရှား တာဝန်ရှိသူတွေက ကယ်တင်ခဲ့ရပါသေးတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် အင်ဒိုနီးရှား ကယ်တင်
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG