သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဘုံသဘောတူညီချက် ၅ ရပ် မြန်မာအကောင်ထည်ဖေါ်ဖို့ အင်ဒိုကြိုးပမ်း 


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi


{{Zawgyi/Unicode}}

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်လာရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ဖိအားပေးဆောင်ရွက်နေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဧပြီလ ၅ ရက်နေ့မှာ ပြောပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ၂၀၂၃ ခုနှစ် အလှည့်ကျဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့သုံးလတာအတွင်း အခုလို တွန်းအားပေးဆောင်ရွက်ခဲ့တာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Marsudi က ဂျကာတာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်ကို Vietnam Plus သတင်းမှာ ဖော်ပြထားပါတယ်။

အာဆီယံရဲ့အခန်းကဏ္ဍ ဆက်လက်ခိုင်မာအားကောင်းအောင် ဆောင်ရွက်နေတဲ့တချိန်တည်းမှာပဲ စည်းလုံးခိုင်မာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို အဓိကရည်ရွယ်ပြီး မြန်မာနဲ့ တခြားနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် အင်ဒိုနီးရှားက တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ဝန်ကြီး Marsudi က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက လူမျိုး ဘာသာ၊ နိုင်ငံရေးနောက်ခံတွေမခွဲခြားဘဲ လူသားချင်းစာနာမှု အကူအညီတွေ အာဆီယံဘက်က ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ် ဆွေးနွေးမှု ပြန်လည်စတင်နိုင်အောင်လည်း အင်ဒိုနီးရှားက ဆောင်ရွက်နေကြောင်းလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့ အင်ဒိုနီးရှားက ဆက်လက်ဆောင်ရွက်မယ့်အကြောင်းလည်း ဝန်ကြီး Marsudi က ကတိပြုပါတယ်။ ပါဝင်ပတ်သက်သူတွေကြားမှာ ကွဲပြားခြားနာမှုတွေကို ဖြေရှင်းနိုင်တဲ့ ပေါင်းကူးအဖြစ်ရော ယုံကြည်မှုတည်ဆောက်နိုင်ရေးကိုပါ ဆက်လက် ဆောင်ရွက်မယ်လို့လည်း သူမက ပြောပါတယ်။

ဒါ့ပြင် မတ်လ ၁၃ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းဝေးမှာ အင်ဒိုနီးရှားက မြန်မာ့အရေးနဲ့ပတ်သက်ပြီး တင်ပြခဲ့ကြောင်းနဲ့ ဒီအစည်းဝေးကို တက်ရောက်လာတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကလည်း မြန်မာ့အရေးမှာ အာဆီယံရဲ့အရေးပါမှု၊ အင်ဒိုနိးရှားရဲ့ အာဆီယံဥက္ကဋ္ဌအခန်းကဏ္ဍနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အခိုင်အမာထောက်ခံခဲ့ကြတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG