သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-တ႐ုတ္ ၿပိဳင္ဆိုင္မႈ ႏွင့္ NUG အေနအထား


တနလၤာေန႔က အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ဒီစီမွာဖြင့္လွစ္တဲ့ NUG အမ်ဳိးသားညီၫြတ္ေရးအစိုးရရဲ႕ ႏိုင္ငံျခားေရး႐ုံးကို ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ NUG ဝန္အႀကီးေတြနဲ႔အတူအေမရိကန္ ဒုႏိုင္ငံျခားေရးဝန္ႀကီးUzra Zeya လည္း တက္ေရာက္စဥ္။ (ေဖေဖၚဝါရီ ၁၃၊ ၂၀၂၃)

အေမရိကန္ျပည္ေထာင္စု ဝါ႐ွင္တန္ၿမိဳ႕ေတာ္မွာ NUG ႐ုံးဖြင့္လွစ္ၿပီး အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးကိုယ္တိုင္ တက္ေရာက္ခ်ီးျမႇင့္တဲ့အထိ NUG ရဲ႕ တိုးတက္ေအာင္ျမင္မႈအေပၚ တ႐ုတ္ႏိုင္ငံက ဘဝင္က်ပါရဲ႕လား။ တ႐ုတ္က သူ ၾသဇာလႊမ္းမိုးထားတယ္လို႔ ယူဆခံေနရတဲ့ တိုင္းရင္းသားေတာ္လွန္ေရးအင္အားစုေတြကို တစုံတရာ ဖိအားေပးလာႏိုင္ပါသလား။ ယခင္ NCGUB အေဝးေရာက္အစိုးရအဖြဲ႔ဝင္လည္းျဖစ္တဲ့ ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာတင့္ေဆြနဲ႔ ဦးေက်ာ္ဇံသာ ေဆြးႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ တေလာတုန္းက NUG အစိုးရရဲ ႔ ကိုယ္စားလွယ္ရံုး အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ ႔ေတာ္မွာ ဖြင့္လွစ္ၿပီး ရက္ပိုင္းအနည္းငယ္မွာပဲ တရုတ္အထူးကိုယ္စားလွယ္က ျမန္မာႏုိင္ငံေျမာက္ပိုင္းက တိုင္းရင္းသား ေတာ္လွန္ေရးအင္အားစုေတြကို ေတြ႔ဆံုပါတယ္။ ဒီကိစၥႏွစ္ခုက သာမန္တိုက္ဆိုင္မႈလို႔ က်ေနာ္ မထင္ပါဘူး။ ဆရာ ဘယ္လိုသေဘာရပါသလဲ။

ေျဖ ။ ။ NUG အပါအဝင္ ျမန္မာ့ေႏြဦးေတာ္လွန္ေရးကို အေမရိကန္ဘက္က ေထာက္ခံလာမႈေတြက ပိုတုိးလာတဲ့ဟာမွာ အခုရံုးဖြင့္ႏုိင္တဲ့ အေနအထားက ေနာက္ဆံုးအေျခအေနေပါ့။ သို႔ေသာ္လဲ NUG အပါအဝင္၊ ေႏြဦးေတာ္လွန္ေရးက (၂) ႏွစ္တိတိပဲ ရိွပါေသးတယ္။ တရုတ္ကေတာ့ ျမန္မာႏုိင္ငံအေပၚ လႊမ္းမုိးထိုးေဖာက္ အပိုင္စီးေနခဲ့မႈေတြကေတာ့ ႏွစ္အေတာ္ၾကာၾကာ ရိွခဲ့ၿပီ။ သူကေတာ့ စီမံကိန္းအရွည္ႀကီးနဲ႔ ဆက္လက္ၿပီးေဆာင္ရြက္ေနတယ္လို႔ က်ေနာ္ ျမင္ပါတယ္။ သို႔ေသာ္လဲပဲ အခု အေမရိကန္ ေနာက္ဆံုးေထာက္ကူခ်ိန္မွာ တရုတ္က အထူးကိုယ္စားလွယ္ အဲဒီလို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းေတြကို လာေတြ႔ျခင္းကေတာ့ အေမရိကန္ရဲ ႔ တုိးတက္လာမႈကို သူက တတ္ႏုိင္သေလာက္ ထိန္းခ်ဳပ္ခ်င္လို႔ လာတယ္လုိ႔ေတာ့ က်ေနာ္တုိ႔ ေျပာလို႔ ရႏိုင္ပါတယ္။ အဲဒီေတာ့ တရုတ္က ျမန္မာႏုိင္ငံအေပၚမွာ လႊမ္းမိုးထိန္းခ်ဳပ္လာတဲ့အထဲမွာ တိုင္းရင္းသား လက္နက္ကိုင္အင္အားစုေတြလည္း ပါတယ္။ စစ္တပ္ကိုယ္ႏိႈက္လည္း ပါတယ္။ စီးပြားေရးေနရာကေတာ့ ေျပာစရာမရိွေလာက္ေအာင္ မ်ားတယ္။ ဆိုေတာ့ သူလုပ္ႏိုင္တာကို တရုတ္ဘက္က ႀကိဳးစားၿပီေတာ့ လုပ္တယ္လို႔ ျမင္တယ္။ သူလုပ္ႏုိုင္တာက သူ႔ရဲ ႔ ေထာက္ကူမႈ (သို႔မဟုတ္) သူ႔ရဲ ႔ ကူညီပံ့ပိုးမႈ၊ သူ႔ရဲ ႔ ဝိုင္းရံမႈ။ အာမနာတမ္းေျပာရရင္ တခ်ဳိ ႔ဆိုရင္ သူ႔ရဲ ႔ ႀကိဳးဆြဲမႈ ပါတဲ့ အဖြဲ႔အစည္းေတြလည္း ရိွပါလိမ့္မယ္။ ဒါေတြကို သူလာၿပီေတာ့ သူျဖစ္ခ်င္တာကို ေျပာတဲ့သေဘာ ျဖစ္ပါတယ္။

ေမး ။ ။ အေမရိကန္က အကူအညီ ပိုေပးဖုိ႔ လုပ္လာတဲ့အခ်ိန္မွာ တရုတ္က သူ႔ဘက္က ဆရာ အခုနေျပာတဲ့ အဖြဲ႔အစည္းေတြကို သူ႔ဘက္မွာ ဆက္လက္ရိွေနေစခ်င္တယ္။ အေမရိကန္ဘက္ ပါမသြားေစခ်င္ဘူးဆိုေတာ့ သူက ပါးစပ္နဲ႔ လာတားတာလား။ သူတုိ႔က အကူအညီ ပိုေပးမယ္ဆုိတဲ့ သေဘာလား။ နင္တုိ႔ အေမရိကန္ေနာက္ကို မလုိက္တဲ့ မင္းတို႔ လိုခ်င္တဲ့ အကူအညီ ပိုေပးမယ္ဆိုတဲ့ သေဘာမ်ဳိးမ်ား ျပသမယ့္အလားအလာ ရိွပါသလား။

ေျဖ ။ ။ ထြက္တဲ့သတင္းေတြနဲ႔ ေတြ႔တဲ့အဖြဲ႔အစည္းေတြရဲ ႔ တာဝန္ခံေတြ ေျပာသမွ်ကေတာ့ အဲဒီလိုသေဘာေတာ့ မပါဘူး။ သူတုိ႔ကလည္း ေတာ္ေတာ္ထိန္ထိန္သိမ္းသိမ္း ေျပာၾကတဲ့သေဘာျဖစ္ေတာ့ မွန္းဆခ်က္ပဲ က်ေနာ္တုိိ႔ ရိွမယ္။ အဲဒီေတာ့ ေသခ်ာတာကေတာ့ တရုတ္က ငါတုိ႔ အကူအညီ ပို႔ေပးမယ္လုိ႔ေတာ့ ေျပာတာ မထင္ဘဲနဲ႔ မင္းတို႔ စစ္တပ္ကို သြားမတိုက္ၾကနဲ႔လို႔ တားတဲ့သေဘာ။ တနည္းအားျဖင့္ စစ္တပ္ကို သက္သာရာ သက္သာေၾကာင္း လာၿပီးေတာ့ တားတဲ့သေဘာ ျဖစ္ၿပီေတာ့ မင္းတို႔ကို ပိုအကူအညီေပးမယ္လို႔ေတာ့ ေျပာမယ္မထင္ဘူး။ သို႔ေသာ္လဲ ဒါက က်ေနာ့္ မွန္းဆခ်က္ပဲ ျဖစ္ပါတယ္။

ေမး ။ ။ က်ေနာ္တုိ႔လည္း ခင္မ်ားတို႔ ဘာေျပာၾကသလဲဆိုတာေတာ့ ဘယ္လုိမွေမးလို႔ မေကာင္းဘူး။ သူကလည္း ဘယ္ေျပာပါ့မလဲ။ ဒါေပမဲ့ က်ေနာ္ စဥ္းစားမိတာက တရုတ္ကလည္း ျမန္မာႏုိင္ငံအတြင္းမွာ စီးပြားေရးနည္းမ်ဳိးစံု ရိွေနေတာ့ သူတို႔ကလည္း အၿမဲတမ္းေျပာေနတယ္။ ျမန္မာႏုိင္ငံ ၿငိမ္းခ်မ္းသာယာဖို႔က သူတုိ႔အတြက္ သိပ္အေရးႀကီးတယ္။ ဒါမွ သူတုိ႔အက်ဳိးစီးပြား ျဖစ္ထြန္းမယ္။ စီးပြားေရးလုပ္တဲ့ ကိစၥေတြကအစ ပိုၿပီးေတာ့ အဆင္ေျပမယ္ဆိုေတာ့ အေမရိကန္ကလည္း ထိုနည္းအတိုင္း လိုခ်င္တယ္။ ျမန္မာႏုိင္ငံျပႆနာ ၿငိမ္းေအးဖို႔ လိုခ်င္တယ္ဆိုေတာ့ ႏွစ္ႏုိင္ငံလံုးက ျမန္မာႏုိင္ငံ ျပႆနာေတြကို ေျပလည္ေစခ်င္တယ္၊ ၿငိမ္းေအးေစခ်င္တယ္ဆိုေပမဲ့ အဲဒီျမန္မာႏိုင္ငံမွာ ၿပိဳင္တူထားတဲ့ ေစတနာက သူတုိ႔ႏုိင္ငံေတြရဲ ႔ ကြဲလြဲတဲ့ အက်ဳိးစီးပြားေတြကို ပိုၿပီးေတာ့ ဦးစားေပးေနတယ္ဆိုရင္ေကာ။

ေျဖ ။ ။ က်ေနာ္လည္း အဲဒီလိုထင္တယ္။ ျမန္မာႏုိင္ငံကို ေအးခ်မ္းေစခ်င္တယ္၊ တိုးတက္ေစခ်င္တယ္။ ဒီမိုကေရစီတို႔ ဖက္ဒရယ္တုိ႔ ရေစခ်င္တယ္လို႔ ႏွစ္ႏိုင္ငံလံုးက ဦးေဆာင္ၿပီးေတာ့ ေရွ ႔ေဆာင္ေဆာင္ရြက္ လုပ္ေနတဲ့ ႏုိင္ငံေတြက အေမရိကန္နဲ႔ တရုတ္တုိ႔ မရိွဘူးလို႔ ယူဆပါတယ္။ တရုတ္ရဲ ႔ လတ္တေလာ တပတ္ေလာက္အတြင္းမွာ ႏိုင္ငံတကာ လႈပ္ရွားမႈစင္ျမင့္မွာ ထူးျခားတဲ့ ျဖစ္စဥ္ေတြ ေဆာင္ရြက္ပါတယ္။ ျမန္မာႏုိင္ငံကို အထူးကိုယ္စားလွယ္ တုိင္းရင္းသားအဖြဲ႔အစည္းေတြကို လာေတြ႔တဲ့ တခ်ိန္တည္းမွာ ႏုိင္ငံျခားေရးဝန္ႀကီးသစ္က အာဆီယံ ဂ်ာကာတာကို လာတယ္။ ဝမ္ယိက ေမာ္စကိုကို သြားတယ္။ ဒီသံုးခ်က္ကို ၾကည့္လိုက္ရင္ ဒီသံုးခ်က္လံုးရဲ ႔ တရုတ္ႏုိင္ငံရဲ ႔ ပင္မလႈပ္ရွားမႈက အေမရိကန္ကို ေရေရာဖို႔ အေမရိကန္ရဲ ႔ အေရွ ႔ေတာင္အာရွနဲ႔ ေတာင္အာရွ ဘဂၤလား-ပစီၥဖိတ္ ေဒသေတြမွာ အေမရိကန္ ထိုးေဖာက္လာတာကို တားဖုိ႔ ႀကိဳးစားလာတာပဲ။ ေမာ္စကိုကေတာ့ နည္းနည္း ရုရွား-ယူကရိန္းကိစၥ ပါတာေပါ့။ အဲဒီလိုျဖစ္ၿပီေတာ့ အေမရိကန္ကလည္း ဘဂၤလားနဲ႔ ပစၥီဖိတ္ သမုဒၵရာ စစ္ေရးနဲ႔ လံုၿခံဳေရး အခ်က္အျခာကို အေမရိကန္ဘက္က စၿပီေတာ့ လုပ္လာတယ္။ အရင္သမၼတ ထရမ့္လက္ထက္ကတည္းက စလာတာ၊ အခုလည္း ဒီအတိုင္းပဲ။ အေမရိကန္က သူလုပ္စရာရိွတာကို ဆက္လုပ္တယ္။ ဒါကို တရုတ္က တတ္ႏုိင္ဆံုး သူလိုတာရေအာင္ ႀကိဳးစားၿပီးေတာ့ အာဆီယံကိုလည္း လာေဖ်ာင္းဖ်တယ္။ အာဆီယံကို ေဖ်ာင္းဖ်တာလည္း မင္းတို႔ ဘယ္ဘက္မွ မလိုက္နဲ႔ဆိုတာမ်ဳိး လာေျပာတာ။ Independence ဆိုတဲ့ လြတ္လပ္တဲ့ ေပၚလစီ က်င့္သံုးၾကဆိုၿပီးေတာ့ ေျပာတာ။ အမွန္ေတာ့ အေမရိကန္ေနာက္ မလိုက္နဲ႔လို႔ တားျမစ္တာ။ အဲဒီေတာ့ ႏွစ္ႏိုင္ငံလံုးက ဒီေန႔ ကမၻာ့အင္အားအႀကီးဆံုး ႏိုင္ငံႀကီး ႏွစ္ႏုိင္ငံျဖစ္ေတာ့ သူတုိ႔ရဲ ႔ အားၿပိဳင္မႈထဲမွာ က်ေနာ္တုိ႔ ျမန္မာႏိုင္ငံက ပါေနေတာ့ ျမန္မာႏုိင္ငံရဲ ႔ အက်ဳိးစီးပြားထက္ သူတို႔ႏွစ္ႏုိင္ငံရဲ ႔ အက်ဳိးစီးပြားကို ေဆာင္ရြက္ေနၾကတာပဲလို႔ က်ေနာ္ ျမင္ပါတယ္။

ေမး ။ ။ အခု အင္ဒိုနီးရွား ဦးေဆာင္ၿပီေတာ့ ျမန္မာ့အေရး သူတုိ႔လုပ္မယ့္ကိစၥကို တရုတ္ကလည္း ေထာက္ခံတဲ့သေဘာ ရိွတယ္။ တခ်ိန္တည္းမွာ အေမရိကန္ကလည္း လက္ခံတယ္ဆိုေတာ့ သူတုိ႔ႏွစ္ႏုိင္ငံစလံုးက အင္ဒိုနီးရွား ဦးေဆာင္ေသာ အာဆီယံမူေနာက္မွာ ညီညီညာညာ လက္တြဲၿပီး မလုိက္ႏုိင္ၾကဘူးလား။ ျမန္မာႏုိင္ငံကို သူ႔ဘက္ကိုယ့္ဘက္ဆုိၿပီးေတာ့ ကြက္ၿပီး လုခ်င္ေနၾကတဲ့ သေဘာလား။ စဥ္းစားစရာ ျဖစ္မလာဘူးလား။

ေျဖ ။ ။ အာဆီယံရဲ ႔ ဘံုသေဘာတူညီခ်က္ (၅) ခ်က္ကလည္း (၂) ႏွစ္ ရိွေသာ္လဲပဲ ဘာမွ အရာမထင္ဘူး။ သို႔ေသာ္လဲပဲ ဥကၠ႒ႏုိင္ငံ အေျပာင္းအလဲမွာ ဒီ အင္ဒိုနီးရွား ဥကၠ႒သက္တမ္းမွာ တစံုတရာမ်ား ထိုးထြင္းတဲ့ ေဆာင္ရြက္မႈမ်ား ရိွေလမလား။ ဥပမာ အင္ဒိုနီးရွားက အကုန္လံုးကို ေတြ႔ခ်င္တယ္ဆုိတဲ့မူက အသစ္ျဖစ္ၿပီးေတာ့ ဒါကိုလုပ္ႏုိင္ရင္ေတာ့ တစံုတရာ ေရွ ႔ေရာက္ႏုိင္တယ္။ စစ္တပ္ပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ တဘက္လွည့္ေတြ႔မယ္ဆုိတဲ့ အခ်က္ကေတာ့ ေကာင္းတဲ့အခ်က္လို႔ က်ေနာ္ ျမင္တယ္။ လက္ေတြ႔ျဖစ္မျဖစ္ေတာ့ က်ေနာ္တုိ႔ မေျပာႏုိင္ေသးဘူး။

ေမး ။ ။ ယူကရိန္းအေရးမွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေတာ့ ကုလသမဂၢမွာ ေပၚေပၚထင္ထင္ေလွ်ာက္ဖုိ႔ ဆံုးျဖတ္္လိုက္ပါတယ္။ ဆိုေတာ့ ရုရွားနဲ႔ေတာ့ NUG တုိ႔ လံုးဝတဘက္စီ ျဖစ္သြားၿပီလို႔ ေျပာရမွာေပါ့။ တရုတ္ကေရာ NUG ကို အဲဒီသေဘာမ်ဳိး ျမင္ပါလား။ လံုးဝ သူတုိ႔နဲ႔ ဆန္႔က်င္ဘက္လို႔ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ျမင္သြားသလား။ ဒါလဲ နည္းနည္းစဥ္းစားစရာ ျဖစ္မယ္ထင္တယ္။ အဲဒီစကားကိုေကာ တရုတ္ရဲ ႔ NUG အေပၚထားတဲ့အေပၚ ဘယ္ေလာက္ထိ ရိုက္ခတ္မႈ ရိွႏိုင္ပါသလဲ။ NUG က ယူကရိန္း က်ဴးေက်ာ္မႈကို ရွဳတ္ခ်လိုက္တဲ့ဟာ။

ေျဖ ။ ။ တရုတ္ကေတာ့ ရုရွားဘက္ကပါတာ ေသခ်ာေသာ္လဲ ဝမ္ယိ ေမာ္စကိုမွာေျပာတဲ့သေဘာကေတာ့ အခ်ဳပ္အျခာအာဏာပိုင္မႈကို ရိုေသရမယ္ဆိုတဲ့ အခ်က္ကေတာ့ က်ေနာ့္အျမင္ ေကာင္းတဲ့အခ်က္ ျဖစ္တယ္။ ယူကရိန္းရဲ ႔ အခ်ဳပ္အျခာအာဏာကို ေလးစားရမယ္ဆိုတဲ့သေဘာ သက္ေရာက္တယ္။ သို႔ေသာ္ ေနာက္တဘက္ ထပ္ေတြးၾကည့္လို႔ရိွရင္ တကယ္လို႔ အေမရိကန္ကလည္း ယူကရိန္းကို စစ္ေရးအကူအညီေတြ တိုးေပးလာတယ္။ ေနာက္ တရုတ္ကလည္း ခယမ္းမီးေက်ာက္ေတြ ေပးေတာ့မယ္ဆဲဆဲ ျဖစ္ေနတဲ့အခ်ိန္မွာ - ေနာက္တခါ က်ေနာ္တုိ႔ ေဆြးေႏြးခဲ့သလို ဘဂၤလားနဲ႔ ပစီၥဖိတ္မွာ အေမရိကန္ရဲ ႔ တိုးခ်ဲ ႔လာမႈအေပၚမွာ တရုတ္ကလည္း သူ႔ရဲ ႔ အခ်ဳပ္အျခာအာဏာ ပိုင္မႈကိုပါ ေလးစားရမယ္လုိ႔ ေျပာေလသလားလုိ႔ေတာင္ က်ေနာ္တုိ႔ တြက္ရမယ္။ ယူကရိန္းရဲ ႔ အခ်ဳပ္အျခာအာဏာ ပိုင္မႈလိုပဲ သူ႔အခ်ဳပ္အျခာအာဏာပိုင္မႈကိုလည္း တားတဲ့သေဘာ ႏွစ္ခုျဖစ္ေနေတာ့ကာ စဥ္းစားစရာေပါ့။ သို႔ေသာ္လဲ က်ေနာ္ျမင္တာက NUG က ယူကရိန္းကို ေထာက္ခံ၊ ရုရွားကို ကန္႔ကြက္တဲ့အခ်က္အတြက္ေတာ့ တရုတ္ကေတာ့ အႀကီးအက်ယ္ စိတ္ဆိုးမယ္လို႔ေတာ့ က်ေနာ္က မထင္ဘူး။ ရုရွားကေန ဗမာစစ္တပ္ကို ေထာက္ခံေနမႈကေတာ့ လံုးလံုး တရုတ္က ရာႏႈန္းျပည့္ သေဘာတူတယ္လို႔ေတာ့ က်ေနာ္ မထင္ပါဘူး။

ေမး ။ ။ ဒီေနရာမွာ ေမးသင့္တယ္ထင္တဲ့ ေမးခြန္းတခုက အေမရိကန္ကို NUG ဘက္က ခ်ဥ္းကပ္မႈေတြ အမ်ားႀကီးရိွတယ္။ ခ်ဥ္းကပ္တဲ့အတိုင္းလည္း သူတုိ႔က ထိေရာက္မႈ၊ ေအာင္ျမင္မႈ၊ တံု႔ျပန္မႈေတြ ရရိွတယ္။ အလားတူစြာပဲ NUG အစိုးရက တရုတ္ကိုေကာ မခ်ဥ္းကပ္ေလဘူးလား။ အဲဒါကို ဆရာ ဘာၾကားပါသလဲ။ မခ်ဥ္းကပ္သင့္ဘူးလား။

ေျဖ ။ ။ က်ေနာ္ နားလည္သေလာက္ NUG ဘက္လည္း တရုတ္ကိုလည္း ဆက္ဆံေရး ေကာင္းခ်င္တယ္။ ကမ္းလွမ္းမႈေတြ၊ ႀကိဳးစားမႈေတြ ရိွတာေတာ့ အမွန္ပဲ။ သို႔ေသာ္လဲ တရုတ္က အခုထိေတာ့ ဟက္ဟက္ပက္ပက္ welcome ဆိုတဲ့ ႀကိဳဆိုမႈ တခ်က္မွ မေတြ႔ေသးဘူး။ တကယ္လို႔သာ NUG ရဲ ႔ ေအာင္ျမင္မႈေတြ တိုးလာရင္ သူက NUG ကို ဘယ္လိုမွ မ်က္ကြယ္ျပဳမွာ မဟုတ္ဘဲနဲ႔ တေလးတစား ဆက္ဆံလာေကာင္း လာမယ္။ ဥပမာ က်ေနာ္တို႔ ၿပီခဲ့တဲ့ ျပည္ပႏုိင္ငံေရး လႈပ္ရွားမႈမွာ အေစာပိုင္း ဆယ္စုႏွစ္ေတြမွာ ဘယ္လုိမွ က်ေနာ္တုိ႔စကားကို နားမေထာင္ဘဲနဲ႔ ၂၀၀၈ ဖြဲ႔စည္းပံု ၿပီးခါနီး ေရြးေကာက္ပြဲေတြ လာခါနီးမွာ က်ေနာ္တို႔နဲ႔ ျပည္တြင္းက NLD တိုိ႔ိကို တေလးတစား ဆက္ဆံလာတယ္။ အဲဒီေတာ့ တခ်ဳိ ႔က ႏုိင္ျမင္းကိုလည္း ၾကည့္ေနတဲ့သေဘာ။ သိပ္ေတာ့ မရိုးသားဘူး။ သို႔ေသာ္ NUG ဘက္ကလည္း ဒီထက္ပိုၿပီးေတာ့ ႀကိဳးစားဖို႔ လိုတယ္လို႔ က်ေနာ္ ထင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ေနာက္ဆံုးတခု ေမးခ်င္တာက အခုလို NUG အစိုးရရဲ ႔ ကိုယ္စားလွယ္ရံုး အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ ႔ေတာ္မွာ ဖြင့္လွစ္ၿပီးေတာ့ ရက္ပိုင္းအနည္းငယ္မွာပဲ ေျမာက္ပိုင္းတိုင္းရင္းသား အင္အားစုေတြကို တရုတ္ကေခၚၿပီး ေတြ႔ဆံုျခင္းသည္ NUG အစိုးရအေပၚ အဲဒီတိုင္းရင္းသားအဖြဲ႔ေတြရဲ ႔ ေထာက္ခံမႈ၊ တနည္းအားျဖင့္ အေမရိကန္ကို ကိုယ္စားျပဳတဲ့ရံုးထဲမွာ က်ေနာ္တို႔ ကိုယ္စားမျပဳပါဘူးဆိုတဲ့ ပံုစံမ်ဳိးနဲ႔ အဲဒီလို ကြဲလြဲမႈမ်ဳိး ျဖစ္လာႏုိင္မယ့္ အေျခအေန ရိွပါသလား။

ေျဖ ။ ။ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းေတြအေၾကာင္း ေျပာရတာ အင္မတန္မွ ရွဳပ္ေထြးတယ္၊ ေလးနက္တယ္။ က်ေနာ္လည္း ထဲထဲဝင္ဝင္ အစအဆံုး မသိဘူး။ သို႔ေသာ္လဲ ဒီအဖြဲ႔အစည္းေတြက ဖက္ဒရယ္ျပည္ေထာင္စု (သို႔မဟုတ္) ျပည္ေထာင္စုစနစ္ထဲမွာေနမယ့္ အဖြဲ႔အစည္းေတြ။ သို႔ေသာ္လဲ တရုတ္ရဲ ႔ လႊမ္းမုိးမႈ ဘယ္ေလာက္အထိ ႀကီးသလဲေတာ့ က်ေနာ္ မသိဘူး။ အေကာင္းဆံုး ျဖစ္လာေအာင္ေတာ့ ႀကိဳးစားႏိုင္ၾကပါေစလို႔ ဆုေတာင္းရမလို ျဖစ္ေနတဲ့ အေျခအေန ျဖစ္ပါတယ္။

ေမး ။ ။ အေကာင္းဆံုး ျဖစ္လာပါေစဆုိတာ တရုတ္္နဲ႔ အေမရိကန္ တဘက္စီ လိုက္ၿပီးေတာ့ အုပ္စုကြဲမသြားပါေစနဲ႔ေပါ့။

ေျဖ ။ ။ မွန္ပါတယ္။ ကိုယ့္ႏုိင္ငံအေရး ကိုယ့္လူမ်ဳိးအေရး၊ ကိုယ့္ေဒသအေရးကို နံပါတ္တစ္ ဦးစားေပးၾကည့္ - အေမရိကန္ျဖစ္ျဖစ္၊ တရုတ္ျဖစ္ျဖစ္ အျခားဟာေတြက ေဘးကအေနနဲ႔သာ ယူဆသင့္တယ္။ ဒါေၾကာင့္ ကိုယ့္အေရး ကိုုယ့္လူမ်ဳိးအေရး ကိုယ့္ေဒသအေရးကို ၾကည့္သင့္ၾကတယ္လို႔ ဆိုလိုျခင္း ျဖစ္ပါတယ္။

===== Unicode =====

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ NUG ရုံးဖွင့်လှစ်ပြီး အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့်တဲ့အထိ NUG ရဲ့ တိုးတက်အောင်မြင်မှုအပေါ် တရုတ်နိုင်ငံက ဘဝင်ကျပါရဲ့လား။ တရုတ်က သူ သြဇာလွှမ်းမိုးထားတယ်လို့ ယူဆခံနေရတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို တစုံတရာ ဖိအားပေးလာနိုင်ပါသလား။ ယခင် NCGUB အဝေးရောက်အစိုးရအဖွဲ့ဝင်လည်းဖြစ်တဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာ ဆွေးနွးသုံးသပ်ထားပါတယ်။

မေး ။ ။ တလောတုန်းက NUG အစိုးရရဲ့ ကိုယ်စားလှယ်ရုံး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ဖွင့်လှစ်ပြီး ရက်ပိုင်းအနည်းငယ်မှာပဲ တရုတ်အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေကို တွေ့ဆုံပါတယ်။ ဒီကိစ္စနှစ်ခုက သာမန်တိုက်ဆိုင်မှုလို့ ကျနော် မထင်ပါဘူး။ ဆရာ ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ NUG အပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးကို အမေရိကန်ဘက်က ထောက်ခံလာမှုတွေက ပိုတိုးလာတဲ့ဟာမှာ အခုရုံးဖွင့်နိုင်တဲ့ အနေအထားက နောက်ဆုံးအခြေအနေပေါ့။ သို့သော်လဲ NUG အပါအဝင်၊ နွေဦးတော်လှန်ရေးက (၂) နှစ်တိတိပဲ ရှိပါသေးတယ်။ တရုတ်ကတော့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးထိုးဖောက် အပိုင်စီးနေခဲ့မှုတွေကတော့ နှစ်အတော်ကြာကြာ ရှိခဲ့ပြီ။ သူကတော့ စီမံကိန်းအရှည်ကြီးနဲ့ ဆက်လက်ပြီးဆောင်ရွက်နေတယ်လို့ ကျနော် မြင်ပါတယ်။ သို့သော်လဲပဲ အခု အမေရိကန် နောက်ဆုံးထောက်ကူချိန်မှာ တရုတ်က အထူးကိုယ်စားလှယ် အဲဒီလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို လာတွေ့ခြင်းကတော့ အမေရိကန်ရဲ့ တိုးတက်လာမှုကို သူက တတ်နိုင်သလောက် ထိန်းချုပ်ချင်လို့ လာတယ်လို့တော့ ကျနော်တို့ ပြောလို့ ရနိုင်ပါတယ်။ အဲဒီတော့ တရုတ်က မြန်မာနိုင်ငံအပေါ်မှာ လွှမ်းမိုးထိန်းချုပ်လာတဲ့အထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေလည်း ပါတယ်။ စစ်တပ်ကိုယ်နှိုက်လည်း ပါတယ်။ စီးပွားရေးနေရာကတော့ ပြောစရာမရှိလောက်အောင် များတယ်။ ဆိုတော့ သူလုပ်နိုင်တာကို တရုတ်ဘက်က ကြိုးစားပြီတော့ လုပ်တယ်လို့ မြင်တယ်။ သူလုပ်နိုုင်တာက သူ့ရဲ့ ထောက်ကူမှု (သို့မဟုတ်) သူ့ရဲ့ ကူညီပံ့ပိုးမှု၊ သူ့ရဲ့ ဝိုင်းရံမှု။ အာမနာတမ်းပြောရရင် တချို့ဆိုရင် သူ့ရဲ့ ကြိုးဆွဲမှု ပါတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါလိမ့်မယ်။ ဒါတွေကို သူလာပြီတော့ သူဖြစ်ချင်တာကို ပြောတဲ့သဘော ဖြစ်ပါတယ်။

မေး ။ ။ အမေရိကန်က အကူအညီ ပိုပေးဖို့ လုပ်လာတဲ့အချိန်မှာ တရုတ်က သူ့ဘက်က ဆရာ အခုနပြောတဲ့ အဖွဲ့အစည်းတွေကို သူ့ဘက်မှာ ဆက်လက်ရှိနေစေချင်တယ်။ အမေရိကန်ဘက် ပါမသွားစေချင်ဘူးဆိုတော့ သူက ပါးစပ်နဲ့ လာတားတာလား။ သူတို့က အကူအညီ ပိုပေးမယ်ဆိုတဲ့ သဘောလား။ နင်တို့ အမေရိကန်နောက်ကို မလိုက်တဲ့ မင်းတို့ လိုချင်တဲ့ အကူအညီ ပိုပေးမယ်ဆိုတဲ့ သဘောမျိုးများ ပြသမယ့်အလားအလာ ရှိပါသလား။

ဖြေ ။ ။ ထွက်တဲ့သတင်းတွေနဲ့ တွေ့တဲ့အဖွဲ့အစည်းတွေရဲ့ တာဝန်ခံတွေ ပြောသမျှကတော့ အဲဒီလိုသဘောတော့ မပါဘူး။ သူတို့ကလည်း တော်တော်ထိန်ထိန်သိမ်းသိမ်း ပြောကြတဲ့သဘောဖြစ်တော့ မှန်းဆချက်ပဲ ကျနော်တို့ ရှိမယ်။ အဲဒီတော့ သေချာတာကတော့ တရုတ်က ငါတို့ အကူအညီ ပို့ပေးမယ်လို့တော့ ပြောတာ မထင်ဘဲနဲ့ မင်းတို့ စစ်တပ်ကို သွားမတိုက်ကြနဲ့လို့ တားတဲ့သဘော။ တနည်းအားဖြင့် စစ်တပ်ကို သက်သာရာ သက်သာကြောင်း လာပြီးတော့ တားတဲ့သဘော ဖြစ်ပြီတော့ မင်းတို့ကို ပိုအကူအညီပေးမယ်လို့တော့ ပြောမယ်မထင်ဘူး။ သို့သော်လဲ ဒါက ကျနော့် မှန်းဆချက်ပဲ ဖြစ်ပါတယ်။

မေး ။ ။ ကျနော်တို့လည်း ခင်များတို့ ဘာပြောကြသလဲဆိုတာတော့ ဘယ်လိုမှမေးလို့ မကောင်းဘူး။ သူကလည်း ဘယ်ပြောပါ့မလဲ။ ဒါပေမဲ့ ကျနော် စဉ်းစားမိတာက တရုတ်ကလည်း မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးနည်းမျိုးစုံ ရှိနေတော့ သူတို့ကလည်း အမြဲတမ်းပြောနေတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာဖို့က သူတို့အတွက် သိပ်အရေးကြီးတယ်။ ဒါမှ သူတို့အကျိုးစီးပွား ဖြစ်ထွန်းမယ်။ စီးပွားရေးလုပ်တဲ့ ကိစ္စတွေကအစ ပိုပြီးတော့ အဆင်ပြေမယ်ဆိုတော့ အမေရိကန်ကလည်း ထိုနည်းအတိုင်း လိုချင်တယ်။ မြန်မာနိုင်ငံပြဿနာ ငြိမ်းအေးဖို့ လိုချင်တယ်ဆိုတော့ နှစ်နိုင်ငံလုံးက မြန်မာနိုင်ငံ ပြဿနာတွေကို ပြေလည်စေချင်တယ်၊ ငြိမ်းအေးစေချင်တယ်ဆိုပေမဲ့ အဲဒီမြန်မာနိုင်ငံမှာ ပြိုင်တူထားတဲ့ စေတနာက သူတို့နိုင်ငံတွေရဲ့ ကွဲလွဲတဲ့ အကျိုးစီးပွားတွေကို ပိုပြီးတော့ ဦးစားပေးနေတယ်ဆိုရင်ကော။

ဖြေ ။ ။ ကျနော်လည်း အဲဒီလိုထင်တယ်။ မြန်မာနိုင်ငံကို အေးချမ်းစေချင်တယ်၊ တိုးတက်စေချင်တယ်။ ဒီမိုကရေစီတို့ ဖက်ဒရယ်တို့ ရစေချင်တယ်လို့ နှစ်နိုင်ငံလုံးက ဦးဆောင်ပြီးတော့ ရှေ့ဆောင်ဆောင်ရွက် လုပ်နေတဲ့ နိုင်ငံတွေက အမေရိကန်နဲ့ တရုတ်တို့ မရှိဘူးလို့ ယူဆပါတယ်။ တရုတ်ရဲ့ လတ်တလော တပတ်လောက်အတွင်းမှာ နိုင်ငံတကာ လှုပ်ရှားမှုစင်မြင့်မှာ ထူးခြားတဲ့ ဖြစ်စဉ်တွေ ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် တိုင်းရင်းသားအဖွဲ့အစည်းတွေကို လာတွေ့တဲ့ တချိန်တည်းမှာ နိုင်ငံခြားရေးဝန်ကြီးသစ်က အာဆီယံ ဂျာကာတာကို လာတယ်။ ဝမ်ယိက မော်စကိုကို သွားတယ်။ ဒီသုံးချက်ကို ကြည့်လိုက်ရင် ဒီသုံးချက်လုံးရဲ့ တရုတ်နိုင်ငံရဲ့ ပင်မလှုပ်ရှားမှုက အမေရိကန်ကို ရေရောဖို့ အမေရိကန်ရဲ့ အရှေ့တောင်အာရှနဲ့ တောင်အာရှ ဘင်္ဂလား-ပစ္စီဖိတ် ဒေသတွေမှာ အမေရိကန် ထိုးဖောက်လာတာကို တားဖို့ ကြိုးစားလာတာပဲ။ မော်စကိုကတော့ နည်းနည်း ရုရှား-ယူကရိန်းကိစ္စ ပါတာပေါ့။ အဲဒီလိုဖြစ်ပြီတော့ အမေရိကန်ကလည်း ဘင်္ဂလားနဲ့ ပစ္စီဖိတ် သမုဒ္ဒရာ စစ်ရေးနဲ့ လုံခြုံရေး အချက်အခြာကို အမေရိကန်ဘက်က စပြီတော့ လုပ်လာတယ်။ အရင်သမ္မတ ထရမ့်လက်ထက်ကတည်းက စလာတာ၊ အခုလည်း ဒီအတိုင်းပဲ။ အမေရိကန်က သူလုပ်စရာရှိတာကို ဆက်လုပ်တယ်။ ဒါကို တရုတ်က တတ်နိုင်ဆုံး သူလိုတာရအောင် ကြိုးစားပြီးတော့ အာဆီယံကိုလည်း လာဖျောင်းဖျတယ်။ အာဆီယံကို ဖျောင်းဖျတာလည်း မင်းတို့ ဘယ်ဘက်မှ မလိုက်နဲ့ဆိုတာမျိုး လာပြောတာ။ Independence ဆိုတဲ့ လွတ်လပ်တဲ့ ပေါ်လစီ ကျင့်သုံးကြဆိုပြီးတော့ ပြောတာ။ အမှန်တော့ အမေရိကန်နောက် မလိုက်နဲ့လို့ တားမြစ်တာ။ အဲဒီတော့ နှစ်နိုင်ငံလုံးက ဒီနေ့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီး နှစ်နိုင်ငံဖြစ်တော့ သူတို့ရဲ့ အားပြိုင်မှုထဲမှာ ကျနော်တို့ မြန်မာနိုင်ငံက ပါနေတော့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားထက် သူတို့နှစ်နိုင်ငံရဲ့ အကျိုးစီးပွားကို ဆောင်ရွက်နေကြတာပဲလို့ ကျနော် မြင်ပါတယ်။

မေး ။ ။ အခု အင်ဒိုနီးရှား ဦးဆောင်ပြီတော့ မြန်မာ့အရေး သူတို့လုပ်မယ့်ကိစ္စကို တရုတ်ကလည်း ထောက်ခံတဲ့သဘော ရှိတယ်။ တချိန်တည်းမှာ အမေရိကန်ကလည်း လက်ခံတယ်ဆိုတော့ သူတို့နှစ်နိုင်ငံစလုံးက အင်ဒိုနီးရှား ဦးဆောင်သော အာဆီယံမူနောက်မှာ ညီညီညာညာ လက်တွဲပြီး မလိုက်နိုင်ကြဘူးလား။ မြန်မာနိုင်ငံကို သူ့ဘက်ကိုယ့်ဘက်ဆိုပြီးတော့ ကွက်ပြီး လုချင်နေကြတဲ့ သဘောလား။ စဉ်းစားစရာ ဖြစ်မလာဘူးလား။

ဖြေ ။ ။ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကလည်း (၂) နှစ် ရှိသော်လဲပဲ ဘာမှ အရာမထင်ဘူး။ သို့သော်လဲပဲ ဥက္ကဋ္ဌနိုင်ငံ အပြောင်းအလဲမှာ ဒီ အင်ဒိုနီးရှား ဥက္ကဋ္ဌသက်တမ်းမှာ တစုံတရာများ ထိုးထွင်းတဲ့ ဆောင်ရွက်မှုများ ရှိလေမလား။ ဥပမာ အင်ဒိုနီးရှားက အကုန်လုံးကို တွေ့ချင်တယ်ဆိုတဲ့မူက အသစ်ဖြစ်ပြီးတော့ ဒါကိုလုပ်နိုင်ရင်တော့ တစုံတရာ ရှေ့ရောက်နိုင်တယ်။ စစ်တပ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တဘက်လှည့်တွေ့မယ်ဆိုတဲ့ အချက်ကတော့ ကောင်းတဲ့အချက်လို့ ကျနော် မြင်တယ်။ လက်တွေ့ဖြစ်မဖြစ်တော့ ကျနော်တို့ မပြောနိုင်သေးဘူး။

မေး ။ ။ ယူကရိန်းအရေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ကုလသမဂ္ဂမှာ ပေါ်ပေါ်ထင်ထင်လျှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆိုတော့ ရုရှားနဲ့တော့ NUG တို့ လုံးဝတဘက်စီ ဖြစ်သွားပြီလို့ ပြောရမှာပေါ့။ တရုတ်ကရော NUG ကို အဲဒီသဘောမျိုး မြင်ပါလား။ လုံးဝ သူတို့နဲ့ ဆန့်ကျင်ဘက်လို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မြင်သွားသလား။ ဒါလဲ နည်းနည်းစဉ်းစားစရာ ဖြစ်မယ်ထင်တယ်။ အဲဒီစကားကိုကော တရုတ်ရဲ့ NUG အပေါ်ထားတဲ့အပေါ် ဘယ်လောက်ထိ ရိုက်ခတ်မှု ရှိနိုင်ပါသလဲ။ NUG က ယူကရိန်း ကျူးကျော်မှုကို ရှုတ်ချလိုက်တဲ့ဟာ။

ဖြေ ။ ။ တရုတ်ကတော့ ရုရှားဘက်ကပါတာ သေချာသော်လဲ ဝမ်ယိ မော်စကိုမှာပြောတဲ့သဘောကတော့ အချုပ်အခြာအာဏာပိုင်မှုကို ရိုသေရမယ်ဆိုတဲ့ အချက်ကတော့ ကျနော့်အမြင် ကောင်းတဲ့အချက် ဖြစ်တယ်။ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို လေးစားရမယ်ဆိုတဲ့သဘော သက်ရောက်တယ်။ သို့သော် နောက်တဘက် ထပ်တွေးကြည့်လို့ရှိရင် တကယ်လို့ အမေရိကန်ကလည်း ယူကရိန်းကို စစ်ရေးအကူအညီတွေ တိုးပေးလာတယ်။ နောက် တရုတ်ကလည်း ခယမ်းမီးကျောက်တွေ ပေးတော့မယ်ဆဲဆဲ ဖြစ်နေတဲ့အချိန်မှာ - နောက်တခါ ကျနော်တို့ ဆွေးနွေးခဲ့သလို ဘင်္ဂလားနဲ့ ပစ္စီဖိတ်မှာ အမေရိကန်ရဲ့ တိုးချဲ့လာမှုအပေါ်မှာ တရုတ်ကလည်း သူ့ရဲ့ အချုပ်အခြာအာဏာ ပိုင်မှုကိုပါ လေးစားရမယ်လို့ ပြောလေသလားလို့တောင် ကျနော်တို့ တွက်ရမယ်။ ယူကရိန်းရဲ့ အချုပ်အခြာအာဏာ ပိုင်မှုလိုပဲ သူ့အချုပ်အခြာအာဏာပိုင်မှုကိုလည်း တားတဲ့သဘော နှစ်ခုဖြစ်နေတော့ကာ စဉ်းစားစရာပေါ့။ သို့သော်လဲ ကျနော်မြင်တာက NUG က ယူကရိန်းကို ထောက်ခံ၊ ရုရှားကို ကန့်ကွက်တဲ့အချက်အတွက်တော့ တရုတ်ကတော့ အကြီးအကျယ် စိတ်ဆိုးမယ်လို့တော့ ကျနော်က မထင်ဘူး။ ရုရှားကနေ ဗမာစစ်တပ်ကို ထောက်ခံနေမှုကတော့ လုံးလုံး တရုတ်က ရာနှုန်းပြည့် သဘောတူတယ်လို့တော့ ကျနော် မထင်ပါဘူး။

မေး ။ ။ ဒီနေရာမှာ မေးသင့်တယ်ထင်တဲ့ မေးခွန်းတခုက အမေရိကန်ကို NUG ဘက်က ချဉ်းကပ်မှုတွေ အများကြီးရှိတယ်။ ချဉ်းကပ်တဲ့အတိုင်းလည်း သူတို့က ထိရောက်မှု၊ အောင်မြင်မှု၊ တုံ့ပြန်မှုတွေ ရရှိတယ်။ အလားတူစွာပဲ NUG အစိုးရက တရုတ်ကိုကော မချဉ်းကပ်လေဘူးလား။ အဲဒါကို ဆရာ ဘာကြားပါသလဲ။ မချဉ်းကပ်သင့်ဘူးလား။

ဖြေ ။ ။ ကျနော် နားလည်သလောက် NUG ဘက်လည်း တရုတ်ကိုလည်း ဆက်ဆံရေး ကောင်းချင်တယ်။ ကမ်းလှမ်းမှုတွေ၊ ကြိုးစားမှုတွေ ရှိတာတော့ အမှန်ပဲ။ သို့သော်လဲ တရုတ်က အခုထိတော့ ဟက်ဟက်ပက်ပက် welcome ဆိုတဲ့ ကြိုဆိုမှု တချက်မှ မတွေ့သေးဘူး။ တကယ်လို့သာ NUG ရဲ့ အောင်မြင်မှုတွေ တိုးလာရင် သူက NUG ကို ဘယ်လိုမှ မျက်ကွယ်ပြုမှာ မဟုတ်ဘဲနဲ့ တလေးတစား ဆက်ဆံလာကောင်း လာမယ်။ ဥပမာ ကျနော်တို့ ပြီခဲ့တဲ့ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုမှာ အစောပိုင်း ဆယ်စုနှစ်တွေမှာ ဘယ်လိုမှ ကျနော်တို့စကားကို နားမထောင်ဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြီးခါနီး ရွေးကောက်ပွဲတွေ လာခါနီးမှာ ကျနော်တို့နဲ့ ပြည်တွင်းက NLD တိိုိ့ကို တလေးတစား ဆက်ဆံလာတယ်။ အဲဒီတော့ တချို့က နိုင်မြင်းကိုလည်း ကြည့်နေတဲ့သဘော။ သိပ်တော့ မရိုးသားဘူး။ သို့သော် NUG ဘက်ကလည်း ဒီထက်ပိုပြီးတော့ ကြိုးစားဖို့ လိုတယ်လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ နောက်ဆုံးတခု မေးချင်တာက အခုလို NUG အစိုးရရဲ့ ကိုယ်စားလှယ်ရုံး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ဖွင့်လှစ်ပြီးတော့ ရက်ပိုင်းအနည်းငယ်မှာပဲ မြောက်ပိုင်းတိုင်းရင်းသား အင်အားစုတွေကို တရုတ်ကခေါ်ပြီး တွေ့ဆုံခြင်းသည် NUG အစိုးရအပေါ် အဲဒီတိုင်းရင်းသားအဖွဲ့တွေရဲ့ ထောက်ခံမှု၊ တနည်းအားဖြင့် အမေရိကန်ကို ကိုယ်စားပြုတဲ့ရုံးထဲမှာ ကျနော်တို့ ကိုယ်စားမပြုပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ အဲဒီလို ကွဲလွဲမှုမျိုး ဖြစ်လာနိုင်မယ့် အခြေအနေ ရှိပါသလား။

ဖြေ ။ ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြောင်း ပြောရတာ အင်မတန်မှ ရှုပ်ထွေးတယ်၊ လေးနက်တယ်။ ကျနော်လည်း ထဲထဲဝင်ဝင် အစအဆုံး မသိဘူး။ သို့သော်လဲ ဒီအဖွဲ့အစည်းတွေက ဖက်ဒရယ်ပြည်ထောင်စု (သို့မဟုတ်) ပြည်ထောင်စုစနစ်ထဲမှာနေမယ့် အဖွဲ့အစည်းတွေ။ သို့သော်လဲ တရုတ်ရဲ့ လွှမ်းမိုးမှု ဘယ်လောက်အထိ ကြီးသလဲတော့ ကျနော် မသိဘူး။ အကောင်းဆုံး ဖြစ်လာအောင်တော့ ကြိုးစားနိုင်ကြပါစေလို့ ဆုတောင်းရမလို ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။

မေး ။ ။ အကောင်းဆုံး ဖြစ်လာပါစေဆိုတာ တရုတ်နဲ့ အမေရိကန် တဘက်စီ လိုက်ပြီးတော့ အုပ်စုကွဲမသွားပါစေနဲ့ပေါ့။

ဖြေ ။ ။ မှန်ပါတယ်။ ကိုယ့်နိုင်ငံအရေး ကိုယ့်လူမျိုးအရေး၊ ကိုယ့်ဒေသအရေးကို နံပါတ်တစ် ဦးစားပေးကြည့် - အမေရိကန်ဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ် အခြားဟာတွေက ဘေးကအနေနဲ့သာ ယူဆသင့်တယ်။ ဒါကြောင့် ကိုယ့်အရေး ကိုယ့်လူမျိုးအရေး ကိုယ့်ဒေသအရေးကို ကြည့်သင့်ကြတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

XS
SM
MD
LG