သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး တရုတ် ကူညီဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို


မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (အောက်တိုဘာ ၁၉၊ ၂၀၁၇)
မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (အောက်တိုဘာ ၁၉၊ ၂၀၁၇)


မြန်မာအပေါ်မှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အထင်အရှား ရှိနေတယ်လို့ ယူဆတာကြောင့် တရုတ်အနေနဲ့ ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရာမှာ ပိုပြီး တက်တက်ကြွကြွ ကြိုးပမ်းစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန္ဒရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က ပြောကြားခဲ့ပါတယ်။​

မြန်မာနိုင်ငံတွင်း အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း မနေ့ တနင်္လာနေ့က ဒါကာ မြို့တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတခုမှာ မစ္စတာ Hossain က ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာ အကျပ်အတည်းဟာ ဘင်္ဂလားဒေ့ရှ် အတွက် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပြီး ဒီကိစ္စ ဖြေရှင်းဖို့ တခုတည်းသော နည်းလမ်းက သူတို့ကို နေရပ် မြန်မာနိုင်ငံကို ပြန်ပို့တာသာ ဖြစ်တယ်လို့လည်း Mr. Hossain က ပြောပါတယ်။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အစီရင်ခံချက်တွေအရ မြန်မာနိုင်ငံတွင်း အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာအများစု ပါဝင်တဲ့ ဒုက္ခသည် ၁ သန်းကျော် ရှိပါတယ်။ အများစုက ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်း အစုလိုက် ထွက်ပြေးခဲ့ကြရသူတွေ ဖြစ်ပါတယ်။

ဒီဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကြား ညှိနှိုင်း ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ရှိခဲ့ပေမဲ့ အခုချိန်ထိတော့ အောင်အောင်မြင်မြင် အကောင်အထည် မဖော်နိုင်သေးပါဘူး။

ဒီအတောအတွင်း အာရက္ခတပ်တော် AA က သူတို့ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ထံ ပြန်လည် လွှဲပြောင်းပေးခဲ့တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG