သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Meta ကုမ္ပဏီကို အိုင်ယာလန်နိုင်ငံမှာ ရိုဟင်ဂျာတွေ တရားစွဲ


Meta Logo
Meta Logo

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတွေမှာ Facebook လူမှုကွန်ယက်က တဆင့် အဓိက သွေးထိုးမှုတွေ ရှိခဲ့တယ်ဆိုပြီး Facebook ရဲ့ ပင်မ ကုမ္ပဏီ Meta ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက အိုင်ယာလန်နိုင်ငံမှာ တရားစွဲဆိုလိုက်ပါတယ်။ Meta ကုမ္ပဏီ ဌာနချုပ်ခွဲ တည်ထောင်ထားတဲ့ အိုင်ယာလန် နိုင်ငံ Dublin မြို့ အခြေစိုက် ဥပဒေ အကျိုးဆောင်ရုံး နှစ်ခုက ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည် ၁၇ ယောက်ရဲ့ ကိုယ်စား Meta ကုမ္ပဏီကို ပြီးခဲ့တဲ့ သတင်းပတ်မှာ တရားစွဲဆိုထားတာပါ။

ရိုဟင်ဂျာ ၇ သိန်းလောက် မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် Facebook ကို အသုံးချ အမုန်းတရားတွေ ဖြန့်ဝေအသုံးချခဲ့တဲ့အကြောင်း ကုလသမဂ္ဂ စုံစမ်းရေးမှုးတွေကလည်း ၂၀၁၈ ခုနှစ်ကတည်းက ပြောဆိုထားပါတယ်။ မြန်မာစစ်ကောင်စီဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို မြန်မာနိုင်ငံသားအဖြစ်လည်း အသိအမှတ်မပြုတဲ့အပြင် ဒုက္ခသည်ပြန်လည် လက်ခံရေး အစီအစဉ်တွေလည်း နှစ်နဲ့ချီ အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးပါဘူး။

ရိုဟင်ဂျာတွေအပေါ် ဆန့်ကျင်တဲ့ အမုန်းတရားဖြန့်ဝေတာတွေ ဟန့်တားရာမှာ Facebook ကိုယ်တိုင် အချိန်မှီတားမြစ်နိုင်ခဲ့ခြင်း မရှိဘူးဆိုတာကို ၂၀၁၈ ခုနှစ်က ဝန်ခံခဲ့ဖူးပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဒေါ်လာ သန်းထောင်ပေါင်း ၁၅၀ ပေးလျော်ဖို့ Facebook ကုမ္ပဏီကို တရားစွဲဆိုခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အမေရိကန် ဆက်သွယ်ရေး ဥပဒေပါ တခြားသူတွေ တင်ပြတဲ့အကြောင်းအရာကို ပြန်လည် ဖြန့်ဝေခွင့်ရှိတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အပါအဝင် တခြားအကြောင်းကြောင်းကြောင့် တရားစွဲဆိုတာကို ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ အခု အိုင်ယာလန်မှာ စွဲဆိုထားတဲ့ အမှုကိုတော့ လက်ခံစစ်ဆေးမယ် မစစ်ဆေးဘူးဆိုတာ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG