သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူလေကြောင်းတိုက်ခိုက်မှု အာဆီယံအပြင်းအထန် ပြစ်တင်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

အရပ်သားတရာကျော်သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် အာဆီယံက အပြင်းအထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ပဇီကြီးကျေးရွာအပေါ် မြန်မာလေတပ်က တိုက်ခိုက်ခဲ့တဲ့အပေါ် အာဆီယံက အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ဒီနေ့ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ်။ အကြမ်းဖက်မှု ပုံစံအားလုံး ချက်ခြင်းရပ်ဖို့နဲ့ အရပ်သားတွေအပေါ် အင်အားသုံးတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံ ရေရှည် ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်လာဖို့ အကြမ်းဖက်မှုတွေ ရပ်စဲမှာသာ ရရှိနိုင်မှာ ဖြစ်တဲ့အကြောင်း အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက် မလိုဘဲ ထုတ်ပြန်တဲ့ အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ မြန်မာပြည်သူတွေရဲ့ နှစ်သစ်ကူး အခါသမယမှာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်တဲ့ ဒီ သတင်းဟာ အကြီးအကျယ် ထိတ်လန့်စရာဖြစ်ပါတယ်လို့ ဥရောပသမဂ္ဂနိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူကလည်း Nabila Massrali က ဗုဒ္ဓဟူးနေ့ မှာ ပြောကြားပါတယ်။

ကလေးအယောက် ၃၀ ဝန်းကျင်အပါအဝင် အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ရတဲ့အတွက် ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီနဲ့နော်ဝေးနိုင်ငံတို့ကလည်း မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး တာဝန်ရှိသူတွေကိုအရေးယူဖို့ တောင်းဆိုထားကြပါတယ်။ “စက်ဆုပ်ရွံရှာစရာ” ကောင်းတဲ့ ဒီ လေကြောင်းတိုက်ခိုက်မှုကို ပြင်သစ်နိုင်ငံ က အပြင်းထန်ဆုံးရှုတ်ချလိုက်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ပါတယ်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အကြမ်းဖက်တာတွေရပ်ဖို့ မြန်မာစစ်တပ်ကို အလားတူ တောင်းဆိုပါတယ်။ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုသတင်းကြောင့် ထိတ်လန့်တုန်လှုပ်ရပါတယ်လို့ နော်ဝေးနိုင်ငံခြားရေး ဝန်ကြီး Anniken Huitfeldt ကလည်းပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့အညီ အရပ်သားတွေအပေါ်တိုက်ခိုက်တာ အပါအဝင် အကြမ်းဖက်မှုပုံစံအားလုံးကို ရပ်ရမှာ ဖြစ်သလို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကိုလည်း လေးစားပြီး တာဝန်ရှိသူတွေကို အရေးယူကြရပါမယ်လို့ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}






XS
SM
MD
LG