သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဒေါ်လာ ၁၁၉ သန်း အမေရိကန် ထပ်မံကူညီမည်


အမေရိကန်နိုင်ငံခြားရေးဌာန အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းဝန်ကြီး Uzra Zeya (ယခင်မှတ်တမ်းဓာတ်ပုံ)
အမေရိကန်နိုင်ငံခြားရေးဌာန အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းဝန်ကြီး Uzra Zeya (ယခင်မှတ်တမ်းဓာတ်ပုံ)

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့တခြားဒေသက လူမှုအသိုက်အဝန်းတွေအတွက်အကူအညီသစ် ဒေါ်လာ ၁၁၉ သန်းနီးပါး ပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပရာ ဘေးနံပန်း ရိုဟင်ဂျာအရေး အဆင့်မြင့်ကိုယ်စားလှယ်အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဌာန အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းဝန်ကြီး Uzra Zeya က အခုလိုအထောက်အပံ့အစီအစဉ်ကို ကြေညာသွားတာပါ။

ဒီအထောက်အပံ့တွေဟာ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေနေ ရှောင်ပြေးလာကြရသူတွေကိုကာကွယ်ဖို့၊ သူတို့နေထိုင်ရေးနဲ့ စားဝတ်နေရေး အရပ်ရပ်ကို ကူညီဖို့ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒါ့အပြင် ကပ်ဘေးအန္တရာယ်တွေ ကြိုတင် ပြင်ဆင်ရေးနဲ့ ဒုက္ခသည်တွေကိုအကူအညီပေးတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုထောက်ပံ့ကူညီဖို့အတွက်လည်းဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင်း ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြရတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေကို အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားသလို သူတို့အတွက်အထောက်အပံ့တွေကိုအမေရိကန်အပါအဝင် နိုင်ငံတကာက ကူညီနေကြတာပါ။ ၂၀၁၇ ဩဂုတ်ကတည်းကဆိုရင် ဒေသတွင်း ရိုဟင်ဂျာအရေးအတွက် အမေရိကန်အစိုးရအနေနဲ့ ဒေါ်လာ ၂. ၅ ဘီလီယံကူညီပေးခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုလသမဂ္ဂတို့ ပူးတွဲ ဆောင်ရွက်နေပေမယ့် ကိုဗစ်ကပ်ဘေးနဲ့ နောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအခြေအနေတွေကြောင့် လုပ်ငန်းစဉ် ကြန့်ကြာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ရခိုင်ပြည်နယ်အတွင်း AA အာရက္ခတပ်တော်နဲ့ မြန်မာစစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တာမို့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မရေမရာ အခြေအနေ ဆိုက်နေတယ်လို့ ပြောရမှာပါ။ ဒီကြားထဲမှာပဲ ရိုဟင်ဂျာတွေနဲ့ သူတို့ကိုကူညီထားတဲ့ ဒေသခံလူမှုအသိုက်အဝန်းအတွက် ရံပုံငွေကြေး မလောက်မငဖြစ်နေတယ်လို့ကုလသမဂ္ဂက သတိပေးကြေညာခဲ့ပါတယ်။

Forum

XS
SM
MD
LG