သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး တူရကီနိုင်ငံ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်မည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ရိုဟင်ဂျာအရေးပြေလည်စေဖို့ ဘင်္ဂလားဒေ့ရှ်နဲ့အတူ နိုင်ငံတကာအဆင့်မှာ ပူးပေါင်း ဆောင်ရွက်သွား မယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တူရကီသံအမတ်ကြီးက မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ(BNP) ထွေထွေအတွင်းရေးမှူး Mirza Fakhrul Islam Alamgir နဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားလိုက်တာပါ။

တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကျိုးကိစ္စတွေအပြင် မကြာခင်ကျင်းပဖို့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ကိစ္စတွေကိုလည်းဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေအရေးကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရှေ့နှစ် ၂၀၂၅ ခုနှစ်ကျရင် အဆင့်မြင့်ဆွေးနွေးပွဲတခုလုပ်ဖို့ ကုလသမဂ္ဂ တတိတယကော်မတီကလည်း မကြာသေးခင် ရက်ပိုင်းအတွင်းကပဲဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ နေရပ်ပြန်ပို့ရေးမှာ အချိန်အတိုင်းအတာသတ်မှတ် အစီအစဉ်တခု ထွက်လာနိုင်ရေးကိုလည်း အဲဒီအခါမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေး တူရကီနိုင်ငံ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်မည်
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG