သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေတိုက်ခိုက်ခံရမှု AI ဝေဖန်


ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)
ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ လက်ရှိ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်နေမှုတွေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က တိုက်ခိုက်မှုမျိုးတွေလိုပဲ ဆိုးရွားပြင်းထန်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International-AI က ၂၀၁၇ ခုနှစ်တိုက်ခိုက်မှု ၇ နှစ်ပြည့်မတိုင်မီ သြဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပြောလိုက်ပါတယ်။

ရိုဟင်ဂျာအရေးအခင်း ၇ နှစ်ပြည့်အချိန်မှာဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက ဆိုးရွားတဲ့အခြေအနေတွေဟာ အရင်ကကြုံဖူးတဲ့ အခြေအနေမျိုးတွေလိုဖြစ်နေပါတယ်။ နောက်ထပ်ဒုက္ခသည်တွေဟာ စီးပွားရေး၊ လုံခြုံရေး၊ အသက်ရှင်သန်ရေး အခြေအနေတွေ ဆိုးဝါးနေတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေ မှာထပ်မံခိုလှုံနေရတယ်လို့ AI အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာသုတေသီ Joe Freeman ပြောပါတယ်။

ရိုဟင်ဂျာအရပ်သားတွေဟာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ကြား ပြင်းထန်တဲ့စစ်ပွဲတွေကြားမှာ ကြားညပ်နေပြီးနှစ်ဘက်စလုံးက ရိုဟင်ဂျာတွေကို စစ်မှုမထမ်းမနေရ ထမ်းခိုင်းနေတယ်လို့လည်း AI ကစွပ်စွဲထားပါတယ်။

မြန်မာစစ်ကောင်စီတပ်တွေဟာ စစ်ရှုံးနေတဲ့အတွက် ရိုဟင်ဂျာနဲ့ရခိုင်အရပ်သားတွေကိုသတ်ဖြတ်တာတွေ၊ အိမ်တွေ၊ဈေးတွနဲ့ အများပြည်သူ အဆောက်အဦးတွေကိုဖျက်စီးတာတွေရှိနေတယ်လို့လည်း စွပ်စွဲထားပါတယ်။ ဒါ့အပြင် AA အာရက္ခတပ်တော်အနေနဲ့လည်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိတယ်လို့ စွပ်စွဲခံထားရကြောင်းဖေါ်ပြထားပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အာရက္ခတပ်တော်ကတော့ ငြင်းဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အရပ်သားတွေကိုတိုက်ခိုက်တာတွေကိုချက်ခြင်းရပ်တန့်ဖို့နဲ့ အာရက္ခတပ်တော်အနေနဲ့လည်းနိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေတွေကို လိုက်နာလာအောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်းဖိအားပေးဖို့ AI က တိုက်တွန်းထားပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆိုကာ ရိုဟင်ဂျာကျေးရွာတွေကိုဖျက်ဆီးတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးဒါဏ်ရာရသူတွေရှိခဲ့ပြီး ရိုဟင်ဂျာ ၇ သိန်း ခွဲလောက် ဘင်္ဂလားဒေ့ရှ် ဘက်ထွက်ပြေး ခိုလှုံခဲ့ပါတယ်။

XS
SM
MD
LG