သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် ၂၀၁၇ ဖြစ်ရပ်မျိုး ထပ်ဖြစ်မည့်အရေး ကုလစိုးးရိမ်


Bangladesh Timeline Photo Gallery
Bangladesh Timeline Photo Gallery

ရခိုင်ပြည်နယ်မှာ ၂၀၁၇ တုန်းက ရိုဟင်ဂျာလူနည်းစုတွေ အပေါ် ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်မျိုး တကျော့ပြန် ဖြစ်ပွါးလာမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီး Volker Turk က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ တုန်းက ရိုဟင်ဂျာလူနည်းစုတွေ အပေါ် ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်မျိုး တကျော့ပြန် ဖြစ်ပွါးလာမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီး Volker Turk က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အခြေနေတွေ သိပ်ကိုဆိုးဝါးနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာတော့ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးရတဲ့ဒေသခံ ရာပေါင်းများစွာ အသတ်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို စိုးရိမ်ရကြောင်း ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာ သိမ်းချိန်ကစပြီး အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး စစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ကြားတိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တာပါ။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ ၆ သိန်းလောက် နေထိုင်တာ ဖြစ်ပြီး အခု တိုက်ခိုက်မှုတွေကနေ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ် ကုလသမဂ္ဂ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ၂၀၁၇ စစ်တပ်နယ်မြေရှင်းလင်းမှု ပုံစံမျိုး AA ရဲ့ ဒေသတွင်း တိုက်ခိုက်မှုတွေကနေ ထပ်မံ ဖြစ်ပွါးမှာ စိုးရိမ်ကြောင်း လူ့အခွင့်ရေး မဟာမင်းကြီးက ကြေညာချက် ထုတ်ပြန် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အခုဘင်္ဂလားဒေ့ရှ် ဘက်က နယ်စပ်ဖြတ်ကျော်မရအောင် ပိတ်ပင်ထားတာကြောင့် ရိုဟင်ဂျာတွေဟာ အရင်လို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်မပြေးနိုင်ပဲ စစ်တပ်နဲ့ AA တပ်တို့ကြား ပိတ်မိနေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာလည်း အရင်က ထွက်ပြေးခိုလှုံသူ တသန်းလောက်ကို လက်ခံထားရတာဖြစ်ပြီး အခု ဆို ရိုဟင်ဂျာ ၇ သိန်းလောက် နယ်စပ် ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံတာ ၇ နှစ် ပြည့်ပြီဖြစ်ကြောင်းပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးကရတဲ့ အချက်လက်တွေအရ စစ်တပ်ကရော AA တပ်ကပါ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ၊ ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်မှုတွေ ရှိနေတာ တွေ့ရတဲ့အတွက် လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေ အားလုံး အရပ်သားတွေကို မတိုက်ခိုက်အောင် အာဆီယံအဖွဲ့ကြီးကပါ ဝိုင်းဝန်းဖိအားပေးဖို့ နဲ့ လူနည်းစု ရိုဟင်ဂျာတွေကို အကာကွယ်ပေးကြဖို့လည်း ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။

Forum

XS
SM
MD
LG