သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေ အခြေချနေထိုင်ခွင့်ရရေး ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရတိုက်တွန်း


ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းအတွင်း နေရပ်ပြန်ရေးဆန္ဒပြနေကြသူများ (ဩဂုတ် ၂၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းအတွင်း နေရပ်ပြန်ရေးဆန္ဒပြနေကြသူများ (ဩဂုတ် ၂၅၊ ၂၀၂၄)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတာနဲ့အတူ ပိုများလာနိုင်တဲ့ နေရပ်စွန့်ခွါ ရိုဟင်ဂျာဒုက္ခသည်တွေကို တတိယနိုင်ငံတခုမှာပြန်လည်နေရာချထားရေး အရှိန်မြှင့်လုပ်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် Muhammad Yunus က တနင်္ဂနွေနေ့က တောင်းဆိုပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ရိုဟင်ဂျာဒုက္ခသည် ၈,၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းတွေမှာ ၂၀၁၇ စစ်တပ်နယ်မြေရှင်းလင်းမှုတွေတုန်းက နေရပ်စွန့်ခွါထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော်ရှိနှင့်နေပြီး အခုထပ်တိုးလာတဲ့ဒုက္ခသည်တွေကြောင့် စခန်းတွင်း ဒုက္ခသည်တွေပိုများလာတာပါ။

သူတို့ကို အမြန်ဆုံးပြန်လည်နေရာချထားရေး လုပ်ဆောင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် Muhammad Yunus က (IOM) ကုလသမဂ္ဂ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အေဂျင်စီနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ပြောဆိုခဲ့တာပါ။ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွေက အဆင်ပြေလွယ်ကူဖို့ လိုအပ်တယ်လို့လည်း Yunus ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ IOM အကြီးအကဲ Abdusattor Esoev ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို တတိယနိုင်ငံမှာ ပြန်လည်နေရာချထားရေး ၂၀၂၂ ခုနှစ်ကတည်းက ပြန်ပြီးအကောင်အထည်ဖော်နေတယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အမေရိကန်ကလည်း ရိုဟင်ဂျာထောင်နဲ့ချီကို ပြန်လည်နေရာချထားရေး သူ့ရဲ့ ကတိကဝတ်တွေကို ထပ်ပြီးအတည်ပြုထားပေမဲ့ လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာကိုလည်း ကြေညာချက်မှာဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟောင်း Mohammad Touhid Hossain ကတော့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုထပ်ပြီးလက်ခံနိုင်မှာမဟုတ်သလို အိန္ဒိယနဲ့ တခြားနိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေကို ပိုပြီးလက်ခံပေးဖို့ ပြီးခဲ့တဲ့လက တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG