သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook ကုမ္ပဏီ META ကို နစ်နာကြေး လျော်ကြေးပေးဖို့ AI အဖွဲ့တောင်းဆို


ရိုဟင်ဂျာတွေအပေါ် ရန်လိုသတ်ဖြတ်နိုင်တဲ့အထိ အမုန်းပွားစေမယ့် မမှန်သတင်းအချက်အလက်ဖြန့်ဝေမှုတွေကို ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေ ကာကွယ်ပေးမှုမရှိဘဲ ထပ်ဆင့်ဖြန့်ဝေပေးခဲ့တဲ့အတွက် Facebook ကုမ္ပဏီ META ကို နစ်နာကြေးပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကတောင်းဆိုလိုက်ပါတယ်။

Facebook ကုမ္ပဏီ META ကို နစ်နာကြေး လျော်ကြေးပေးဖို့ AI အဖွဲ့တောင်းဆို

ရိုဟင်ဂျာတွေအပေါ် ရန်လိုသတ်ဖြတ်နိုင်တဲ့အထိ အမုန်းပွားစေမယ့် မမှန်သတင်းအချက်အလက်ဖြန့်ဝေမှုတွေ ပို့စ်စာသားတွေကို ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေ ကာကွယ်ပေးမှုမရှိဘဲ ထပ်ဆင့်ဖြန့်ဝေပေးခဲ့တဲ့အတွက် Facebook ရဲ့ ကုမ္ပဏီ META ကို နစ်နာကြေး လျော်ကြေးပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကတောင်းဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ ကြုံရတဲ့ ဘာသာရေးလူမျိုးရေးအသွင်ဆောင် အကြမ်းဖက်မှုတွေမှာ Facebook လူမှုကွန်ရက်ကတဆင့် သွေးထိုးလှုံ့ဆော်ခွင့် ပြုခဲ့တယ်ဆိုပြီးလည်း Facebook ရဲ့ ပင်မ ကုမ္ပဏီ Meta ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက အိုင်ယာလန်နိုင်ငံမှာ တရားစွဲဆိုထားပါတယ်။ ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှု နဲ့ လူမျိုးတုံးအောင်လုပ်ဆောင်မှု ဆိုင်ရာစွပ်စွဲချက်တွေကို အထောက်အကူဖြစ်နိုင်တဲ့ သန်းနဲ့ချီတဲ့ အချက်အလက်တွေကို Facebook က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်စွာစုံစမ်းစစ်ဆေးရေး ယန္တယား IIMM ကို ပေးအပ်ခဲ့ပါတယ်။ ဒီလို Facebook ရဲ့ တာဝန်မကင်းမှုတွေကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုအထိ ရင်ဆိုင်ခဲ့ရတဲ့အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့သဘောထား မဆုမွန် စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG