သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလက်ထောက်အတွင်းရေးမှူးချုပ် ရိုဟင်ဂျာဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု


ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Unaisi Lutu Vuniwaqa ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဒီကနေ့(စက်တင်ဘာ ၂၇) သွားရောက်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းအတွင်းက အခြေအနေတွေကို စောင့်ကြည့် တာဝန်ယူနေကြတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးဆိုင်ရာ ကော်မရှင်နာ Mizanur Rahman က ပြောပါတယ်။

ဒီကနေ့ အစောပိုင်းတုန်းကတော့ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည်ခစန်းတွေရဲ့ လုံခြုံရေး အခြေအနေတွေကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတွေဟာ မကြာသေးခင် ကာလတွေအတွင်းမှာ ဆိုးရွားလာနေတာပါ။

ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Unaisi Lutu Vuniwaqa
ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Unaisi Lutu Vuniwaqa

ဒီကိစ္စနဲ့ပတ်သက်လို့ ဒုက္ခသည်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့အစည်းတွေအကြားမှာလည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အဆင့်မြင် တာဝန်ရှိသူတဦးအနေနဲ့ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက လုံခြုံရေးအခြေအနေတွေကို လာရောက် ကြည့်ရှု၊ ဆွေးနွေးမှုပြုလုပ်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG