သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်မဖော်နိုင်တဲ့အပေါ် AI ဝေဖန်


Indonesia ASEAN
Indonesia ASEAN

မြန်မာနိုင်ငံ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံတွေ ချဉ်းကပ်ခဲ့တဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေးဟာ မအောင်မြင်ခဲ့ဘူးဆိုတာ လက်ခံပြီး ပိုမိုထိရောက်အောင် ကျင့်သုံးဖို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ ကြားဝင်ဖို့ အာဆီယံနိုင်ငံတွေ ပြီးခဲ့တဲ့နှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပတဲ့ ထိပ်သီးညီလာခံမှာ ဘုံသဘောတူညီချက်တွေ ချမှတ်ခဲ့တဲ့ နှစ် နှစ်ပြည့် ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က မျက်ကွယ်ပြုနေဆဲဖြစ်ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ခြေတွေ ဆက်လက် ကျုးလွန်နေတဲ့အကြောင်း Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးက ကြေညာချက်မှာ ဖေါ်ပြပါတယ်။ စစ်တပ်က လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်နေတာ၊ ဘယ်သူဘယ်ဝါမခွဲခြားပဲ သိမ်းကြုံး ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့၊ တရားလက်လွတ်ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ ခြိမ်းခြောက် ဖမ်းဆီးနှိပ်စက်မှုတွေ ရပ်ဆိုင်းဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုရေး လူ့အခွင့်အရေးအဖွဲ့ကြီးက အဆိုပြုထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး စစ်တပ်က အတင်းအကြပ်လုပ်ဆောင်နေတာတွေကို ဟန့်တားဖို့လည်း တောင်းဆိုထားပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း အာဆီယံအနေနဲ့ မြန်မာနိုင်ငံ့အရေးမှာ ဘုံသဘောတူညီချက် ၅ ချက်ထက် ကျော်လွန်ပြီး ပြတ်ပြတ်သားသား ရပ်တည်ပြီး လက်တွေ့ကျတဲ့၊ တိကျတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG