သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်၊ အင်ဒို ၂ နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းရေး လုပ်ဆောင်


ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi တွေ့ဆုံနေကြစဉ် (မတ် ၆၊ ၂၀၂၃)
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi တွေ့ဆုံနေကြစဉ် (မတ် ၆၊ ၂၀၂၃)

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ တနင်္လာနေ့က တွေ့ဆုံပြီး ၂ နိုင်ငံအကြား နီးကပ်တဲ့ ဆက်ဆံရေးရှိကြောင်း အတည်ပြုပြောကြားသွားပါတယ်။ ဒီနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဂျပန်နိုင်ငံဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပပေးမှုကနေ ၂နိုင်ငံအကြားမှာ မဟာဗျူဟာအရ မိတ်ဖက်ဆက်ဆံရေး ပိုမိုအားကောင်းလာမယ်လို့ မျှော်လင့်တဲ့အကြောင်း Marsudi က ပြောပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hayashi ကလည်း ၂ နိုင်ငံအကြား မိတ်ဘက်ဆက်ဆံရေး အားကောင်းစေဖို့ အတွက် နိုင်ငံတကာကိစ္စရပ်တွေနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးလိုပါတယ်လို့ ပြောပါတယ်။

နိုင်ငံတကာရေးရာတွေ ရှုပ်ထွေးနေတဲ့ အခြေအနေကြားမှာ အထူးသဖြင့်ကတော့ ဒီနှစ်နောက်ပိုင်းကျင်းပဖို့ရှိတဲ့ ဂျပန်၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်ဖို့ ပြုလုပ်ကြရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ G-7 စက်မှုထိပ်သီးဆွေးနွေးပွဲကို ဒီနှစ်မေလမှာ အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကလည်း ဒီနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ဂျပန်၊ အင်ဒို ၂ နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းရေး လုပ်ဆောင်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG