သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ၆ နှစ်ပြည့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ဆန္ဒပြ


ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော် (သြဂုတ် ၂၅၊ ၂၀၂၃)
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော် (သြဂုတ် ၂၅၊ ၂၀၂၃)

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့်နေ့မှာ အကြီးမားဆုံး နယ်စပ်ဆန္ဒပြပွဲအဖြစ် ရိုဟင်ဂျာဒုက္ခသည် တစ်သောင်းပါဝင်ခဲ့ကြပါတယ်။ မြန်မာပြည်ကနေထွက်ပြေးခဲ့ရတဲ့ ဒီလူမျိုးတုန်းသတ်ဖြတ်မှု ၆ နှစ်ပြည့်တဲ့ ဒီနေ့မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေတလျှောက် မိုးထဲရေထဲ အခုလို ဆန္ဒပြခဲ့ပြီး၊ ရထိုက်တဲ့ လူသားအခွင့်အရေးတွေနဲ့အတူ လုံလုံခြုံခြုံ အိမ်ပြန်ချင်တယ်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်မှာ ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်မှာ ဆက်ခိုလှုံနေတဲ့ ဒီဒုက္ခသည်ပေါင်း ၁ သန်းဝန်းကျင် ရှိလာချိန်၊ ဒီနှစ်ထဲ ဒုက္ခသည် အကူအညီဘတ်ဂျက် လျှော့ချခံရတဲ့အပြင် အာဟာရမပြည့်စုံမှုလည်း အကြီးအကျယ်ဆက်ဖြစ်နေချိန်မှာ ခုလို အကြီးအကျယ်ဆန္ဒပြခဲ့ကြတာပါ။ အခုလို ဘတ်ဂျက်လျှော့ချလိုက်တာကြောင့် ကုလသမဂ္ဂအနေနဲ့ ဒီဒုက္ခသည်တစ်ဦးအတွက် တလအကူအညီပေးငွေကို အခုတော့ အများဆုံး ၈ ဒေါ်လာအထိ လျော့ချသုံးစွဲနေရချိန်မှာ၊ စခန်းတွင်း ရာဇဝတ်မှုတွေလည်း ထူပြောလာနေပါတယ်။ အခုလိုအချိန်မှာ နေရပ် မြန်မာဘက်ကို ပြန်ဖို့ အစီအစဉ်တွေကလည်း တိုးတက်မှုမရှိသေးဘဲ မရေမရာ ဆက်ဖြစ်နေတာကြောင့် ဒုက္ခသည်အများအပြား စိတ်ပျက်လက်ပျက် ခံစားနေရတယ်လို့ ဒုက္ခသည်စခန်း ခေါင်းဆောင်တွေက ပြောနေကြပါတယ်။

ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Kamal Hussain က မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့ သူတို့အနေနဲ့ ဒီအခွင့်အရေးပြန်ရဖို့ တောင်းဆိုတာ အဆန်းမဟုတ်ဘူး၊ ဒါပေမဲ့ သူတို့နာမည်ကို တဖြည်းဖြည်းဖျောက်ပစ်ဖို့ ကြိုးပမ်းတာခံနေရတယ်လို့ AFP သတင်းဌာနကို ဒီနေ့ ပြောခဲ့ပါတယ်။ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အရင် မြန်မာအစိုးရတွေနဲ့ လက်ရှိ စစ်ကောင်စီဘက်က တရားဝင်လက်မခံခဲ့ဘဲ ဘင်္ဂါလီလို့သာ သုံးစွဲခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG