သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ နေရပ်ပြန်ရေး မလေးရှားတွန်းအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ပန်ကြား


ဘင်္ဂလားဒေ့ရှ် ကြား ဖြတ်အစိုးရခေါင်းဆောင် နိုဘယ်ဆုရှင် Muhammad Yunus
ဘင်္ဂလားဒေ့ရှ် ကြား ဖြတ်အစိုးရခေါင်းဆောင် နိုဘယ်ဆုရှင် Muhammad Yunus

ရိုဟင်ဂျာ နေရပ်ပြန်ရေး မလေးရှားတွန်းအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ပန်ကြား

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့နိုင်ရေး မလေးရှားအနေနဲ့ အာဆီယံ အရှေ့တောင်အာရှအဖွဲ့ကြီးကို တိုက်တွန်းပေးဖို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့တွေဆုံစဉ် မေတ္တာရပ်ခံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ကြား ဖြတ်အစိုးရခေါင်းဆောင် နိုဘယ်ဆုရှင် Muhammad Yunus သောကြာနေ့မှာ ပြောပါတယ်။

“ ကျနော်တို့အနေနဲ့ အတင်းအကြပ် မောင်းထုတ်ခံထားရတဲ့ မြန်မာနိုင်ငံက လူတွေကို မြန်မာနိုင်ငံကို လုံခြုံစွာပြန်ပို့နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။ ရိုဟင်ဂျာတွေ ပြန်ပို့နိုင်ရေးအတွက် အာဆီယံအသင်းကြီးကို တိုက်တွန်း ဆွေးနွေးပေးဖို့ကိုလည်း မလေးရှားဝန်ကြီးချုပ်ကို မေတ္တာရပ်ခံခဲ့ပါတယ်။” လို့ မိုဟာမက်ယူနွတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း မိုးများရေကြီးမြေပြိုမှုအန္တရာယ်ကြီးမားနေ
please wait

No media source currently available

0:00 0:07:25 0:00


အာဆီယံ ထိပ်သီးအစည်းအဝေးကို လာမယ့် အောက်တိုဘာလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ လာအိုနိုင်ငံမှာ ကျင်းပဖို့ရှိပြီး မလေးရှားဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Anwar Ibrahim ဟာ ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ အိန္ဒိယကို ထွက်ပြေးသွားခဲ့တဲ့နောက်၊ Yunus ကြားဖြတ်အစိုးရ တက်လာချိန်မှာ ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်တဲ့ မလေးရှားခေါင်းဆောင် ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အီဗရာဟင်နဲ့ တွေ့ဆုံချိန်မှာ အဓိက အချက် ၃ ချက်ကို ဆွေးနွေးခဲ့ကြောင်းနဲ့ တချက်က ရိုဟင်ဂျာပြန်ပို့ရေးကိစ္စ ဖြစ်တယ်လို့ မိုဟာမက်ယူနွတ်က ပြောပါတယ်။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ယဉ်ကျေးမှုနဲ့လူသားခြင်းစာနာမှုဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံဘက်မှာ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် ဘင်္ဂလားဒေ့ရှ်မှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG