သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံအတွင်းရေးမှုးချုပ်နဲ့ ကုလအထူးကိုယ်စားလှယ်တို့ ဆွေးနွေး


အာဆီယံအတွင်းရေးမှုးချုပ် ဒေါက်တာ Kao Kim Hourn နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer တို့ အာဆီယံအတွင်းဝန်ရုံးမှာတွေ့ဆုံ
(ဧပြီလ ၆၊ ၂၀၂၃)
အာဆီယံအတွင်းရေးမှုးချုပ် ဒေါက်တာ Kao Kim Hourn နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer တို့ အာဆီယံအတွင်းဝန်ရုံးမှာတွေ့ဆုံ (ဧပြီလ ၆၊ ၂၀၂၃)

အာဆီယံအတွင်းရေးမှုးချုပ် ဒေါက်တာ Kao Kim Hourn ဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ အာဆီယံအတွင်းဝန်ရုံးမှာ ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေထဲ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရေးနဲ့ အာဆီယံ အလှည့်ကျဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အတူ လက်တွဲ ဆောင်ရွက်ရေးကိစ္စရပ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ ချမှတ်ခဲ့ကြတာကြောင့် အခုဆိုရင် ၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက အကူအညီလိုအပ်နေသူတွေအတွက် အာဆီယံအဖွဲ့က လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးခဲ့တဲ့ အခြေအနေတွေကိုလည်း အတွင်းရေးမှုးချုပ် ဒေါက်တာ Kao Kim Hourn က တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အကူအညီပေးတဲ့ အစီအစဉ်တွေကိုတော့ အာဆီယံအတွင်းရေးမှုးချုပ်က အာဆီယံအဖွဲ့ရဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရေး ပူးပေါင်း ဆောင်ရွက်ရေးမှုးအဖြစ် တာဝန်ယူပြီး အာဆီယံအဖွဲ့ရဲ့ အရေးပေါ် ကူညီ ကယ်ဆယ်ရေးဌာနနဲ့ ပူးတွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အာဆီယံ အတွင်းဝန်ရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးပေးမှုတွေနဲ့ မြန်မာ့အရေးမှာ အာဆီယံက ဦးဆောင်ဖြေရှင်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း အာဆီယံအတွင်းရေးမှုူးချုပ်က Noeleen Heyzer နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}







XS
SM
MD
LG