သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ ရိုဟင်ဂျာအမှု အမြန်ပြီးပြတ်အောင်လုပ်ဖို့ ဘင်္ဂလားဒေ့ရ်ှတောင်းဆို


ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen

နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာက မြန်မာနိုင်ငံကိုစွဲဆိုထားတဲ့ လူမျိုးသုဥ်း သတ်ဖြတ်မှု မြန်မြန်ပြီးနိုင်အောင် အစ္စလာမ်မစ်တိုင်းပြည်များအဖွဲ့ (OIC) ဝင် နိုင်ငံတွေအနေနဲ့ သူတို့ရဲ့အရင်းအမြစ်တွေကိုအသုံးပြုကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်ပိုင် BSS သတင်းဌာနက ပြောပါတယ်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဘေးပန်းအစည်းအဝေးအဖြစ်ကျင်းပတဲ့ အိုအိုင်စီ ဆက်သွယ်ရေးအဖွဲ့မှာ ဒေါက်တာ အေကေ အက်ဗ်ဒူ မိုမန် (Dr AK Abdul Momen) က အင်္ဂါနေ့က တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ သတင်းထုတ်ပြန်ချက် မှာ ပြောထားတာပါ။ လုံခြုံစိတ်ချ၊ ကိုယ့်သဘောအလျောက် ရေရှည်တည်တံ့တဲ့ အိမ်အပြန်ဖြစ်ဖို့အတွက် အခြေအနေကောင်းတရပ်ကို အစုအပေါင်းသဘော မြန်မာနိုင်ငံတွင်းမှာ ဖန်တီးကြဖို့ အိုအိုင်စီအဖွဲ့ဝင်တိုင်းပြည်တွေကို သူက တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာ အကြပ်အတည်းအတွက် အမြဲတမ်း အဖြေရရှိရေးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်းဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အိမ်ပြန်ရေးဖြစ်စဥ်နဲ့ပတ်သက်လို့ မရေမရာတွေ ဖြစ်နေတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မချင့်မရဲဖြစ်နေပြီး ဒုက္ခသည်စခန်း အခြေအနေက ဥပဒေစိုးမိုးရေး ယိုင်နဲ့လာတယ်လို့ သူက ဆိုပါတယ်။ ဒါဟာ ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်လာနေတယ်လို့ သူက ပြောသွားပါတယ်။

ဂမ်ဘီယာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် အမှုတင်ခဲ့တာအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ချီးမွမ်းစကားဆိုလိုက်ပါတယ်။ နယ်သာလန်၊ ယူကေ၊ ဂျာမဏီ၊ ပြင်သစ်တို့ကလည်း ဥပဒေအရ တရားစွဲဆိုရာမှာ သူတို့ ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားတာကိုလည်း ပြောထားကြပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG