သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ပဋိပက္ခသစ်မှာပိတ်မိနေဟု Fortify Rights ထုတ်ပြန်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇား ဘာလုခါလီ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာများ။ (ဖေဖော်ဝါရီ ၂၊ ၂၀၂၁)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇား ဘာလုခါလီ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာများ။ (ဖေဖော်ဝါရီ ၂၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူနည်းစုတွေဟာ အကြမ်းဖက်နှိမ်နင်းမှုအသစ်ထဲမှာ ပိတ်မိနေကြတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းကြီးနှစ်ဖွဲ့က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။ ၂၀၁၇ တုန်းကလည်း ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို သိန်းချီထွက်ပြေးခဲ့ကြရတာပါ။

မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ ၆ သိန်းကျန်ရှိနေသေးပြီး မြန်မာစစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ ကြား လက်နက်ကိုင်ပဋိပက္ခမှာ ကြားညပ်နေခဲ့တယ်လို့ အေအက်ဖ်ပီသတင်းကဆိုပါတယ်။ စစ်ကောင်စီက စစ်သားအသစ်တွေကို အဓမ္မစုဆောင်းခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ၂,၀၀၀ ကျော် ပါဝင်သွားခဲ့တယ်လို့လည်း အေအက်ဖ်ပီက ပြောပါတယ်။

အာရက္ခတပ်တော် AA ဟာ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ရိုဟင်ဂျာအရပ်သားတွေကို ဒီလမှာ ပစ်ခတ်ခဲ့တယ်လို Fortify Rights အဖွဲ့က အင်တာဗျူးခဲ့တဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မတိုက်ခိုက်မီ ထောက်လှမ်းရေး ဒရုန်းတစင်း လွှတ်ခဲ့တာကြောင့် AA က ရည်ရွယ်ချက်ရှိရှိတိုက်ခဲ့တာလို့ FORTIFY RIGHTS အစီရင်ခံစာက ဆိုပါတယ်။ မြေပြင်က ရိုဟင်ဂျာတွေက AA အပေါ် အပြစ်ဖို့ကြတယ်လို့ နိုင်ငံတကာ အကြပ်အတည်း လေ့လာရေးအဖွဲ့ ICG အစီရင်ခံစာကလည်း ပြောပါတယ်။ ဒါပေမဲ့ ဩဂုတ်လ ၇ ရက် ထုတ်ပြန်ချက်မှာ AA က အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

၂၀၁၇ တုန်းကနှိမ်နင်းမှုကို လူမျိုးသုဥ်းသတ်ဖြတ်မှု အဖြစ် နိုင်ငံတကာ တရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားပါတယ်။

ရိုဟင်ဂျာတွေ ပဋိပက္ခသစ်မှာပိတ်မိနေဟု Fortify Rights ထုတ်ပြန်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG