သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးရွာတိုက်ခိုက်မှု လုံခြုံရေးကောင်စီစည်းဝေး ဗြိတိန်ခေါ်ယူ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)


{{Zawgyi/Unicode}}

အရပ်သား ၁၀၀ ကျော်သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအနေနဲ့ ဝေဖန်ရှုတ်ချတဲ့ ကောင်စီအလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ချက်မူကြမ်းတရပ်ကို ဧပြီလ ၁၂ နေ့က ဗြိတိန်နိုင်ငံ တင်သွင်းခဲ့ပေမယ့် တရုတ်နဲ့ ရုရှားတို့က လက်မခံခဲ့ဘူးလို့ သံတမန်အသိုင်းအဝိုင်းကတဆင့် ဗွီအိုအေက သိရှိရပါတယ်။

ဒါကြောင့် ဒီနေ့ ဧပြီလ ၁၃ ရက်နေ့ နယူးယောက် စံတော်ချိန်မနက်ပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတရပ်ခေါ်ယူဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုထားပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့ အရပ်သားတွေအပေါ်အကြမ်းဖက်မှု ရပ်တန့်ဖို့အပါအဝင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မဲခွဲဆုံးဖြတ်အတည်ပြုထားတာပါ။

ကုလအကြီးအကဲတွေကတော့ ဒီဆုံးဖြတ်ချက်ကို မြန်မာစစ်ကောင်စီက ချိုးဖောက်ထားတယ်လို့ စွပ်စွဲထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖြစ်ထွန်းတိုးတက်မှုတွေကို ဗွီအိုအေက စောင့်ကြည့်တင်ပြသွားပါမယ်။

ပဇီကြီးရွာတိုက်ခိုက်မှု လုံခြုံရေးကောင်စီစည်းဝေး ဗြိတိန်ခေါ်ယူ
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

------------
{{Unicode}}





ပဇီကြီးရွာတိုက်ခိုက်မှု လုံခြုံရေးကောင်စီစည်းဝေး ဗြိတိန်ခေါ်ယူ
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG