သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို အကူအညီဆက်ပေးကြဖို့ ကုလမဟာမင်းကြီး တိုက်တွန်း


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြောကြားနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) (အောက်တိုဘာ ၁၇၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြောကြားနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) (အောက်တိုဘာ ၁၇၊ ၂၀၂၃)

ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်ပြီးကူညီပေးကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က အင်္ဂါနေ့ ထိုင်းနိုင်ငံက ဦးစီးကျင်းပတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ဆိုင်ရာ အဆင့်မြင့် အရာရှိများဆွေးနွေးပွဲမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရော တခြားနိုင်ငံတွေမှာပါ ခိုလှုံနေရတာ ဖြစ်ပြီး အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာတွေကပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) ဟာ တနင်္ဂနွေနေ့မှာ ထိုင်းတောင်ပိုင်းက ထန်ဟင်းဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေကို အားပေးစကားပြောခဲ့သလို့အင်္ဂါနေ့မှာတော့ ထိုင်းနိုင်ငံက ဦးစီးကျင်းပတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ဆိုင်ရာ အဆင့်မြင့် အရာရှိများ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မဟာမင်းကြီးက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာက အကူအညီတွေပေးဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

"နိုင်ငံတကာမှာ အကြပ်အတည်းပဋိပက္ခ တွေအများကြီး ဖြစ်ပွားနေတဲ့ အထဲက ရိုဟင်ဂျာအရေးကိစ္စ ဟာလည်း အာရုံပြောင်း မေ့ထားလို့မရတဲ့ အရေးဖြစ်ပါတယ်။ ကမ္ဘာမှာ အကျပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာပဲ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်ပြီး ကူညီပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ပြောသွားတာ ဖြစ်ပါတယ်။"

နိုင်ငံတကာမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ကျဆင်းလာနေတာ တွေ့ရတဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်နဲ့ သူတို့ကို လက်ခံဆောင်ရွက်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေအတွက်လည်း စိုးရိမ်ပူပန်တယ် လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံက ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ (Burmese Rohingya Association in Thailand) BRAT အဖွဲ့က နိုင်အာလီကတော့ ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာတွေမှာလည်း အခက်အခဲတွေ အများအပြား ကြုံတွေ့နေရ တယ်လို့ ပြောပါတယ်။

"ကျနော်တို့ထိုင်းမှာလာနေတော့ အဖမ်းခံထားရတာ ၇ နှစ်- ၈နှစ်ရှိပြီ။ လူပေါင်း လေးရာ ငါးရာကျော်ရှိတယ် ၊ ၇နှစ်ရှိပြီ။ ထိုင်းနိုငံမှာပေါ့ ။ကျနော်တိုလူတွေက လူဦးရေ ၃၅၀၀ ကနေ ၄၀၀၀ လောက်ရှိတယ် ၊ အဲဒီလူတွေက ထိုင်းမှာ အထောက်အထား လက်မှတ်လုပ်လို့ မရဘူး၊ ထိုင်းက အလုပ်သမားလက်မှတ်လုပ်လို့မရဘူး၊ UN ကလည်း လက်မခံဘူး၊ မြန်မာပြည်ကိုလည်း ပတ်စပို့ပြန်လုပ်လို့မရဘူး၊ ဒါကတော့ အတော်ခက်နေတယ်။ ဘာပဲပြောပြော ကျောင်းတက်ဖို့ အလုပ်အကိုင်တွေရှာဖို့ ဆေးရုံဆေးခန်းတွေ သွားဖို့အဲဒါတွေလုပ်မရဘူး အဲဒါတွေက အရေးကြီးတဲ့ အချက်တွေပါ"

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြောကြားနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) (အောက်တိုဘာ ၁၇၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြောကြားနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) (အောက်တိုဘာ ၁၇၊ ၂၀၂၃)

အခုဆိုရင်မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေရှ့်မှာလည်း အများအပြားရှိနေပြီး အဲဒီဒုက္ခသည်စခန်းကနေ လှေစီးပြေးလာတဲ့ ရိုဟင်ဂျာတွေ ၇၀ လောက် မကြာသေးခင်ကပဲ အင်ဒိုနီးရှားနိုင်ငံဘက်ကို ရောက်သွားတယ်လို့လည်း ပြောပါတယ်။ ဒါဟာ ဘင်္ဂလားဒေရှ်ဒုက္ခသည်စခန်းမှာ မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ နေထိုင်ရတာကြောင့်လို့လည်း နိင်အာလီက ပြောပါတယ်။

"တလမှာ ၉ဒေါ်လာနဲ့ လူတယောက်က ဘယ်လိုနေရမလဲ ၊ ပြီးတော့လူလိုအေးဆေးမနေရဘူး၊ တယောက်နဲ့တယောက် ထုလိုက်သတ်လိုက်ဖြတ်လိုက်ကြနဲ့ ပလစ်စတစ်မိုးကာ တွေအောက်မှာ ဘယ်နှစ်နှစ်နေရမလဲ ၊ လမ်းကြောင်း တခုမတွေ့ ဘူးလေ၊ ဘယ်နှစ်နှစ်နေရမလဲ ၊ လမ်းထွက်လို့မရဘူး၊ ဆယ်နှစ်နေလို့ကိုယ့်နိုင်ငံ ပြန်ရမယ်ဆို မျှော်လင့်ချက်ရှိသေးတယ်၊ အခုကတော့ မျှော်လင့်ချက်မရှိကြဘူးလေ"

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ၂၀၁၇ ခုနှစ် ဩဂုတ်လနောက်ပိုင်းမှာ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေ အိမ်နီးချင်းဘင်္ဂလာဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံကြတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်ယူမယ်လို့ မြန်မာဘက်က ကတိပေးထားပေမယ့် အခုထိတော့ အကောင်ထည် မပေါ်သေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက် တနိုင်ငံလုံး အတိုင်းအတာနဲ့ မငြိမ်းချမ်းနိုင်တဲ့ အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းကြဖို့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ရတ်ချနာဘူရီ (Ratchaburi) ခရိုင်က ထန်ဟင်း ယာယီဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က ပန်ကြားခဲ့တာပါ။ ဒီဒုက္ခသည်စခန်းမှာ ကရင်တိုင်းရင်းသား အများစုပါဝင်တဲ့ ဒုက္ခသည် ၅,၀၀၀ ရှိပြီး တချို့က စခန်းမှာ နေထိုင်နေကြရတာ နှစ်အစိတ်သုံးဆယ်ရှိပေမယ့် ခုထိ နေရပ်ရင်း မပြန်နိုင်ကြသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG