ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို ေထာက္ခံတဲ့အတြက္ တ႐ုတ္ႏိုင္ငံကို ေက်းဇူးတယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi ကေျပာပါတယ္။ အင္ဒိုနီးရွားႏိုင္ငံကိုေရာက္ရွိေနတဲ့ တ႐ုတ္ႏိုင္ငံေရးျခားေရးဝန္ႀကီး Qin Gang နဲ႔ ေတြ႕ဆုံအၿပီးမွာ၊ အင္ဒို ႏိုင္ငံျခားေရးဝန္ႀကီး Retno က အခုလို ေျပာတာပါ။ ဘုံသေဘာတူညီခ်က္၅ရပ္ကို တ႐ုတ္က ေထာက္ခံတဲ့အတြက္ အင္ဒိုနီးရွားႏိုင္ငံအေနနဲ႔ ေက်းဇူးတင္ေၾကာင္းေျပာဆိုၿပီး၊ ဒါဟာ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအက်ပ္အတည္းကို ကူညီေျဖရွင္းဖို႔ အာဆီယံရဲ႕ အဓိက ရပ္တည္ခ်က္ျဖစ္ပါတယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာခဲ့ပါတယ္။
အင္ဒိုနီးရွားဟာ အာဆီယံအလွည့္က်ဥကၠဌအျဖစ္ ျမန္မာႏိုင္ငံရဲ႕ အဓိကက်တဲ့ အစုအဖြဲ႕အားလုံးနဲ႔ ထိစပ္ဆက္ဆံသြားမယ္လို႔လည္း အင္ဒို ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသြားပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ႀကဳံလာရတဲ့ ႏိုင္ငံေရးအက်ပ္အတည္းကို ကူညီေျဖရွင္းဖို႔ အာဆီယံက အခ်က္၅ ခ်က္ပါ ဘုံသေဘာထားကို ခ်မွတ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီသေဘာတူညီခ်က္ကို ျမန္မာစစ္ေကာင္စီဖက္က လိုက္နာေဆာင္႐ြက္ဖို႔ ပ်က္ကြက္ေနတာေၾကာင့္ အာဆီယံအသင္းႀကီးက အေတာ္စိတ္ပ်က္လာတဲ့ပုံရွိပါတယ္။ ဒီ ၅ ခ်က္ဟာ အၾကမ္းဖက္မႈေတြကိုခ်က္ျခင္းရပ္တန႔္ၿပီး ေတြ႕ဆုံေဆြးေႏြးၾကဖို႔ အဓိက တိုက္တြန္းထားတာပါ။
ဒါေပမယ့္ ျမန္မာႏိုင္ငံတြင္း စစ္ေရးပဋိပကၡေတြ အရွိန္ျမင့္လာသလို၊ ျမန္မာစစ္ေကာင္စီကလည္း အတိုက္အခံနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြအေပၚ စစ္ဆင္ေရးေတြ တိုးျမႇင့္လာပါတယ္။ စစ္အုပ္ခ်ဳပ္ေရးသက္တမ္းကို တိုးျမႇင့္လိုက္သလို၊ အခုႏွစ္က်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာလည္း မေရမရာအေျခအေနမွာရွိလာပါတယ္။ တဖက္မွာေတာ့ ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္အေကာင္အထည္ေပၚလာဖို႔ အေမရိကန္ျပည္ေထာင္စုအပါအဝင္ အေနာက္ႏိုင္ငံေတြေရာ၊ တ႐ုတ္အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအမ်ားစုကပါ ေထာက္ခံထားၾကပါတယ္။
ၿပီးခဲ့တဲ့ ျမန္မာ့အေရးကုလသမဂၢလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္အမွတ္ ၂၆၆၉ မွာလည္း အာဆီယံ ဘုံသေဘာတူညီခ်က္ လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ တိုက္တြန္းထားတာပါ။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ အင္ဒိုနီးရွားႏိုင္ငံကို ေဖေဖာ္ဝါရီ ၂၁ရက္ေန႔ကေန ၂၃ ရက္ေန႔အထိေရာက္ရွိေနတာျဖစ္ၿပီး၊ ေဒသတြင္းအျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ေဒသ စည္းမ်ဥ္းစည္းကမ္း အၿပီးသတ္ခ်မွတ္ႏိုင္ေရးေဆြးေႏြးဖို႔ျဖစ္တယ္လို႔သိရပါတယ္။ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ ႏွစ္ႏိုင္ငံေခါင္းေဆာင္ႏွစ္ဦး ဘာေတြ အေသးစိတ္ေဆြးေႏြးလဲဆိုတာေတာ့ အတိအက်မသိရပါဘူး။
{Unicode}
အာဆီယံဘုံသဘောထားထောက်ခံမှု တရုတ်ကို အင်ဒိုကျေးဇူးစကားဆို
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံတဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံရေးခြားရေးဝန်ကြီး Qin Gang နဲ့ တွေ့ဆုံအပြီးမှာ၊ အင်ဒို နိုင်ငံခြားရေးဝန်ကြီး Retno က အခုလို ပြောတာပါ။ ဘုံသဘောတူညီချက်၅ရပ်ကို တရုတ်က ထောက်ခံတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ကျေးဇူးတင်ကြောင်းပြောဆိုပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံရဲ့ အဓိက ရပ်တည်ချက်ဖြစ်ပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ အစုအဖွဲ့အားလုံးနဲ့ ထိစပ်ဆက်ဆံသွားမယ်လို့လည်း အင်ဒို နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် ကြုံလာရတဲ့ နိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံက အချက်၅ ချက်ပါ ဘုံသဘောထားကို ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသဘောတူညီချက်ကို မြန်မာစစ်ကောင်စီဖက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေတာကြောင့် အာဆီယံအသင်းကြီးက အတော်စိတ်ပျက်လာတဲ့ပုံရှိပါတယ်။ ဒီ ၅ ချက်ဟာ အကြမ်းဖက်မှုတွေကိုချက်ခြင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ အဓိက တိုက်တွန်းထားတာပါ။
ဒါပေမယ့် မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာသလို၊ မြန်မာစစ်ကောင်စီကလည်း အတိုက်အခံနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် စစ်ဆင်ရေးတွေ တိုးမြှင့်လာပါတယ်။ စစ်အုပ်ချုပ်ရေးသက်တမ်းကို တိုးမြှင့်လိုက်သလို၊ အခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း မရေမရာအခြေအနေမှာရှိလာပါတယ်။ တဖက်မှာတော့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်အကောင်အထည်ပေါ်လာဖို့ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေရော၊ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံအများစုကပါ ထောက်ခံထားကြပါတယ်။
ပြီးခဲ့တဲ့ မြန်မာ့အရေးကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ မှာလည်း အာဆီယံ ဘုံသဘောတူညီချက် လက်တွေ့အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံကို ဖေဖော်ဝါရီ ၂၁ရက်နေ့ကနေ ၂၃ ရက်နေ့အထိရောက်ရှိနေတာဖြစ်ပြီး၊ ဒေသတွင်းအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ဒေသ စည်းမျဉ်းစည်းကမ်း အပြီးသတ်ချမှတ်နိုင်ရေးဆွေးနွေးဖို့ဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ဘာတွေ အသေးစိတ်ဆွေးနွေးလဲဆိုတာတော့ အတိအကျမသိရပါဘူး။