သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေအတွက် အရေးယူနိုင်ရေး ကုလမဟာမင်းကြီးတိုက်တွန်း 


ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးလောင်ခဲ့စဉ် (မတ်လ၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးလောင်ခဲ့စဉ် (မတ်လ၊ ၂၀၂၃)

ရိုဟင်ဂျာတွေအပေါ် ထပ်ခါတလဲလဲ ဖိနှိပ်ညှဥ်းပမ်းနေတဲ့ မြန်မာစစ်ကောင်စီတပ်ကို အရေးယူနိုင်ဖို့ အပြင် နိုင်ငံတဝှမ်းလူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ လူသားတွေ အတိဒုက္ခရောက်အောင် ဆောင်ရွက်နေတာတွေတားဆီးဖို့ ဒီထက်ပိုပြီး ထိထိရောက်ရောက်ဆောင်ရွက်ဖို့လိုတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Volker Turk က ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်။ ရိုဟင်ဂျာတွေအပါအဝင် တခြားလူနည်းစုဝင်တွေအပေါ် အတိတ်မှာရော လက်ရှိမှာပါ ကျူးလွန်နေတဲ့ ရာဇဝတ်ပြစ်မှုတွေကနေ လွတ်ကင်းခွင့်ရထားတဲ့ မြန်မာစစ်ကောင်စီတပ်အပေါ် အရေးယူဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အားလုံးအနေနဲ့ ဝိုင်းဝန်းထောက်ခံကြဖို့လည်း Volker Turk က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေ လွတ်လပ်စွာ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ပြီး တခြား လူမျိုးစုတွေနည်းတူ အသိအမှတ် ပြုခံရဖို့ဟာ သူအလိုလားဆုံး ဆန္ဒဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေကို ကူညီလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင်၊ မြန်မာနဲ့ ၂ နိုင်ငံလုံးက ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူ ရိုဟင်ဂျာတွေကို ငွေကြေးအရရော အဖက်ဖက်ကနေ ထောက်ပံ့ပေးဖို့လည်း ကော်မရှင်နာမင်းကြီး Turk က မေတ္တာရပ်ခံပါတယ်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရွာပေါင်း ၃၀၀ ကျော် ဖျက်ဆီးခံခဲ့ရသလို ရိုဟင်ဂျာ ၇ သိန်းကျော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတာပါ။ လူမျိုးတုံးသတ်ဖြတ်မှုလို့ စွပ်စွဲထားတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ မွေးကာစကလေးငယ် ၁ သောင်းလောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG