သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအကျပ်အတည်းဖြေရှင်းရေး ပြစ်မှုကျူးလွန်သူတွေ အရေးယူဖို့လိုအပ်  

ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။
ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။

ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရေး နိုင်ငံတကာအကူအညီတွေခိုင်မာအားကောင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီး Masud Bin Momen က တိုက်တွန်းလိုက်ပါတယ်။ OIC အစ္စလမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ပူးပေါင်းကိုယ်စားလှယ်အဖွဲ့တို့ ဒါကာမြို့တော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီးတို့ တွေ့ဆုံပြီး ရိုဟင်ဂျာအကျပ်အတည်းဆွေးနွေးချိန်မှာ သူက အဲဒီလိုတိုက်တွန်းခဲ့တာပါ။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးနဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မွေးရပ်မြေ၊ မြန်မာ ဒါမှမဟုတ် တတိယနိုင်ငံကို ပြန်လည်နေရာချထားရေးဟာ ရိုဟင်ဂျာ အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းသာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ပြောပါတယ်။

ရိုဟင်ဂျာတွေကို နေရပ်ပြန်မပို့နိုင်သေးခင်အထိ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ဆက်လက်ပေးသွားဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က OIC-UNHCR ပူးတွဲကိုယ်စားလှယ်အဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

This item is part of
XS
SM
MD
LG